address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 30, 2013

ဦးသန့် (၁၀၅)နှစ်ပြည့်ပွဲတွင် “ဘ၀အကြောင်း” မှတ်တမ်းရုပ်ရှင်အစား "Short Video" ပြသမည်

30.10.2013

ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ဦးသန့် (၁၀၅) နှစ်ပြည့်အမှတ်တရပွဲတွင် “ဦးသန့်ဘ၀အ ကြောင်း” မှတ်တမ်းရုပ်ရှင်အစား "Short Video" ကို ပြသမည်ဖြစ်ကြောင်း သမီးဖြစ်သူ ဒေါ်အေးအေး သန့်က မဇ္ဈိမသို့ ပြော ကြားလိုက်သည်။ အဆိုပါပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်တွင် ဦးသန့်၏နေ အိမ်တွင် ကျင်းပမည်ဖြစ်ပြီး ဦးသန့်ပြတိုက်ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

ယခင်က ဦးသန့်ဘ၀အကြောင်းမှတ်တမ်းကို ဒါရိုက်တာဝိုင်းမှ တာဝန်ယူရိုက်ကူးရန် စီစဉ်ထားခဲ့သော် လည်း ၁၉၄၈ ခုနှစ်တွင် ပန်းတနော်မြို့တစ်မြို့လုံး မီးလောင်ကျွမ်းခဲ့သည့်အတွက် ဦးသန့်လှုပ်ရှားခဲ့သည့် ပုံရိပ်များ ပြန်လည်ရှာဖွေတင်ပြရန် ခက်ခဲခြင်းတို့ကြောင့် ယခုကဲ့သို့ "Short Video" အဖြစ်ပြောင်းလဲကာ တင်ပြရခြင်းဖြစ်သည်။

“ကျွန်မတို့တွေက ပထမတော့ ဖေဖေ့(ဦးသန့်) Documentary ရိုက်ကူးဖို့ ဒါရိုက်တာဝိုင်းနဲ့ စီစဉ်ခဲ့ပါတယ်။ ဒါရိုက်တာဝိုင်းရယ်၊ ကျွန်မတို့တွေ ပန်းတနော်ကို သွားကြတယ်။ ၀ိုင်းကကိုယ်တိုင် အဲဒီမြို့မှာရှိနေတဲ့ ဖေဖေ့အသက် ရွယ်လောက်ရှိတဲ့သူ နှစ်ဦး၊ သုံးဦးလောက်ကို တွေ့ဆုံမေးမြန်းခဲ့တယ်။ ဒါပေမဲ့ သူတို့တွေက အသက် ၉၀ ကျော်ရှိနေပြီ။ သိပ်ပြီး အရင်တုန်းကအခြေအနေတွေကို မမှတ်မိတော့ဘူး။ နောက်ပြီး ဖေဖေ့ ရဲ့ ပန်းတနော်အကြောင်းအရာတွေကို ဖော်ပြနိုင်တဲ့အချက်အလက်တွေက မပြည့်စုံတော့တဲ့အတွက် ဖေဖေလုပ်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုဖိုင်တွေကို ပြန်တည်းဖြတ်ပြီးပြဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ဒေါ်အေးအေးသန့်က မဇ္ဈိမသို့ပြောသည်။

ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအဖြစ် ၁၉၆၁-၇၁ အထိ တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment