address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 24, 2013

KNPP အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေဆုံဆွေးနွေးပြီးမှဆုံးဖြတ်မည်


24.10.2013

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်ဆဲရေးလက်မှတ်ထိုးဖို့ရာ လိုင်ဇာတွင် ပြုလုပ်မည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ဆွေးနွေးပြီးမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း (KNPP) ဒုတိယဥက္ကဋ္ဌ ခူးဦးရယ်က ပြောကြားသည်။

KNPP အနေဖြင့် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူအ ချက် (၇) ချက်အား
လက်မှတ်ရေးထိုး ခဲ့ပြီး တပ်ပိုင်းဆိုင်ရာကိစ္စအရပဲ တပ်နေရာ ချထားရေးကိစ္စများနှင့် အပစ် အခက်ရပ်စဲရေးတွင် တစုံတရာ မပေးနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် တွေ့ဆုံဆွေးနွေးပြီး အများသဘောတူ ဆန္ဒသဘောထား
ကောက်ယူ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း(KNPP) ဒုတိယဥက္ကဋ္ဌ ခူးဦးရယ်က
ပြောကြားသည်။

“အစိုးရနဲ့ ဆွေးနွေးတဲ့အခါ အပစ်အခတ်ရပ်စဲရေးနဲ့ တပ်ပိုင်းဆိုင်ရာကိစ္စက ဘာမှသေသေချာချာ ရှင်း လင်းဆုံးဖြတ်ပေးတာ မရှိဘူး။ လတ်တ လော အချက် ၇ချက်ကိုသာထိုးပေးသေးတာ” ဟု ၎င်းက ပြောကြားသည်။

အစိုးရနှင့် (KNPP) တို့ နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့သောအချက်၇ချက်မှာစစ်လေ့ကျင့်ရေးသင်တန်းကျောင်း ဆိုင်ရာကိစ္စများ၊မြေယာသိမ်းဆည်းမှုဆိုင်ရာ ကိစ္စများ၊ မြေယာအစားထိုး ပေးရေးနှင့် နစ်နာကြေးထုတ်ပေးရေး ကိစ္စများ၊ ကုန်းမြင့်လယ်ယာ ဖော်ထုတ်ရေး ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စနှင့် လျှပ်စစ်မီးရရှိရေးကိစ္စများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စများကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များကို နှစ်ဖက်ကိုယ်စားလှယ် များက အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာဆုံးဖြတ်ချက် မရရှိခဲ့ကြောင်း ဒုဥက္ကဋ္ဌခူးဦးရယ်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ တတိယအကြိမ် ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကာယားပြည်နယ် လွိုင်ကော်မြို့ ရှိ ပြည်နယ်ခန်းမ၌ အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၃ရက်ထိ နှစ်ရက်တာဆွေးနွေးခဲ့ပြီးအချက် ၇ ချက်အား နှစ် ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) သည် အစိုးရနှင့်ပြည်နယ်အဆင့် ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေးကို ၂၀၀၂ခုနှစ် မေလ တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေး ပွဲကို ၂၀၁၂ ခုနှစ် ဇွန်လတွင်တစ်ကြိမ်၊ ၂၀၁၃ ဇွန်လတွင်တစ်ကြိမ် ယခု ၂၀၁၃ အောက်တိုဘာလတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ဆွေးနွေးခဲ့ကြသည်။

People power

No comments:

Post a Comment