address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 28, 2013

မြ၀တီမြို့ လောင်းကစား ကင်းစင်ဖို့ ...



28.10.2013

ကရင်ပြည်နယ် ၇ မြို့နယ်ကို လောင်းကစား ကင်းစင်တဲ့ဒေသတွေအဖြစ် လုပ်ဆောင်သွားမယ်လို့ ကရင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
အဲဒီနေ့က မြ၀တီမြို့မှာပြုလုပ်တဲ့ လောင်းကစားဂိမ်းခုံ ၁၉၉ ခု မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

လောင်းကစားဝိုင်းတွေကို ကျောထောက်နောက်ခံပေးထားတယ်လို့ သတင်းထွက်နေတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတချို့က လူတွေကိုလည်း လောင်းကစားနဲ့ဆက်စပ်ကြောင်း စစ်ဆေးတွေ့ရှိရင် ဥပဒေနဲ့အညီ ဖမ်းဆီး အရေးယူမယ်လို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။

မြ၀တီခရိုင်ရဲမှူးကြီးကလည်း မြ၀တီမြို့ကို လောင်းကစား ကင်းစင်တဲ့ဒေသဖြစ်ရေး လုပ်ဆောင်နေပါတယ် တဲ့။
အဲဒီနေ့ပွဲကို ပြည်နယ်အစိုးရ၀န်ကြီးတချို့၊ ပြည်နယ်-ခရိုင်-မြို့နယ်အဆင့် အရာရှိတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
လောင်းကစားလုပ်ငန်း ဖွံ့ထွားခဲ့တဲ့ မြဝတီမှာ လောင်းကစားဒိုင်တွေ ရုံတွေကို နှိပ်ကွပ်တာကို နှစ်ဆန်းပိုင်းမှာ တွေ့ခဲ့ရပါတယ်။ ဒီအကြောင်း ဧရာဝတီ ဘလော့မှာ မြဝတီလောင်းကစားပွဲကြီးများကို ပထမဆုံးအကြိမ် ဖမ်းပြီ http://blog.irrawaddy.org/2013/03/blog-post_9993.html ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီလင့်မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment