address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, July 18, 2013

မူးယစ်တိုက်ဖျက်ရေးကိုအစိုးရက ဒေသခံတိုင်းရင်းသားများနှင့် မပူးပေါင်းလို



18.7.2013
မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါးကို တိုင်းရင်းသားအဖွဲ့များမှ ဖျက်ဆီးရှင်းလင်းရာ တွင် အစိုးရ မှပူးပေါင်းလိုစိတ်မရှိကြောင်း အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးစားမှုနှင့် တရားမ ၀င် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် ဆီ(RCSS) မှ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောကြားခဲ့ပါသည်။


အစိုးရကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငယ်များဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုပူးပေါင်းဆောင် ရွက်လို စိတ်မရှိဘဲ ကုလသမဂ္ဂမူးယစ်တိုက်ဖျက်ရေးအဖွဲ့( UNODC )အဖွဲ့နှင့်သာ လုပ်လိုကြောင်း၊ တိုင်းရင်းသား အဖွဲ့များနှင့် လုပ်ဆောင်လျှင် အဆင့်အတန်း ပေးလိုက်မသလိုဖြစ်ပြီး စိုးရိမ်ပူပန်နေတဲ့ အတွက် ဒီနှစ်မှာ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးကို အခမ်းအနားနဲ့လုပ် နိုင်တော့မှာမဟုတ်ဘူးလို့ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါ သည်။

အစိုးရအနေနဲ့ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကို မီးရှို့ပြတာနှစ်တိုင်းလုပ်နေကျပါ ၊ဒါပေမယ့် နိုင်ငံတ ကာကိုပြ စားဖို့အတွက်ပါပဲ ဘာကြောင့်ပြောရသလဲဆိုရင် တအောင်းဒေသက မူးယစ်ဆေးဝါးဖြန့်တဲ့ သူတွေဟာ ပြည်သူ့စစ်တွေ ဖြစ်လို့၊ ပန်ဆေးကျော်မြင့်ဆိုရင် အခုဆို ပြည်သူ လွှတ်တော်အ မတ်တောင်ဖြစ်နေပြီလို့ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး(PSLF)အတွင်းရေးမှူးဖြစ်သူ တာအိုက်ဖုန်းက ဆိုပါသည်။

တိုက်ဖျက်ရေးအပိုင်းကျတော့ အစိုးရနဲ့ပူးပေါင်းပြီး ဘယ်တော့လောက်စပြီးတိုက်ဖျက်နိုင်မလဲဆိုတာ အရေးကြီးပါတယ်၊ ခက်တာကအစိုးရဘက်ကအရေးယူဆောင်ရွက်တဲ့အပိုင်းမှာ ကျွန်တော် တို့အောက့်ခြေ အဖွဲ့တွေနဲ့ပူး ပေါင်းပြီး လုပ်ဆောင်မှသာ အရာရောက်နိုင်မှာပါ။

အစိုးရသည်  မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနား များကို နှစ်စဉ် ကျင်းပ လာခဲ့ပါသည်။ အစိုးရ၏ တိုက်ဖျက် မှုများသည်လည်း လူကြား ကောင်းရုံသာ ဘန်းပြပီး လူမျိုးစု လက်နက်ကိုင် အဖွဲ့ များကိုသာ အပြစ်တင် စွပ်စွဲလေ့ ရှိပါသည်။ တကယ် လက်တွဲ၍ တိုက်ဖျက်မည် ဆိုလာ လျှင် နောက်ဆုတ် တတ်ပါသည်။ ဤသို့ကြောင့် အစိုးရ၏ မူးယစ် ဆေးဝါး တိုက်ဖျက်မှု အစီစဉ် သည် UN ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရံပုံငွေ ရယူရေး ကိုသာ ဦးတည် ဆောင်ရွက် ခဲ့ခြင်း သာ ဖြစ်ကြောင်း ဆိုကြပါသည်။



No comments:

Post a Comment