address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 31, 2013

NLD ပါတီဝင်အဖြစ်မှ အခြားပါတီဝင်အဖြစ် ၁၀ ရက်အတွင်း ၂ သုတ် ပြောင်းရွှေ့


31.10.2013

NLD ပါတီဝင်အဖြစ်မှ အခြား ဒီမိုကရေစီ ပါတီတစ်ခုသို့ ၁၀ ရက်အတွင်း ၂ သုတ်ပြောင်းရွှေ့မှု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် တွင် ဖြစ်ပေါ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည် ကြီးပျော်ဖွယ် အနောက်ရပ်ကွက် လမ်း ၃၀ နှင့် ၉၁ လမ်းထောင့် ရှိ ဒီမိုက ရက်တစ်ပါတီ (မြန်မာပြည်) ရုံးသို့ အောင်မြေသာဇံမြို့နယ် NLD ပါတီမှ ၈ ဦးပြောင်းရွှေ့လာကြောင်း သိရသည်။ ယခုပြောင်းရွှေ့မှုသည် ၁၀ ရက်အ တွင်း ဒုတိယအသုတ်ဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နေ့က လည်း ၁၂ ဦးပြောင်းရွှေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

NLD ပါတီမှ အောက်ခြေပါတီဝင်များကို လျစ်လျှူရှုထားမှု၊ ပါတီခေါင်းဆောင် ပိုင်းများမှ အာဏာရဖို့သာ လုပ်နေပြီး အောက်ခြေ လိုအပ်ချက်ကို ဂရုမစိုက် မှု၊ ဗဟိုဦးစီးစနစ် လွန်ကဲမှု များကြောင့် NLD အပေါ် အယုံအကြည်မရှိတော့ သဖြင့် နှုတ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်NLD ပါတီမှ နှုတ်ထွက်လာ သူ အယောက် ၂၀ တွင်းမှ ခေါင်းဆောင် ဦးညီညီမြင့်အား အောင်မြေသာစံ ဒီမိုကရေက်တစ်ပါတီ၏ ဒုဥက္ကဌအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း သိရပြီး နောက်ထပ် လည်း မန်း NLD ပါတီမှ ၅၀၀ ကျော် နှုတ်ထွက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်မောင်
မြန်မာ့သားကောင်း

No comments:

Post a Comment