9.10.2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လေ့လာသူအဖြစ် တက်ရောက်နေကြတဲ့ တိုင်း ရင်း သားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားတို့ ဒီနေ့ သီးသန့်တွေ့ဆုံဆွေးနွေးခြဲ့ ကပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးရာမှာ အစိုးရနဲ့ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်အခတ် ရပ်စဲထားပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေ ကို ဆွေးနွေးဖြစ်တယ်လို့ ကရင်အမျိုး သား အစည်းအရုံး (KNU) ရဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက RFA ကို ပြောပါတယ်။
"တချို့တိုင်းရင်းသားဘက်မှာကျတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးတော့ တိုက်ပွဲဖြစ်တဲ့ကိစ္စတွေကို တင်ပြဆွေးနွေးတယ်၊ ကျနော်တို့ဖြစ်စေချင်တဲ့ဆန္ဒတွေ
တင်ပြပါတယ်၊ သူတို့က နှစ်ဖက်စလုံးက ယုံကြည်မှုအပြည့်အဝ
မရှိသေးတဲ့အချိန်မှာ ကိုယ့်လုပ်ဆောင်မှုကလည်း ဒီယုံကြည်မှုကို
အားဖြည့်ပေးတဲ့ အနေအထား မဟုတ်လို့ရှိရင်တော့ တိုက်ပွဲဖြစ်နေမှာပဲ၊ ဒါက
သူတို့ရဲ့သုံးသပ်ချက်"
ကုလသမဂ္ဂအနေနဲ့ လေ့လာပြီး အကြံပြုနိုင်တဲ့အဆင့်သာရှိေ ကြာင်း မိမိတို့တိုင်းပြည်ကိစ္စတွေကို တိုင်းရင်း သားအဖွဲ့တွေအားလုံးကသာ ဖြေရှင်းသွားရမှာဖြစ်တယ်လို့  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကပြောကြောင်း သိရပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က လေ့လာသူအဖြစ် တက်ရောက်နေတာပါ။
No comments:
Post a Comment