address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, October 29, 2013

လိုင်ဇာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပူးတွဲ အပစ်အခတ် ရပ်စဲ မှု စောင့်ကြည့်ရေး အ ဖွဲ့များ ဖွဲ့ရန် ဆွေးနွေးမည်ဟု ကေအင်န်ယူပြော

29.10.2013

လိုင် ဇာငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီး လေးလအတွင်း နိုင်ငံရေး တွေ့ ဆုံဆွေးနွေး ပွဲကျင်းပရန်နှင့် ပူးတွဲအပစ်အခတ်ရပ်စဲမှုစောင့် ကြည့်ရေးအဖွဲ့ များ ဖွဲ့ရန်တို့ကို ဆွေးနွေး မည်ဖြစ်ကြောင်း ကေ အင်န်ယူမှ ပဒိုစောကွယ် ထူးဝင်း က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။

အောက်တိုဘာ၃ဝရက်တွင် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာ မြို့၌ကျင်းပမည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ် စဲရေး လက်မှတ်ရေးထိုးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး ပွဲတွင် ကေအင်န်ယူနှင့် အာရ်စီ အက်စ်အက်စ်တို့က အဆိုပါအ ချက်များကို အဓိကထားဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

''လက်ရှိအနေအထားမှာ အပစ်အခတ်ရပ်စဲရေးကို လက် မှတ်ထိုးထား ကြပေမယ့် တချို့နေ ရာတွေမှာ တိုက်ပွဲဖြစ်နေတာတွေ၊ နှစ် ဖက်တင်း မာတာ မျိုးတွေ ရှိနေပါသေးတယ်။ အဲဒါမျိုးတွေ ကနေ မလိုလားအပ်တဲ့ တိုက်ပွဲ တွေမဖြစ်ရအောင် နှစ်ဖက် ပါဝင် တဲ့အပြင် နိုင်ငံရေးပါတီများပါ ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး ကိုစောင့်ကြည့်တဲ့အဖွဲ့တွေ ဖွဲ့သွား ဖို့ဆွေးနွေးမှာပါ''ဟု ပဒိုစောကွယ် ထူးဝင်းက ပြောသည်။နိုင်ငံရေးဆွေးနွေး ပွဲကျင်းပ ရာတွင် အာဏာခွဲဝေရေး၊ သယံ ဇာတခွဲ ဝေရေး နှင့် အခွန်ငွေခွဲဝေ မှုများအပါအဝင် ဆွေးနွေးပွဲတွင် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး၊ နိုင်ငံရေးပါတီများ၊ လူမှု အဖွဲ့အစည်းများ၊ လွှတ်တော်အ မတ်များအပါအဝင် တပ်မတော် ပါ ပါဝင်ဆွေးနွေးရန်ကိုလည်းေ ဆွးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment