address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 31, 2013

မြန်မာဘာသာဖြင့် ရေးသားမှုများစိစစ်ရန် ဖေ့စ်ဘွတ်ခ်က ၀န်ထမ်းတစ်ဦးခန့်အပ်


31.10.2013

ပြည်တွင်းရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် မြန်မာဘာသာစကားဖြင့် အငြင်းပွားဖွယ် ရေးသားမှုများ၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား တိုက်ခိုက်ရေးသားမှုများကို စိစစ်ရန် မြန်မာစာတတ်ကျွမ်းသည့် ၀န်ထမ်းတစ်ဦးအား ဖေ့စ်ဘွတ်ခ်က ခန့်ထားကြောင်း မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) မှ သတင်းရရှိသည်။

““သူတို့ဆီမှာက Myanmar Font မပေါ်ဘူး။ အဲဒီတော့ ဒီက Report လုပ်သမျှကလည်း Effect မဖြစ်ဘူးလို့ ပြောတယ်။ မြန်မာလိုဖတ် တတ်တဲ့သူလည်းမရှိ၊ Unicode လည်း မသုံးတဲ့အတွက်ကြောင့် Report လုပ်တဲ့အပိုင်းမှာ အဆင်ပြေအောင်လို့ မြန်မာစာနားလည်တဲ့သူတစ်ဦး ခန့်ထားတယ်လို့ ပြောပါတယ်”” ဟု MIDO မှ အမှုဆောင်ဒါရိုက်တာ ကိုနေဘုန်းလတ်က ပြောသည်။

်မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်သုံးစွဲသူများ၏ အစွန်းထွက်ရေးသားမှု ကိစ္စရပ်များနှင့် ပတ်သက်၍ စောင့်ကြည့်လုပ်ကိုင်နိုင်ရန်လည်း ပါဝင်ပြီး အဓိကအားဖြင့် ဖေ့စ်ဘွတ်ခ်၏ မူဝါဒများနှင့် ကိုက်ညီမှုမရှိသည့် အချက်များကို ကြည့်ရှု၍ ဖျက်သင့်သည့်အကောင့်များ ဖျက်ပစ်နိုင်ရန် မြန်မာစာနားလည်သည့် ၀န်ထမ်းတစ်ဦး ခန့်အပ်ထားခြင်း ဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူများက ယခုလနောက်ဆုံးပတ်တွင် အင်ဒိုနီးရှားနိုင်ငံဘာလီတွင် ကျင်းပပြုလုပ်ခဲ့သည့် Internet Gorenance ပွဲ၌ MIDO အဖွဲ့အား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သို့သော် ခန့်အပ်ထားသည့် ၀န်ထမ်းမှာ မည်သည့်နိုင်ငံသားဖြစ်ကြောင်း မသိရှိသေးဘဲ ထိုဝန်ထမ်းအနေဖြင့်လည်း ပြည်တွင်းမှ ရေးသားထားသည့် စာသားများမှာ အမုန်းပွားဖွယ်ရာကိစ္စရပ်များ ဖြစ်ပါကလည်း နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ကိုနေဘုန်းလတ်က ပြောသည်။

နောက်ပိုင်းတွင် ဖေ့စ်ဘွတ်ခ်မှ တာဝန်ရှိသူများ ပြည်တွင်းသို့ ရောက် ရှိလာပါကလည်း အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက် သွားရန် ညှိနှိုင်းထားမှုများရှိကြောင်း MIDO မှ သိရသည်။

ဖေ့စ်ဘွတ်ခ်မှ ထုတ်ပြန်ထားသည့် မူဝါဒများတွင် အမုန်းပွားစေမည့် အကြောင်းအရာများ ရေးသားခြင်းမပြုရန် သတ်မှတ်ထားပြီး နိုင်ငံတကာမှ ဘာသာစကားအများစုကို နားလည်သဘောပေါက်ပြီး အလို အလျောက် ထောက်လှမ်းရှာဖွေနိုင်သည့် စက်များကိုလည်း တပ်ဆင်ထားမှုများရှိကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment