address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 31, 2013

ကရင်ပြည်နယ်တွင် ရေကြီးရေလျှံ၍ ကယ်ဆယ်ရေးစခန်း ၅၈ ခုဖွင့်ကာ လူ ၉ဝဝဝ ကျော်ကို နေရာရွှေ့ပြောင်းထားရ

31-7-2013

ကရင်ပြည်နယ်တွင် မိုးသည်းထန် စွာ ဆက်တိုက်ရွာသွန်းပြီး ရေကြီးရေ လျှံမှု ဖြစ်ပွားနေသဖြင့် ကယ်ဆယ်ရေးစခန်း ၅၈ ခုဖွင့်လှစ်ထားရပြီး လူပေါင်း ၉ဝဝဝ ထက်မနည်းကို နေရာရွှေ့ပြောင်း ထားရ သည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

”မြို့နယ် ၆ မြို့နယ်မှာ ကယ်ဆယ် ရေးစခန်း ၅၈ ခု ဖွင့်ထားရတယ်”ဟု က ရင်ပြည်နယ်လူမှုရေး ဝန်ကြီး ဦးချစ်လှိုင် က ပြောသည်။

အစိုးရနှင့်ပလောင်လွတ်မြောက်ရေးတပ်မတော်တို့ ငြိမ်းချမ်းဆွေးနွေး





31.7.2013
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ရွှေလီရတနာ ခမ်းမတွင် ယနေ့နေ့နံနက် ၉နာရီခွဲ အချိန်ကစတင်၍ အစိုးရနှင့်ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပလျက်ရှိသည်။

ABSDF နှင့် MPC ကိုယ်စားလှယ် တို့ ဘားအံ၌ တွေ့မည်


31-7-2013

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့သည့် လာမည့် သြဂုတ်လ (၄) ရက်နေ့၌ ကရင်ပြည်နယ် ဘားအံမြို့၌ တွေ့ဆုံ ဆွေးနွေး မည်ဟု ယနေ့၌ ABSDF မှ ကြေငြာချက် ထုတ်ပြန် ခဲ့သည်။

ထိုင်းနိုင်ငံ ရနောင်းရှိ မြန်မာကလေးငယ်များ လူမှုဘ၀ တိုးတက်ရေး အကူအညီပေးမည်

31-7-2013

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေး ငယ်များအား ၎င်းတို့၏ လူမှုဘ၀ အခြေအနေ တိုးတက်ရေးအတွက် လိုအပ်သော အကူအညီ များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရနောင်းရှိ မြန်မာနိုင်ငံသားများသည်ငါးဖမ်းလှေ များနှင့် အထွေထွေ အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြရပြီး အဓမ္မ စေခိုင်းခံရခြင်းနှင့် ပြည့် တန်ဆာအဖြစ် ရောင်းချခံရခြင်းများ ကြုံတွေ့နေရသည်။

ဒေါက်တာစင်သီယာမောင်ဆေးခန်း နဲ့ ရေဘေးအန္တရာယ်





 31.7.2013

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီလ ၂၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းတဲ့အတွက် ရေဘေးကျရောက်တဲ့အထဲမှာ မယ်တော်ဆေးခန်းလည်း ပါဝင်ပါတယ် ။ ဆေးခန်း ထဲ ရေ၀င်လို့ လူနာ ၂၀၀ ကို ဒီနေ့အရေးပေါ်ပြောင်းရွှေ့နေရပါတယ်။

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ



31.7.2013
 
ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်ရေးနှင့် စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးတို့ကို ဦးတည်သော တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ (၃၀) ရက်နေ့နံနက် (၉) နာရီကသထုံမြို့ကျုံးကြီးလမ်း၊ သာသနာ့ဝုဒ္ဓိ စာသင်တိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင် အချို့က ပြည်သူအပေါ် ဆက်ဆံရေး အဆင်မပြေမှုများ ရှိနေ၍ ပြည်သူ့ဆန္ဒ ၀န်ဆောင်မှုပေးရေး အဖွဲ့အား ရဲစခန်းများတွင် ဖွဲ့စည်း



31.7.2013
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရဲစခန်းများသို့ အမှုလာရောက် တိုင်တန်းသည့် ပြည်သူအချို့ အပေါ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကဆက်ဆံရေး အဆင်မပြေမှုများ ရှိနေသည့်အတွက် မြို့နယ် ရဲစခန်းများတွင် ပြည်သူ့ဆန္ဒ ၀န်ဆောင်မှုပေးရေး အဖွဲ့အား ရဲစခန်းများတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ပြောကြားသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ လွန်ဘူးရွာသားတစ်ဦးကို အစိုးရစစ်တပ် အကြောင်းမဲ့ ထိုးကြိတ်





 37.7.2013

ပဲခူးတိုင်း၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် အတွင်းရှိ လွန်ဘူးကျေးရွာသား တစ်ဦးဖြစ် သည့် အသက် ၂၆နှစ် အရွယ် စောသာထော ဆိုသူ ကို တောင်ပိုင်း တိုင်း စစ်ဌာနချုပ် (တပခ)လက်အောက်ခံတပ်ရင်း ခြေလျင်တပ်ရင်း (ခလရ-၅၃)တပ်ရင်း က အကြောင်းမဲ့ ထိုးကြိတ်ခဲ့သည်ဟု ၎င်းဒေသ မှလာသည့်သတင်းအရ သိရသည်။

သောင်ရင်းမြစ်ရေလျှံ မှုကြောင့် မြ၀တီမြို့ဧရိယာ ထက်ဝက်ခန့်ရေမြုပ်နေ

 
31.7.2013
 
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းရှိ သောင်းရင်းမြစ်မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်သွား သဖြင့် မြ၀တီမြို့၏ ဧရိယာထက်ဝက်ခန့် ရေကြီးနေပြီး လူဦးရေငါးထောင်ကျော် ရေဘေးကြုံနေရသည်ဟု ရေေ ဘး ကြုံရသူများကို လိုက်လံကူညီပေးနေသည့် အဖွဲ့များက ပြောသည်။

ပြည်သူတို့၏ ပြောရေးဆိုခွင့်နှင့် ပုဒ်မ ၁၈


31.7.2013
ဒီမိုကရေစီ နိုင်ငံတွင် အာဏာသည် ပြည်သူ့ထံတွင်သာ ရှိရမည် ဖြစ်သည်။ ပြည်သူတို့၏ သဘောဆန္ဒကို လျစ်လျူမရှုသင့်သလို ပြည်သူ့အသံကို အမြဲနားစွင့် လက်ခံနိုင်ရမည်မှာ အစိုးရ၏ တာဝန်သာ ဖြစ်သည်။ သို့သော် အစိုးရသစ်လက်ထက် ပြည်သူတို့၏ အမှန်တကယ် ပြောရေးဆိုခွင့် အတွက်မှာမူ မေးခွန်းထုတ် စရာ ဖြစ်နေသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုရန် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှကားများ တင်သွင်းခွင့်ပြုထားပြီး ကားအချို့ စတင်ရောက်ရှိ



31.7.2013
 
အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှ ကားများတင်သွင်းခွင့် ပြုထားကြောင်းရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင် ခင်၏ ပြောကြားချက်အရ သိရသည်။

Tuesday, July 30, 2013

မိုးကြီး ရေလျှံ၍ ကရင်ပြည်နယ်တွင် ကယ်ဆယ်ရေး စခန်း ၃၁ ခု ဖွင့်ရ


30.7.2013

ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် မနေ့မှ စတင်ကာ ရေဘေး ကယ်ဆယ်ရေးစခန်း ၃၁ ခု ဖွင့်လှစ်ထားရကြောင်း ဘားအံနှင့် မြ၀တီခရိုင် အုပ်ချုပ်ရေးမှူးရုံးများမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်မှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ပိုင်ကျုံမြို့နယ်ခွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးနှင့် မြ၀တီမြို့တို့တွင် စုစုပေါင်းလူဦးရေ ၇၇၉၅ ဦးအတွက် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရကြောင်း သိရသည်။

ပြည်တွင်း ပြည်ပ တိုင်းရင်းသားအဖွဲ့များ ညီလာခံ စတင်ကျင်းပနေ

 
 30.7.2013
မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် ပြည်ပမှာရှိနေတဲ့ တိုင်းရင်းသား နိုင်ငံရေးခေါင်း   ဆောင်တွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ တိုင်းရင်းသားညီလာခံတစ်ရပ်ကိုမနေ့က ဇူလိုင်လ ၂၉ ရက်နေ့မနက်ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ကျင်းပနေပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့တွင် မြစ်ရေကြီးမှုကြောင့် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်



30.7.2013
ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် ဒေါနတောင်ကျရေ အရှိန်ဖြင့် လှိုင်းဘွဲ့
 ချောင်းရေ မြင့်တက်လာကာ လှိုင်းဘွဲ့မြို့ပေါ် ရပ်ကွက်များ၌ ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းမှ စတင်ကာ ရေကြီးရေလွှမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မြ၀တီတွင် သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လူသောင်းချီ ရေဘေးသင့်

30.7.2013

မိုးရက်ဆက် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ သုံးနှစ်အတွင်းအဆိုးရွားဆုံး ရေ ကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူသောင်းနှင့်ချီ၍ရေဘေးသင့်နေကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက် ညမှစ၍ မြ၀တီမြို့ရှိ ရပ်ကွက်အားလုံး၏ အနိမ့်ပိုင်း နေရာများ ရေနစ်မြုပ်လျက် ရှိကြောင်း သိရသည်။ မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ် ပွားခဲ့ ရာယခုနှစ်သည် သောင်ရင်းမြစ်ရေတက်မှုအမြင့်ဆုံး ဖြစ်ကြောင်း၊အမှတ်(၄)ရပ်ကွက်၊ဘုရင့်နောင် လမ်းပေါ်ရှိ အထက်တန်း ကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င်အခြား စာသင်ကျောင်းများပါ ရေလွှမ်းမိုးပြီး ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။

ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း တွင် ဒေသခံ ၆၀၀ ခန့် ရေဘေးကြုံ


30.7.2013
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲအတွင်းရှိ ဇမိချောင်း ရေလျှံမှုဖြစ်ပေါ်ကာ ပြောင်မထိန်ကျေးရွာအုပ်စု ရှိ ချောင်းဆုံကျေးရွာတွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်အပြတ်ရွာ သွန်းမှုကြောင့် ဒေသခံ ၆၀၀ ခန့်ရေဘေး ကြုံ တွေ့နေရကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်ဂိတ်ပေါက် သုံးခုမှတစ်ဆင့် ၀င်ရောက်လာသူများအား ကန့်သတ်နှင့် လုံခြုံရေးအရ တားမြစ်ထားသည့် နေရာတို့မှအပ ကျန်ဒေသ များကို လည်ပတ်ခွင့်ပြု


 30.7.2013

တာချီလိတ်၊ မြ၀တီနှင့် ကော့သောင်းတို့ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံသားများနှင့် အခြားနိုင်ငံ သားများကို သြဂုတ်လအတွင်းတွင် ကန့်သတ်နယ်မြေများနှင့် လုံခြုံရေးအရ တားမြစ်ထားသည့် နေရာ တို့မှအပ မြန်မာနိုင်ငံအတွင်းရှိ ကျန်နယ်မြေ ဒေသများကို သွားလာခွင့် ပြုမည်ဖြစ်ပြီး လာရောက်လည် ပတ်နိုင်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက် အရသိရသည်။

မွန်တို့တည်ဆောက်ထားသည့် ထိုင်းနိုင်ငံ၏အရှည်ဆုံးတံတားကျိုးပျက်



30.7.2013
မိုးဆက်တိုက် ရွာသွန်းကာ ရေနှင့်အတူ ဒိုက်များ တိုက်စားမှုကြောင့် မွန်တိုင်းရင်းသားများ တည်ဆောက် ထားသည့် ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သားတံတားမှာ ဇူလိုင်လ ၂၈ ရက်နေ့ မိုးချုပ်စ အချိန်တွင် ကျိုးပျက် သွားခဲ့ရသည်။

ထိုင်းကူညီမှုဖြင့် မြိတ်ခရိုင် မောတောင်ဒေသ ၂၄ နာရီ မီးလင်းတော့မည်


30.7.2013
မြိတ်ခရိုင်၊ မောတောင်ဒေသ သြဂုတ်တွင် ၂၄ နာရီ မီးလင်းပြီ တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင်ရွာတွင် သြဂုတ်လမှ စတင်ကာ ၂၄ နာရီ လျှပ်မီး အသုံးပြုနိုင်မည်ဟု လျှပ်စစ်ရရှိရေးလုပ်ဆောင်နေသည့် ဖိုးသီးချိုကုမ္ပဏီမှ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။

Monday, July 29, 2013

"ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မိုးကြီး၊ ရေလျှံ"


29-7-2013

(၂၆၊ ၇၊ ၂၀၁၃) က စတင်ရွာသွန်းခဲ့သော သည်းထန်မိုးကြောင့် (၂၈၊ ၇၊ ၂၀၁၃)နေ့လည်ပိုင်း မှစ၍ ကရင်ပြည်နယ်မှ ဘားအံ၊ မြ၀တီ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး အစရှိသည့် မြို့များ တွင် ရေများလွှမ်းမိုးနေသည်ဟု CJMyanmar က သတင်းရရှိသည်။

ဖားအံမြို့တွင် KYN ကွန်ယက်အဖွဲ့မှ လုပ်ငန်း Team ဖွဲ့စည်း

29.7.2013
ကရင်လူငယ်အဖွဲ့များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ကရင်လူငယ်များကွန်ယက်(KYN)မှ ရှေ့ လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်း Team (အသင်းအဖွဲ့)တစ်ဖွဲ့ကို ဇူလိုင်လ ၂၈ရက်နေ့တွင် ဖွဲ့စည်းလိုက် သည်။

တိုင်းရင်းသား ညီလာခံကြီးကို PDF အဖွဲ့ဝင်များ တက်ရောက်


29.7.2013

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ဦးစီးကျင်းပသည့် တိုင်း ရင်း သား ညီလာခံကြီးကို အပစ်ရပ်အဖွဲ့ ၄ ဖွဲ့နှင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေ စီ တပ် ပေါင်းစု (PDF) အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရှိရပါသည်။

မွန်ပြည်သစ်တပ်အား တိုက်ခိုက်ခြင်းကို ရှူတ်ချသည့် ဆန္ဒပြပွဲ ပြုလုပ်


 29.7.2013

ဇူလိုင်လ (၂၉) ရက်နေ့ နံနက် ၉ နာရီ ၃၀ မှ ၁၁ နာရီ အထိ ထိုင်းနိုင်ငံမြန်မာသံရုံး ရှေ့တွင် မွန်ပြည် သစ် ပါတီ တပ်ဖွဲ့အား အစိုးရ တပ်မှ ဝင်ရောက် တိုက်ခိုက်ခြင်းကို ရှူတ်ချသည့် ဆန္ဒပြပွဲ တစ်ရပ် ပြုလုပ် ခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်အား ဒုတိယကမ္ဘာစစ်အတွင်း လိင်ကျွန်အဖြစ်စေခိုင်းခံခဲ့ ရသည့် အမျိုးသမီးများက ဆန္ဒပြ

 
29.7.2013
ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား သမ္မတ ဘနီနို အာကွီနိုမှ မာလက်ကာနန်နန်းတော်တွင် လက်ခံတွေ့ဆုံနေသည့် အချိန်တွင် ဒုတိယကမ္ဘာစစ်အတွင်း လိင် ကျွန်အဖြစ် စေခိုင်းခံခဲ့ရသည့် အမျိုးသမီးတစ်စုက နန်း တော်အပြင်ဘက်တွင် ဆန်္ဒပြခဲ့ကြောင်း ဇူလိုင် ၂၈ ရက်က ဆင်ဟွာသတင်းဌာနမှ ဖော်ပြထားသည်။

ကရင် လက်နက်ကိုင်များ အားလုံး တွေ့ဆုံ ဆွေးနွေးမည်

29.7.2013

ကရင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအတွက်တူညီသောအချက်များကိုပူးပေါင်းလုပ်  ဆောင် ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကရင် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တွေ့ဆုံ ဆွေးနွေး မည်ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) မှ ဗိုလ်ကြီးညီညီက The Voice သို့ ပြောကြားသည်။

မဲဆောက်မြို့တွင် မိုးဆက်တိုက် ရွာသွန်း၍ သွားလာရေးခက်ခဲ

29.7.2013
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းသဖြင့် မြို့ အတွင်းရှိ ယာဉ်လမ်းကြောင်းများတွင် ရေလွမ်းမိုးကာ သွားလာရေးအခက်အခဲ ဖြစ်ပွားလျှက် ရှိသည်။

မြန်မာ့ရေတပ်သင်္ဘော မောင်တောသို့ အ၀င်အထွက်အတွက်နယ်စပ်ဖြတ်ကျော်ရမှုအပေါ် ကြိုတင်သတင်းပေးသွားလာရန် ဘင်္ဂလားဒေ့ရှ်မှ အကြောင်းကြားစာပေးပို့



29.7.2013 

မြန်မာ့ရေတပ်မှ တပ်မတော်ရေယာဉ်တစ်စင်း နတ်မြစ်ဝသို့ ကင်းလှည့်ရန် ဖြတ်သန်းဝင်ရောက်ရာတွင် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကို ဖြတ်သန်းခဲ့မှုနှင့် ပတ်သက်၍ နောက်နောင်မောင်တောသို့ ၀င်ထွက်သွား လာရာတွင် ကြိုတင်သတင်းပေးအသိပေးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ စာပို့ကန့်ကွက် တောင်း ဆိုထားကြောင်း သိရသည်။

