ရွေ့ပြောင်းအလုပ်သမားများ၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ မြန်မာလူမျိုး
များဖြစ်ပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်
မွန်ပြည်တို့မှ လာရောက်လုပ်ကိုင်သူ အများဆုံး ဖြစ်ကြောင်း သိရသည်။
“အခုနောက်ပိုင်း ထိုင်းနိုင်ငံကို တရားဝင် သွားရောက်
အလုပ်လုပ်ကိုင်ခွင့်တွေ ပေးထားပေမဲ့လည်း နယ်စပ်တွေကနေ တရားမ၀င်
သွားနေကြတုန်းပါပဲ။ အများစုကတော့ မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်စတဲ့
နယ်စပ်တွေက ပွဲစားတွေက တစ်ဆင့်သွားပြီး အလုပ်လုပ် နေကြတယ်။ တရားဝင်
စာချုပ်နဲ့ သွားခဲ့ရင်လည်း လုပ်အားခတွေ၊ ခံစားခွင့်တွေက စာချုပ်အတိုင်း
မဖြစ်တာများတယ်။ တရားဝင် စနစ်က သိပ်မအောင်မြင်တော့ အောက်လမ်းနဲ့ သွားတာတွေ
ပိုများလာတယ်'' ဟု ရွှေ့ပြောင်း အလုပ်သမား အခွင့်ရေး ကွန်ရက်မှ
အကြံပေးအရာရှိ ကိုစိန်ဌေးက ပြောကြားခဲ့သည်။
လုပ်ခလစာ အပြည့်အဝ
မရရှိခြင်း၊ ထိခိုက်ဒဏ်ရာ ဖြစ်ပါက လျော်ကြေးရရှိရန် ခက်ခဲခြင်း
အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတိုးရန် နည်းစနစ် နားလည်မှုများ မရှိခြင်း၊
ဘာသာစကား မတတ်ကျွမ်းခြင်း ပြဿနာများ ကြုံတွေ့နေရ...
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် တရားမ၀င်
သွားရောက် လုပ်ကိုင်မှုကြောင့် လူကုန်ကူးခံရခြင်း၊ အလုပ်သမား အခွင့်အရေး
ချိုးဖောက်ခံရခြင်း၊ ပွဲစားများ၏ လိမ်လည်မှုကို ခံရခြင်း၊ လုပ်ခလစာ အပြည့်အဝ
မရရှိခြင်း၊ ထိခိုက်ဒဏ်ရာ ဖြစ်ပါက လျော်ကြေးရရှိရန် ခက်ခဲခြင်း
အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတိုးရန် နည်းစနစ် နားလည်မှုများ မရှိခြင်း၊
ဘာသာစကား မတတ်ကျွမ်းခြင်း ပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း
အလုပ်သမား သုံးသန်းမှ လေးသန်းအထိ ရှိမည်ဟု ခန့်မှန်းထားပြီး ၁.၇ သန်းကိုသာ
မြန်မာအစိုးရမှ ယာယီနိုင်ငံကူး လက်မှတ် အပါအ၀င် အထောက်အထားများ ထုတ်ပေးပြီး
ဖြစ်ကြောင်း သိရသည်။ ပြဿနာ အဖြစ်များသော်လည်း ၂၀၁၃ ခုနှစ်အတွင်း
ပြည်ပအလုပ်အကိုင် အေဂျင်စီများမှတစ်ဆင့် သွားရောက် လုပ်ကိုင်မှုမှာ
နှစ်ဆမြင့်တက်ခဲ့ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်မှ သိရသည်။
လက်ရှိတွင် အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် အထောက်အထား ထုတ်ပေးရန်
ကျန်ရှိနေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား အထောက်အထားများ
ထုတ်ပေးရေး၊ မြန်မာ ရေလုပ်သားများအား ယာယီနိုင်ငံကူး လက်မှတ်များ
ထုတ်ပေးရေးအတွက် ထိုင်းအစိုးရနှင့် သဘောတူညီမှု ရရှိထားသည်။
Eleven Media Group
No comments:
Post a Comment