address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 30, 2013

အပစ်အခတ်ရပ်စဲရေးအတွက် ''code of conduct'' ကို တပ်မတော် ဘက်က ရေးမပြီးသေးဟု နောစီဖိုးရာစိန်ကဆို



30.10.2013

လတ်တလောပြည်တွင်း၌ ဖြစ်ပွားနေသောတိုက်ပွဲများကို ရပ်ဆိုင်းရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့ လက်မှတ်ရေးထိုးမှုများပြုနေ သော်လည်း အပစ်အခတ်ရပ်စဲ ရေးအတွက် အရေးကြီးသည့် အချက်များဖြစ်သော စစ်ဘက်ဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ် စည်းကမ်းများ(code of conduct)ကို အစိုးရတပ်မတော်ဘက်က ရေးဆွဲ၍မပြီးသေးကြောင်း ၊ KNU ဒုဥက္ကဋ္ဌ ဖဒိုနော်စီဖိုးရာစိန်ကဆို ကြောင်း KIC သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။


““အစိုးရစစ်တပ်ရဲ့ကြိုတင် ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး မပြည့်စုံသေးဘူးလို့ ကျွန်မမြင် တယ်။ ဒါက ကျွန်မတစ်ဦးတည်း အမြင်ပါ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ကျွန်မတို့ (Technical Team) က အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်းစည်း ကမ်း (code of conduct) နဲ့ ပတ် သက်ပြီးသွားရောက်တွေ့ဆုံရာမှာ အစိုးရဘက်က အကြမ်းရေးဆွဲ ထားတာရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့လည်းမပြီးသေးတဲ့အတွက် ချမပြနိုင်သေးဘဲ ရေးဆွဲလို့ ပြီးစီး တဲ့အခါကျမှ ထုတ်ပြမယ်လို့ ပြောပေမဲ့ အခုအချိန်ထိ ထုတ် ဖော်ပြသတာ မရှိသေးပါဘူး။

ဒီကိစ္စကို ရေးဆွဲဖို့အတွက် ကျွန်မ တို့ KNU က အချိန်အများကြီး အကုန်ခံခဲ့ပြီးထပ်တလဲလဲအကြမ်း ရေးဆွဲတင်ပြထားပြီပါပြီ”” ဟုဆို သည်။၎င်းအပြင်သြဂုတ်လအတွင်း က KNU ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့က ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံရာတွင်ကာချုပ်ကမပြီးသေးဟုဆိုကြောင်းဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းကိုဆွဲခိုင်းထားတဲ့အကြမ်းတစ်ခုလည်း မပြီးသေးကြောင်း၊အစိုးရပိုင်းကတစ်နိုင်ငံလုံးအတိုင်းအတာနှင့်အပစ်အခတ်ရပ်စဲရေးအတွက်ကြိုတင်ပြင်ဆင်မှုလုံလောက်မှုမရှိ သေးကြောင်း သူမက ဆိုခဲ့သည်ဟု သတင်းရရှိသည်။

Hot News 

No comments:

Post a Comment