address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 28, 2013

ပြည်လုံးကျွတ် သန်းခေါင်စာရင်း အချက်အလက်များ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အပြီးချပြမည်

28.10.2013

၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ခံမှုမှထွက်ပေါ် လာသော ကိန်းဂဏန်းအချက်အ လက်များ အား ၂၀၁၅ခုနှစ် ရွေး ကောက်ပွဲမတိုင်ခင် ထုတ်ပြန်နိုင် ရန်လုပ်ဆောင် သွားမည်ဟု လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးခင်ရီက''ရလဒ် ကိန်းဂဏန်းတွေကိုအများ ပြည် သူသိအောင်ချပြဖို့ရှိပါတယ်၊ ဒီ သန်းခေါင်စာရင်းလုပ်ငန်းစဉ်တွေ ကို ကျွန်တော်တို့အစိုးရသက်တမ်း အတွင်းမှာ အပြီးလုပ်သွားမှာပါ'' ဟု ဆိုသည်။

အစိုးရသက်တမ်းအတွင်း ပြီးစီးရေးအတွက် လုပ်ဆောင်မည် ဟုဆိုသော် လည်း ယင်းရလဒ်များ မှာ လာမည့်ရွေးကောက်ပွဲအားဦး တည် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ယင်းက ထည့်သွင်းပြောသည်။
ယင်းနှင့်ပတ်သက်၍ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ကြိုင်က ''ထုတ် ပြန်တယ်ဆိုပေမယ့် ဘယ်သူက အိမ်ဘယ်လောက်ရှိပြီး သားက ဘယ်နိုင်ငံမှာ အလုပ်သွားလုပ်ပြီး ငွေ ဘယ်လောက် ရ တယ်ဆိုတာ တွေတော့မပါဘူး။ တစ်နိုင်ငံလုံးနဲ့ ခြုံပြီး တွက်တဲ့အချက်အလက်တွေ ပါမှာပါ။ ကျွန်တော်တို့စလုပ်က တည်း ကကောက်ခံမယ့် ပြည်သူ တွေရဲ့ အကျိုးစီးပွားကာကွယ်ရေး ဥပဒေကို အရင်ဆွဲပြီးမှလုပ်တဲ့အ တွက် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အ လက်တွေ မပေါက်ကြား ဖို့ ဌာနက တာဝန်ယူထားတယ်''ဟု ဆိုသည်။

သန်းခေါင်စာရင်းကောက် ယူရေးလုပ်ဆောင်မှုတွင် တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့်ရှိနေသည့် စာရင်းအတိအကျ ရရှိရေးကိုသာ ဦးတည်လုပ်ဆောင်ခြင်းဖြစ်ပြီး တစ် နေ့တာရရှိလာသည့် အချက်အ လက်များအား ရောထွေးမှုမဖြစ် ရေးကိုသာ အဓိကထားဆောင် ရွက်သွားမည်ဟု ယင်းကထပ်မံ ပြောဆိုသည်။

Yangon Media Group

No comments:

Post a Comment