ဂျာမနီမှ Der Spiegel မဂ္ဂဇင်းက အမေရိကန်သည် ဂျာမနီအဓိပတိ အိန်ဂျယ်လာမယ်ကယ်လ်ကို လွန်ခဲ့သော ၁၀နှစ်ကျော် ကတည်းကထောက်လှမ်းနေခဲ့ဖွယ်ရှိသည်ဟု ရေးသားလိုက်သည်။
်အောက်တိုဘာ ၂၆ ရက်က ထုတ်ခဲ့သော သတင်းတွင် မာကယ်လ်၏ ဖုန်းကို NSA ၏ Special
Collection Service (SCS) တွင် GE Chancellor Merkel ဟု အမှတ်အသားပြုကာ
စားရင်းသွင်းထားကြောင်း ဖော်ပြသည်။ ပြီးခဲ့သော ဇွန်လက သမ္မတအိုဘားမားက
ဘာလင်သို့ သွားရောက် မလည်ပတ်မီ အချိန်အထိ ထိုစာရင်းမှာ ရှိနေခဲ့သည်ဟု
ဆိုသည်။
မဂ္ဂဇင်းက SCS အထောက်အထားအရ စပိုင်လုပ်ငန်းခွဲများက နိုင်ငံခေါင်းဆောင်တစ်ဦး အမည်စာရင်း ကို စုံစမ်းမှု စာရင်းတွင် ထည့်သွင်းထားခြင်းမှာ တရားမ၀င်သလို အမေရိကန်နှင့် အခြားနိုင်ငံများအကြား
ဆက်ဆံရေးကို ကြီးမားစွာ ထိခိုက်စေသည်ဟု ရေးသားထားသည်။ ထိုမျှ မက ပြင်သစ်၊
မက်ဒရစ်၊ ရောမ၊ ဂျနီဗာ စသည့် ကမ္ဘာ့နေရာပေါင်း ၈၀ ခန့်တွင် ယင်းစပိုင်
လုပ်ငန်းခွဲများ ရှိနေသည်ဟု ဆိုသည်။
သို့သော်လည်း မဂ္ဂဇင်းက SCS
ပေါက်ကြားမှုနှင့် ပတ်သတ်ပြီး မည်သည့်သတင်းရင်းမြစ်ကိုမျှ ဖော်ပြခြင်း
မရှိသလို၊ မှတ်တမ်းကိုလည်း ထုတ်ပြခြင်း မရှိသေးပေ။
ယခုသတင်းပတ်အတွင်း ဂျာမနီ ခေါင်းဆောင်အပေါ် စပိုင်လုပ်သည့် လုပ်ရပ်အတွက်
အမေရိကန် သံအမတ်ကို ဆင့်ခေါ် ဆွေးနွေးမှု လုပ်ခဲ့သည်။ ယင်းဖြစ်ရပ်အတွက်
ဂျာမနီ ထောက်လှမ်းရေး အကြီးအကဲက လာမည့်ရ က် သတ္တပတ် အတွင်း
ဖြေရှင်းချက်တောင်းရန် အမေရိကန်သို့ သွားရောက်မည်ဖြစ်သည်။
သမ္မတ အိုဘားမားကလည်း ဂျာမနီခေါင်းဆောင်ကို စပိုင်လုပ်ရပ်များ အမှန်တကယ်ဖြစ်ကြောင်း သူသိပြီဆိုသည်နှင့် ချက်ချင်း ရပ်တန့်စေ
ရမည်ဟု ပြောခဲ့ကြောင်း မဂ္ဂဇင်းက ရေးသားထားသည်။ လက်ရှိအချိန်တွင်
ဝါရှင်တန်တွင် အွန်လိုင်း စပိုင်လုပ်ရပ်များအတွက် ထောင်နှင့်ရှိသော
ကန့်ကွက်သူများက ချီတက်ဆန္ဒပြခြင်းများပြုလုပ်လျှက် ရှိသည်။
The Myanma Age
No comments:
Post a Comment