address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, October 29, 2013

တိုင်းရင်းသားများ တောင်းဆိုသည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်သည် ခွဲထွက်ရေးနှင့် တစ်ပြည်ထောင် အာဏာရှင်စနစ် အား ရှောင်ရှားခြင်း သာဖြစ်ဟုဆို

29.10.2013

တိုင်း ရင်းသားများ တောင်းဆိုသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ခွဲထွက်ရေးနှင့် တစ်ပြည်ထောင် အာဏာရှင်စနစ်အား ရှောင်ရှား ခြင်းသာဖြစ်ကြောင်း ညီညွတ် သော တိုင်းရင်းသားများ ဖက်ဒ ရယ် ကောင်စီ UNFC မှ အတွင်း ရေးမှူးဦး ခွန်ဥက္ကာက ပြောဆို သည်။

လိုင်ဇာမြို့တွင် အောက်တို ဘာ၃ဝရက်မှ နိုဝင်ဘာ၁ရက်အ ထိပြုလုပ်မည့် လက်နက်ကိုင်တိုင်း ရင်းသားခေါင်းဆောင်များ ထိပ် သီးအစည်းအဝေး တက်ရောက် ရန်ရောက်ရှိ နေသည့် ဦးခွန်ဥက္ကာ က အောက်တိုဘာ ၂၈ရက် တွင် ပြည်တွင်းပြည်ပသတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ်ပြောကြား ခဲ့ ခြင်းဖြစ်သည်။

''ခွဲထွက်ဖို့မရှိဘူး။ ဖက်ဒရယ်ပြည်ထောင်စု တည်ရေးက အစွန်းနှစ်ဖက် ကိုရှောင်တာ။ နံ ပါတ်တစ်အစွန်းက ဘာလဲဆိုရင် ခွဲထွက်တဲ့ အစွန်းလုံးဝ မဖြစ် ဘူး။ တစ်ချိန်တည်းမှာ ဒုတိယအစွန်း ဖြစ်တဲ့ တစ်ပြည်ထောင်စနစ်အာ ဏာရှင်စနစ် အဲ့ဒီစနစ် အောက် ကလဲမဖြစ်စေရဘူး''ဟု ဦးခွန်ဥက္ကာ က ပြောသည်။ ယင်းက တိုင်းရင်းသားများ အားလုံး တန်းတူနေထိုင်နိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သာ ထူထောင်နိုင်မည်ဆိုပါက ပြည် နယ်များခွဲထွက်ရေးနှင့် တစ်ပြည် ထောင် စနစ် လည်း ရှိနိုင်တော့မည် မဟုတ်ကြောင်း ယင်းကဆက် လက်ပြောဆိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တိုင်းရင်းသားများလို လားသည့် ဖက်ဒရယ်ပြည်ထောင် စုစနစ်၏ အနှစ်သာရနှင့်ကွာခြား ကြောင်း ဖက်ဒရယ်စနစ်အား ဖော်ဆောင် ပါက ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ၏ အခန်းကဏ္ဍ မှေးမှိန်သွား မည်ဖြစ်ကြောင်း ဦးခွန် ဥက္ကာက ပြောသည်။

Yangon Media Group

No comments:

Post a Comment