address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 25, 2013

တစ်နိုင်ငံလုံးအပစ်ရပ်ကိစ္စ နှစ်ဘက်ညှိနှိုင်းရန်လိုအပ်နေဆဲ

25.10.2013

အစိုးရသစ်အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေပြီး ထိုစာချုပ်လက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်မည်ဟု ပြောကြား ထားသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ဦးစွာကြေညာသင့်သည်ဟု တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများက တောင်းဆိုထားကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် အစိုးရကတစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုး ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ပြည်နယ်အဆင့်လက်မှတ်ရေးထိုးခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် စာချုပ်များမှာ ခိုင်မာမှုမရှိဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေးဦးအောင်နိုင်ဦးက ဆိုသည်။

''အခုလက်ရှိ ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေဟာ အစပျိုးတဲ့ သဘောတူညီချက်တွေ ဖြစ်တယ်။ အမြန် ဆုံး အပစ်အခတ်ရပ်စဲရေးတွေ ရပ်သွားအောင်လုပ်ရတဲ့ စာချုပ်တွေဖြစ်တယ်။ ဒီစာချုပ်တွေဟာ ခိုင်မာတဲ့စာချုပ်တွေ မဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီထဲမှာ တပ်တွေဘယ်လို နေရာချထားမလဲ။ တစ်ယောက်နဲ့တစ်ယောက် တစ်ခုခုဖြစ်ရင် ဘယ်လို ဆက်သွယ်မှုတွေနဲ့ သေသေချာချာလုပ်မလဲ''ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ထို့အတွက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတပ်ဖျက်ရေးနှင့် လက်နက် ဖျက်သိမ်းရေး ကိစ္စရပ်များကို တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ် ရေးထိုးမှု သဘောတူညီချက်များတွင်ပါဝင်မှုမရှိပဲ Nationwide ceasefire ဖြစ်လာပါက တိုင်းရင်းသားများအနေဖြင့် လက်နက် ချရန် မလိုသည့်အပြင် မိမိနယ်မြေမှလည်း ဆုတ်ပေးရန် မလိုကြောင်း၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပြီးမှသာ လက်နက်ကိုင် တပ်ဖွဲ့များ ဖွဲ့စည်းခြင်း၊ လုံခြုံရေးဆိုင်ရာတပ်များအား ပြန်လည်ဖွဲ့စည်းရေးကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု ၄င်းက ဆက် ပြောသည်။

လက်ရှိတွင် KNU နှင့် RCSS အဖွဲ့တို့မှ တင်ပြလာသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်း ကို အစိုးရအဖွဲ့အတွင်း ဆွေးနွေးညှိနှိုင်းနေကြောင်း အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ ဖိုရမ်၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နည်းပညာအထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက ပြောသည်။

''ဆက်ဆံရေးများတဲ့ KNU ခေါင်းဆောင်များနဲ့ RCSS ခေါင်းဆောင်များကနေ ပြီးတော့ ယူလာတာကို တွေ့ ရပါတယ်။ ဒီယူလာ တဲ့ Paper ကို MPC မှာ ဆွေးနွေးရင်း ကနေပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ အကြမ်းအားဖြင့်ပေါ့လေ ထည့်သွင်း စဉ်းစားသင့်တဲ့အချက် လိုဟာမျိုးတွေကို ထုတ်တာဖြစ်ပါတယ်။ အခုချိန်မှာ ဒီဟာ တင် အတည်ပြုတာမဟုတ်ပါဘူး။ နှစ်ဘက် ဆွေးနွေးရင်းနဲ့ Draft တွေဆိုတဲ့ အကြမ်းဖျင်းပဲရှိပါတယ်။ ကျွန်တော် တို့ နားလည်တာကတော့ ဒီ Draft ကို အစိုးရတာဝန်ရှိသူများလည်း ဆွေးနွေး နေတယ်လို့ နားလည်တယ်။ ပြင်ဆင်နေတယ်လို့ပဲ နားလည်တယ်'' ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

လက်ရှိနိုင်ငံတော် အစိုးရကဆောင်ရွက်နေသည့်အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များမှာ ကောင်းမွန်သည် လုပ်ဆောင်ချက် ဖြစ်သော်လည်း သတိထားဆောင်ရွက်ရမည့်အချက် များစွာရှိနေသေးကြောင်း ကရင့်ရေးရာကော်မတီအတွင်းရေးမှူး ဦးစောကျော်စွာက သုံးသပ်ပြောသည်။

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ကောင်းတယ်။ ဒါပေမဲ့ပြန်စဉ်းစားရင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ် သဘောတူညီချက်ရဖို့ဆိုရင် သတိထားရမဲ့အချက်တွေက အများကြီးပဲ။ တပ်နေရာချထားရေးကို တိတိကျကျမထားဘူးဆိုရင် ဘယ်လိုမှမဖြစ်နိုင်ဘူး။ နောက်တစ်ခါတပ်ရွေ့ပြောင်းတဲ့ ကိစ္စတွေ သတိမထားဘူးဆိုရင် ပြည်သူတွေရဲ့စိတ်ထဲမှာ လုံခြုံမှုမရှိ ဘူးလို့ ခံယူမိတယ်”ဟု ဦးစောကျော်စွာက ပြောသည်။

်မာနိုင်ငံသည်ဖက်ဒရယ်ပြည်ထောင်စုဖြစ်သင့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းတိုင်းရင်းသားအားလုံးကို အကာအကွယ် ပေးပြီး တိုင်းရင်းသားအားလုံးအတွက်လုံခြုံသည့်ဥပဒေဖြစ်ရန်လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။

န်

လာမည့်အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ-၁ရက်အထိ ကချင်ပြည်နယ်လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီး ဆွေးနွေးပွဲတစ်ရပ်ကို KIAမှ ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး ယင်းဆွေးနွးပွဲတွင် KNUနှင့် RCSSမှ တင်ပြလာသည့် မူကြမ်းကို ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးမှု ရလဒ်များကို အခြေခံ၍ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် အစိုးရအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြစ်ကြီးနား၌ ဆက်လက်ဆွေးနွေးမည်ဟု သိရှိရသည်။

“နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းပဲ ဖြေရှင်းမှအဖြေရမယ်။ အခုလောလောဆယ် အပစ်အခတ်တွေ မရပ်သေးဘူးဆိုတာက နိုင်ငံရေးအရရလဒ်တွေ နိုင်ငံရေးအရအဖြေတွေ ဒင်းပြည့် ကျပ်ပြည့်မရသေးဘူးဆိုတဲ့ အဓိပ္ပါယ်ကိုထွက်ပါတယ်”ဟု အေးချမ်း မြန်မာလူမှုရေးအသင်း အမှုဆောင်ဒါရိုက်တာဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၄)ဖွဲ့နှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ် စဲ ရေးလက်မှတ်ရေးထိုးမှုများ ရှိခဲ့ပြီး ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရခိုင်တပ်မတော်(AA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် ပြည်နယ်အဆင့်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။

Myit Ma Kha Media Group.

No comments:

Post a Comment