ဘားအံစက်မှုဇုန်ရှိ UMH အထည်ချုပ် စက်ရုံတွင် ဇူလိုင်လ တစ်လအတွင်း လုပ်သားဦးရေ သိသာစွာမြင့်တက် လုပ်သားအများစု အနေဖြင့် ထိုင်းမှ အပြီးပြန်လာပြီး အခြေတကျ နေထိုင်လုပ်ကိုင်ခြင်းဖြစ်




29-7-2013

ဘားအံစက်မှုဇုန်ရှိ UMH အထည်ချုပ် စက်ရုံတွင် ဇူလိုင်လ တစ်လအတွင်း လုပ်သားဦးရေ ယခင် ၁၅၀ ရှိရာမှ ဦးရေ ၂၅၀ အထိ သိသိသာသာ မြင့်တက်မှု ရှိနေပြီး လုပ်သားအများစု အနေဖြင့် ထိုင်းနိုင်ငံမှအပြီး အပိုင်ပြန်လာပြီး အခြေတကျ နေထိုင်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းဆေးရုံမှရင်နင့်စရာဖြစ်ရပ်


29.7.2013
ကျောက်ပန်းတောင်းမြို့နယ် သံဘိုချောင်းဖျားကျေးရွာက ကိုအောင်လှိုင်ဝင်း၊မဖြူဖြုစန်းတို့ရဲ့  လေးနှစ် ငါးလအရွယ် သမီးကလေး မကျော့မွန်အေးဟာ သွေးလွန်တုပ်ကွေးလို့ ယူဆလို့ရတဲ့ ရောဂါ နဲ့ ကျောက်ပန်းတောင်းဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတို့ရဲ့ပေါ့လျော့စွာနဲ့ ဂရုမစိုက်မှုကြောင့် အသက် ဆုံးရှုံးခဲ့ ရပါတယ်။

တပ်မတော်နှင့်တအောင်းအမျိုးသားတပ်မတော်တို့တိုက်ပွဲဖြစ်ပြန်


29.7.2013

ကွမ်လုံအခြေစိုက်ခလရ ၁၄၅ နှင့် ပန်ဆေးပြည်သူ့စစ်ပူးပေါင်းတပ်တို့ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A တပ်ရင်း ၁၁၂ နှင့် ကွတ်ခိုင်မြို့နယ် ကန်ပါဖိုကျေးရွာ အနီးတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရှိရပါသည်။

ပွင့်လင်းမြင်သာမှုမရှိခဲ့သည့် မြန်မာ-တရုတ်ပိုက်လိုင်းဖွင့်လှစ်ပြီ



29.7.2013
 
ယခင်အစိုးရ လက်ထက်က ပွင့်လင်းမြင်သာမှုမရှိဘဲ တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသည့် စာချုပ်ထား မှုတွင် တစ်ခုအပါအ၀င် ဖြစ်သည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ဇူလိုင်လ ၂၈ ရက်က မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးဌာနတွင် ကျင်းပ ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ပထမဆုံးကောင်းကင်ရထားစီမံကိန်းမြန်မာနိုင်ငံမှာစတင်


29.7.2013
မြန်မာနိုင်ငံမှာ ပထမဆုံးကောင်းကင်ရထား(ခ) ပြေးဆွဲဖို့ စီမံကိန်းကို စတင်ရေးဆွဲနေပါပြီ ။ ကောင်းကင် ရထားစီမံကိန်းကို ကရင်ပြည်နယ်၊ ဇွဲကပင်တောင်က ဆံတော်ရှင်ဘုရားကိုအလွယ်တကူ တက်ရောက်နိုင်ဖို့ဖြစ်ပါ တယ်တဲ့။

Saturday, July 27, 2013

KNPP ၏ အပစ်အခတ် ရပ်စဲရေး နောက်ဆုံး အခြေအနေ


27-7-2013

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သည် ၂၀၁၂ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် အစိုး ရနှင့် အပစ်အခတ်ရပ်စဲခဲ့ပါသည်။အစိုးရ ပြည်နယ်အဆင့်နှင့်အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးပြီး   ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် နှစ် ကြိမ်တိုင် တရားဝင် ဆွေးနွေး ခဲ့ပါသည်

DKBA ၏ ဖွံ့ဖြိုးမှု နောက်ဆုံး အခြေအနေ

 
 27-7-2013

ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် အစိုး ရနှင့် အပစ် အခတ် ရပ်စဲခဲ့ ပါသည်။ အပစ်အခတ် ရပ်စဲရေးအတွက် သဘော တူညီချက် (၆)ချက်ဖြင့် က ရင်ပြည်နယ် အစိုးရနှင့် စာချုပ် ချုပ်ဆို ခဲ့ခြင်းဖြစ်ပါသည်။

ကရင်ပြည်နယ် AA ၊ BB လိုင်စင်ယာဉ်များ အရစ်ကျရောင်းမည်

27-7-2013

မြန်မာနိုင်ငံ အတွင်းသို့ လိုင်စင်မဲ့ မော်တော်ယာဉ်များ အဓိကတင်သွင်းနေသော မြဝတီ အပါအ ဝင်ကရင်ပြည်နယ်ရှိမြို့များအတွင်းAA၊BBနံပါတ်ပါလိုင်စင်ယာဉ်များကိုအရစ်ကျစနစ်ဖြင့် ရောင်း ချပေး သွားမည် ဖြစ်ကြောင်း မြဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရှိ ခရိုင် ဦးစီးမှူး ဦးသံခဲက The Voice သို့ ပြောကြားသည်။

KNU ၏ မြေယာပေါ်လစီကိစ္စ မြန်မာအစိုးရကို တင်ပြဆွေးနွေးသွားမည်

27-7-2013

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေအတွင်း ကရင်လူထုမှ ပိုင်ဆိုင်ခွင့်ရှိသည့် လယ်ယာမြေ များကို ကာကွယ်ရန် ၎င်းတို့ချမှတ်ထားသော မြေယာပေါ်လစီကို ပိုမိုပြည့်စုံခိုင် မာ မှုရှိအောင် ပြုလုပ်ပြီး အစိုးရ ထံသို့ တင်ပြဆွေးနွေးသွားမည်ဟု KNU က ပြောကြားလိုက်သည်။

Friday, July 26, 2013

၂၀၀၈ ဖွဲ့စည်းပုံကို စွဲကိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ဒေါ်စုဝင်လာပါက KNU လက်ခံဖွယ်မရှိ

26.7.2013

လက်ရှိ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ   ဒေါ်အောင်ဆန်စု ကြည်သည် တည်ဆဲဥပဒေဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံကို စွဲကိုင်ကာ ငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်အ တွင်း ဝင်လာပါက ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် လက်ခံနိုင်ဖွယ်မရှိကြောင်း KNU ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူဗဒိုမန်းငြိမ်းမောင်  က ယနေ့ ပြောကြားလိုက်သည်။

၂ ကြိမ်တိုင်တိုင်အဓမ္မပြုကျင့်ရန်ကြံစည်သူနိုင်ငံခြားသားဝန်ထမ်းအား ရဲမှအရေးမယူရဲ



 26.7.2013

ကျောက်ဖြူမြို့နယ် ဂုံးရှိန်ကျေးရွာ အနီးတွင် တည်ရှိသော လုပ်ငန်းခွင်တစ်ခုတွင် နေ့စား အလုပ်သမား တစ်ဦးကို နိုင်ငံခြား အလုပ်သမား တစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင့်ရန် ကြံစည်သည်ကို ရဲသို့ သွားရောက် တိုင်ကြားသော်လည်း ရဲက အရေးမယူရဲဘဲ ဖြစ်နေကြောင်း သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင်တဦးအား ထိုင်းအစိုးရမှ ဖမ်းဝရမ်းဆုငွေ ၅ သန်း အထိတိုးမြှင့်



26.7.2013
မြန်မာနိုင်ငံသား တာချီလိတ်မြို့နေ နမ့်ပုံ ပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေးအားမူးယစ်ဆေးဝါးမှုဖြင့် ထိုင်းအစိုးရက ဖမ်းဝရမ်းဆုငွေ ထိုင်းဘတ်၂သန်းမှ ဘတ် ၅သန်းတိုးမြှင့်လိုက်ကြောင်း ထိုင်းမူးယစ်ရဲ အဖွဲ့က ပြောကြား လိုက်ပါသည်။ 

နိုင်ငံသားအကျဉ်းသားဟု အစိုးရသတင်းစာသုံးနှုန်းခြင်း နိုင်/ကျဉ်းဟောင်းများ ကန့်ကွက်

 
26.7.2013
နိုင်ငံသား အကျဉ်းသား ၇၃ဦးကို နိုင်ငံတော် သမ္မတကလွတ်ငြိမ်းချမ်းသာခွင့် ပြုသည်ဟုနိုင်ငံပိုင် မီဒီယာ များ၏ ထုတ်ပြန် ကြေညာချက်တွင်ပါရှိသော နိုင်ငံသား အကျဉ်းသားဆိုသည့် အသုံးအနှုန်းကို နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့က ကန့်ကွက်ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

လက်ပံတောင်းတောင်စီမံကိန်း စာချုပ်အသစ်ပြန်လည်ချုပ်ဆိုခြင်းပွင့်လင်းမြင်သာမှုမရှိ


 26.7.2013
အငြင်းပွားစရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သတ္တုတွင်းဝန်ကြီးဌာန မြန်မာ စီး ပွားရေး ဦးပိုင်လီမိတက် နဲ့ ၀မ်ပေါင် ကုမ္ပဏီတို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြန်လည် ပြင်ဆင် ချုပ်ပြီး ဖြစ်တဲ့အကြောင်း သတ္တုတွင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ဒီနေ့မှာ တင်ပြခဲ့ပါတယ်၊ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်လို့ လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြု တင်ပြထားတဲ့အပေါ် အခြေခံပြီး အခုလိုစာချုပ်ကို ပြင်ဆင်ချုပ်ဆိုပေမဲ့လည်း ဒေသခံတွေကို ချပြပြော ဆိုတာတွေမလုပ်ဘဲ ချုပ်ဆိုတဲ့အတွက် ပွင့်လင်းမှုမရှိဘူးလို့လည်း လက်ပံတောင်းဒေသခံတွေ ပြောပါ တယ်။

မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေကြောင်း ပြေးဆွဲရေးအတွက် ပြည်နယ်အစိုးရသို့ လာရောက်တင်ပြ


26.7.2013
 
မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေကြောင်း ပြေးဆွဲရေးအတွက် ထိုင်းလေကြောင်း NOK AIR မှ အကြီးအကဲများ မွန်ပြည်နယ် အစိုးရအဖွဲ့သို့ လာရောက်တင်ပြ ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။

ဆေးရုံထဲသို့ အရက်ပုလင်းနှင့် ဆိုင်ကယ်စီး ဝင်လာသော ဆရာဝန် သတင်း ဖြစ်ရပ်မှန်



 26.7.2013

၂၁ရက်နေ့   ည ၉ နာရီလောက်မှာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့  ကျောက်ဆည်ဆေးရုံကို accident ဖြစ်တဲ့ လူနာနှစ်ယောက် ရောက်လာပြီး လူနာများ၏အခြေအနေမှာ ဦးခေါင်းထိထား ၍ ကောင်းစွာ သတိမရကြောင်းသိရပါတယ်။

အဆိုပါလူနာ များနှင့် ပါလာသော ယာဉ်ထိမ်းရဲ နှစ်ယောက်မှာ ဆရာဝန်စမ်းသပ် ခန်းထဲသို့ ဝင်လာပြီး လူနာများအား လှုပ်နိုးပြီး၊ နာမည်၊ အသက် စသည်တို့ ကို မေးတဲ့အခါ တာဝန်ကျ ဆရာဝန်များထဲမှ ဆရာဝန်တယောက်က လူနာကကောင်းကောင်း သတိမရသေးသဖြင့်၊ အရေးပေါ်အခြေအနေဖြစ်ေ ကြာင်း ဆရာဝန်အခန်းအပြင်မှ စောင့်ရန်ပြောသဖြင့်၊ အရက်လည်းမူးနေတဲ့ ယာဉ်ထိမ်းရဲ ၂ပွင့် ဦးအေး ကိုကိုမှ အခန်းအပြင်ဘက်သို့ ထွက်သွားရ၍ မကျေနပ်ကြောင်း ပြောဆိုနေခဲ့ပါတယ်။

တိုင်းရင်းသား တပ်ပေါင်းစု UNFC က ဦးဆောင်ပြုလုပ်မည့် တိုင်းရင်းသား ညီလာခံကို ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံတွင် ပြုလုပ်မည်



 26.7.2013

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှဦးဆောင်ပြီး ပြုလုပ်မည့် တိုင်းရင်းသား ညီလာခံကို ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံတွင်ပြုလုပ်မည် ဖြစ်ကြောင်း UNFC ၏ ဒုတိယအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဇူလိုင် ၂၄ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

မွန်ပြည်သစ်တပ်ဖွဲ့အားတိုက်ခိုက်သည့်အပေါ် ထိုင်းရောက်မွန်များဆန္ဒပြမည်





26.7.2013

တနင်္သာရီတိုင်း မြိတ်ခရိုင်အခြေစိုက်မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ သုမင်္ဂလံတပ်စခန်းနှင့်   ကျေးရွာကို အစိုးရတပ်ဖွဲ့တို့ကလာရောက် တိုက်ခိုက်မီးရှို့လိုက်သည့်အပေါ် ထိုင်းနိုင်ငံရောက် မွန်အမျိုး သားများကလာမည့် ဇူလိုင်လ၂၉ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုပွဲ ကျင်းပ သွားရန် ရှိကြောင်း သတင်း ရရှိ ပါသည်။

ဝန်ကြီးဌာန ရုံးဟောင်းလေးလုံးကို ဟိုတယ်အဖြစ် ပြောင်းလဲသွားမည်



 26.7.2013

ကိုလိုနီခေတ်လက်ကျန် အဆောက်အဦးတွေဖြစ်တဲ့ ဝန်ကြီးဌာနရုံးဟောင်း ၄လုံးကိုပုဂ္ဂလိက လုပ်ငန်း ရှင်တွေထံလွှဲပြောင်းပေးပြီး ဟိုတယ်လုပ်ငန်းတွေအဖြစ် ပြောင်းလဲအသုံးပြုသွားမယ် လို့မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် အကြီးအကဲတွေကဒီနေ့ပြောလိုက်ပါတယ်။

ဝန်ကြီးအပြောင်းအလဲတွေအပေါ်သုံးသပ်ချက်




27.07.2013
 
ဝန်ကြီးနဲ့ ဒုတိယ၀န်ကြီးတွေအပါအ၀င် အဆင့်မြင့်ရာထူး ၂၀ကျော်ကို မြန်မာအစိုးရကပြောင်းလဲ ခန့် အပ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အစိုးရအဖွဲ့တွင်း အပြောင်းအလဲတွေဟာ ထိပ်တန်းခေါင်း 
ဆောင်တွေကြား အားပြိုင်မှုအဖြစ် မြန်မာနိုင်ငံမှာ တွေ့မြင်ရလေ့ ရှိတတ်ပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ် ငန်းတွေ အားကောင်းလာစေဖို့ ရည်ရွယ်တဲ့ လက္ခဏာတွေလည်း တွေ့ရတယ်လို့ အကဲခတ်တွေ ကတော့  မြင်နေကြတာပါ။

Thursday, July 25, 2013

အသိမ်းခံမြေများကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိရန် ဒေသခံများကို မြန်မာစစ်တပ်ကမ်းလှမ်း


25.7.2013

တောင်ငူမြို့နယ် သံတောင်ကြီး(တောင်စခန်း)မြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက် ခံ ဘုရင့်နောင် ကြည်း၊ ရေ၊ လေ တိုက်ခိုက်ရေးသင်တန်းကျောင်းမှ သိမ်းယူထားသော တောင် ယာများကို ပြန်လည်လုပ်ကိုင်လို သည့် ဒေသခံများအနေဖြင့် လာရောက်စာချုပ်ချုပ်ဆိုရန် ၎င်း စစ်တပ်က ကမ်းလှမ်းထားသည်ဟု သိရသည်။

မြေမြုပ်မိုင်း အန္တရာယ် DKBA နှင့် BGF စုပေါင်းဖြေရှင်း

 
DKBA ခေါင်းဆောင်သည် အစိုးရ ကိုယ်စားလှယ်နှင့်အတူ (ဓါတ်ပုံ - DKBA)

ကရင်ပြည်နယ်၊ လှိုင်းဘွဲ မြို့နယ်၊ မြိုင်ကြီးငူ ဒေသမှ ကျေးရွာ (၆) ရွာနှင့် ပတ်ဝန်းကျင် ဒေသများရှိ မြေမြုပ် မိုင်း အန္တရာယ်ကို  ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) နှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့က စုပေါင်း ဖြေရှင်း ခဲ့ကြောင်း၊ DKBA ကလို့ထူးဝါးမှ တပ်မဟာ ထောက်လှန်းရေးမှူး ဗိုလ်ကြီး သရီးတူး က ဆိုပါသည်။

ဒေသဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်ရန် ကရင်နှင့် ရှမ်း နယ်ခြားစောင့် တပ်များတွေ့မည်


25.7.2013

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်သုံး ခုနှင့် ရှမ်းပြည်နယ် လောက်ကိုင် နယ်ခြားစောင့်တပ်မှ ခေါင်းဆောင်အချို့ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော် က The Voice သို့ပြောကြားသည်။