address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 24, 2013

လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးအကျဉ်းချ နေမှုများအပေါ် နိုင်ငံရေးအင်အားစုများ ယနေ့စုံညီ ဆွေးနွေးမည်




24.7.2013

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးအကျဉ်းချ နေမှုများအပေါ် နိုင်ငံရေး အင်အားစုများက ဇူလိုင် ၂၄ ရက် ယနေ့နံနက်ပိုင်းတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် စုံညီတွေ့ ဆုံပြီး ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးဘောင်းဘောင်းက ပြောကြားသည်။


အဆိုပါ ဆွေးနွေးမှုတွင် နိုင်ငံရေးပါတီအချို့၊ MPC၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး ကွန်ရက်၊ ကျောင်းသားသမဂ္ဂ၊ မျိုးဆက်လှိုင်း (Generation Wave)၊ ရှေ့နေများကွန်ရက်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ စသည့်အဖွဲ့အစည်း အသီးသီးမှ တက်ရောက်ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေမှုများ အပေါ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ အိတ်ဖွင့်ပေးစာများ ပေးပို့ရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment