address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, October 29, 2013

“၀” နှင့်မိုင်းလား လိုင်ဇာညီလာခံ မတက်ရောက်နိုင်



29.10.2013

“၀” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလား(NDAA)က ခေါင်းဆောင်များ ကျန်းမာရေး အခြေအနေအရ လိုင်ဇာမြို့တွင်ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ ညီလာခံ သို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း အကြောင်းကြားလာသည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားကမဇ္ဈိမကို ပြောသည်။

"၀" အဖွဲ့က ညီလာခံတက်မယ့် ခေါင်းဆောင်တွေ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အကြောင်းပြတယ်။ မိုင်းလားကလည်း ခေါင်းဆောင်တွေ ကျန်းမာရေးမကောင်းတာနဲ့ အခြားအကြောင်းအရာတွေရှိလို့ဆိုပြီး ပြောလာတယ်”ဟု ၎င်းကပြောသည်။

မိုင်းလား (ခေါ်) အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) အဖွဲ့မှ ခေါင်းဆောင်တစ်ဦးအား မဇ္ဈိမကဆက်သွယ်မေးမြန်းခဲ့ရာ တက်ရောက်နိုင်မည်မဟုတ်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထိုညီလာခံသို့ လက်နက်ကိုင်အဖွဲ့ပေါင်း ၁၉ ဖွဲ့အား ဖိတ်ခေါ်ထားသော်လည်း မိုင်းလားနှင့် “၀”အဖွဲ့များ မတက် ရောက်နိုင်သဖြင့် KIO အပါအ၀င် လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့မှ ခေါင်းဆောင်များသာ တက် ရောက်မည်ဖြစ်သည်။

ထိုညီလာခံသို့တက်ရောက်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ၁၁ ဦးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့သို့ အောက်တိုဘာလ ၂၈ ရက် မွန်းလွဲပိုင်း ၁၂ နာရီချိန်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဦးဒွဲပီဆားက မဇ္ဈိမကိုပြောသည်။

“ဒီနေ့က UNFC က အဖွဲ့တွေ ၁၁ ဦး ရောက်လာပြီ။ မနက်ဖြန်တော့ ၃၂ ဦး ရောက်လာမယ်။ သူတို့ကို ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က အဖွဲ့တွေနဲ့အတူ ရောက်လာမယ်” ဟု ၎င်းက ဆက်ပြော သည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ညီလာခံကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက် အထိတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲနှင့်ပတ်သက်၍ တိုင်းရင်း သားခေါင်းဆောင်များ တွေ့ဆုံကြမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment