address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 31, 2014

ကော်သူလေး တပ်မတော် တနှစ်အတွင်း ဖွဲ့စည်းရန် စီစဉ်နေ



31 .10. 2014 

ကရင် တိုင်းရင်းသား လက်နက်ကိုင်များ စုစည်းထားသည့် ကော်သူလေး တပ်မတော် ပေါ်ပေါက်ရေးအတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် တနှစ်အတွင်း အပြီးသတ် ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း သိရသည်။

Thursday, October 30, 2014

ကေအန်ယူ အရေးပေါ်အစည်းအဝေး မေးမြန်းချက်



30 .10. 2014 
ကရင်အမျိုသားအစည်းအရုံး (ကေအန်ယူ)ရဲ့ သီတင်းတပတ်နီးပါကြာ ကျင်းပခဲ့တဲ့ အရေးပေါ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးမှာ ဘာတွေ အဓိကထားဆွေးနွေးခဲ့ကြလဲဆိုတာနဲ့ ပတ်သက်ပြီး ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒို စောသမိန်ထွန်းကို နော်နိုရင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

Wednesday, October 22, 2014

ယူအင်န်အက်ဖ်စီ ခွဲထွက်သွားတဲ့ ကေအင်န်ယူအပေါ် ဆလိုင်းလျန်မှုန်း ဆာခေါင်း ဘယ် လိုမြင်သလဲ



22.10.2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများပြုလုပ်နေစဉ် ကရင့်အမျိုးသား အစည်းအရုံး KNU နှင့်ပတ်သက်၍ တိုင်းရင်းသားများထဲမှ နိုင်ငံရေးအကျိုး အမြတ်အတွက် သီးသန့်ခွဲထွက်ခြင်း၊ အကျိုးအမြတ်ရရှိရေး ဆောင်ရွက်နေခြင်း စသည်ဖြင့် KNU အပေါ် ကောလာဟလ ထွက်ရှိခဲ့ခြင်းတို့နှင့်ပတ်သက်၍ သုံးသပ်ပေး နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ပြီး ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စဉ် အခြေအနေများကို ကရင်အမျိုးသားအစည်းအရုံး [KNU] အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် တွေ့ဆုံခြင်း




 
‘‘ကရင်မှာဖြစ်တာ အများစုက သံသယစိတ်နဲ့ အောက်ခြေမှာ နားမလည်မှုတွေကြောင့် ဖြစ်တယ်’’
===================================================
22.10.2014

ပြည်ထေင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့( NCCT) တို့ ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲအပြီး စက်တင်ဘာနောက်ဆုံးပတ်က ကရင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခအချို့ ပြန်လည်ဖြစ်ပွားခဲ့သည်။

ကျိုက်ထီးရိုး တောင်တက် အထမ်းသမား သမဂ္ဂများ လုပ်ပိုင်ခွင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ စွက်ဖက်ဟု ဆို



22.10.2014

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီးရိုး တောင်ပေါ်ရှိ တောင်တက် အထမ်းသမား သမဂ္ဂများ၏ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဝင်ရောက် လုပ်ကိုင်နေခြင်းကြောင့် မကြေလည်မှုများ ရှိနေသည့်အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့က ဖြေရှင်းပေးရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

Monday, October 20, 2014

ကေအန်ယူက ယူအန်အက်ဖ်စီနှင့် ဆက်လက်တွဲပါ – မန်းအော်လန်ဒို



20.10.2014

ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်လက်ပူးပေါင်းရပ်တည်ဖို့ သြစတြေးလျအခြေစိုက် နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး (အိုင်ကေအို) က တိုက်တွန်းပါတယ်။

ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ သမိုင်းကြောင်းကောင်းကြပါစေ



20.10.2014

ဒီနေ့ကာလဟာ ကေအဲန်ယူအတွက် အရေးကြီးတဲ့ကာလတစ်ခုဖြစ်သလို ကရင်အမျိုးသားတွေအတွက် လည်း အင်မတန် အရေးကြီးပြီး ကေအဲန်ယူဘယ်လိုခြေလှမ်းလှမ်းမလဲဆိုတာ မျက်လုံးဒေါက်ထောက် ကြည့်နေ ပြောနေရမယ့် ကာလလည်း ဖြစ် ပါတယ်။

Sunday, October 19, 2014

KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် တွေ့ဆုံခြင်း




18.10.2014

ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပါဝင်သည့် ကော်သူးလေတပ်မတော် (Kawthoolei Armed Forces – KAF) ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့က ကြေညာချက်ကြောင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် တစ်ဖွဲ့ချင်းစီအကြား ခွဲရေးတွဲရေး စိုးရိမ်ချက်များအပြင် တပ်မတော်နှင့် ကရင်လက်နက်ကိုင်များအကြား ဆက်ဆံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလားအလာများနှင့် ပတ်သက်၍ မေးခွန်းများ ရှိလာသည်။

ခေါင်းဆောင် သားသမီးတွေ သမိုင်းတရားခံ ဖြစ်ကြတော့မလား



18.10.2014

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ကရင်လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့ တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးပြီး ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေငြာချက်ထဲမှာ သူတို့ (၄) ဖွဲ့ဟာ ကော်သူးလေ တပ်မတော် (KAF) အဖြစ် ပြန်လည် ပေါင်းစည်းဖို့ သဘောတူတယ်၊ ကရင် အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်ထားတဲ့ မူ ၄ ချက် အပေါ် ရပ်တည်သွားမယ်၊

Friday, October 10, 2014

ကျိုက်ထီးရိုးဘုရားဖူးရာသီစတင်၍ ရန်ကုန်-ကျိုက်ထို အဲကွန်းအထူးရထား ပြန်လည်ပြေးဆွဲ


10.10.2014

ကျိုက်ထီးရိုးဘုရားဖူး ရာသီ ပြန်လည်စတင်ပြီဖြစ်သော ကြောင့် ကာလရှည်ရပ်နားထား သည့် ရန်ကုန်-ကျိုက်ထို အဲကွန်း အထူးရထား ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းမြန်မာ့မီးရထားမှ သတင်းရရှိသည်။

အစိုးရဝန်ထမ်းနှင့် အရပ်သားနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဆိုသည့် ကလိုထူးဘောအဖွဲ့မှ ဗိုလ်မှူးနှင့်တပ်ဖွဲ့ဝင်နှစ်ဦးကို တပ်မတော်သို့အပ်


10.10.2014

အစိုးရဝန်ထမ်းနှစ်ဦးနှင့် အရပ်သားနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု စွပ်စွဲခံထားရသည့် ကလိုထူးဘောအဖွဲ့မှ ဗိုလ်မှူးနှင့် တပ်ဖွဲ့ဝင်နှစ်ဦးကို ဒီကေဘီအေဌာနချုပ်က ထိန်းသိမ်းကာ အစိုးရတပ်ထံ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

ရနောင်းတွင် တရားမ၀င်ဖုန်းလိုင်းအသုံးပြုမှုဖြင့် မြန်မာအမျိုးသမီး ၈ ဦးကို ဖမ်းဆီး





10.10.2014

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ရနောင်းမြို့ထဲမှာ တရားမ၀င်ဖုန်းလိုင်း အသုံးပြုမှုနဲ့ မြန်မာအမျိုးသမီး ၈ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနှစ်ဦးကို ဗြိတိန်စုံတွဲအား သတ်သည်ဟု စွပ်စွဲခြင်းမှာ မှားယွင်းကြောင်း ထိုင်းမှုခင်း ဆေးပညာ အကြီးအကဲဆို


10.10.2014

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟု မြန်မာနိုင်ငံသား နှစ်ဦးကို မှားယွင်းစွပ်စွဲခြင်းသာ ဖြစ်ပြီး အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် အမှားများ ကျူးလွန်ခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းဆေးပညာဌာန ညွှန်ကြားရေးမှူးချုပ် Khunying Porntip Rojanasunan က ပြောဆိုကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော လူငယ်နှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့သွားမည်




10.10.2014

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော လူငယ်နှစ်ဦး၏ မိဘများကို ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ရေးအတွက် ရခိုင်အဖွဲ့အစည်းများက ကူညီသွားမည်ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က မဇ္ဈိမကိုပြောသည်။
"ကျွန်တော်တို့ ရန်ကုန် မှာနေရေးစားရေနဲ့ ထိုင်းကိုသွားရေးလာရေး ကူညီမှာဖြစ်ပါတယ်" ဟု ကိုတင်ထူးအောင်က ပြောသည်။

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီကမ်းရိုးတန်းသွား အမြန်ရေယာဉ်များနှင့် မြိတ်-ရနောင်းသွား ကုန်တင်လှေအချို့ ရပ်နားထားရ



10.10.2014

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေ သော Hud Hud မုန်တိုင်း၏ အရှိန်ကြောင့် တနင်္သာရီကမ်းရိုးတန်းသွား အမြန်ရေယာဉ်များနှင့် မြိတ်-ရနောင်းသွား ကုန်တင်လှေအချို့ ရပ်နားထားရကြောင်း သိရသည်။

Sunday, October 5, 2014

မြန်မာနှစ်ဦးက လူသတ်တရားခံအစစ်လား



5.10.2014

‘‘ဒီမြန်မာတွေဟာ လူသတ်သမား အစစ်တွေလို့ သင်ထင်ပါသလား’’၉၅ ရာခိုင်နှုန်းကျော်က ‘‘မထင်ဘူး’’ ဟု ဖြေ ဆိုကြပြီး ၄ ရာခိုင်နှုန်းကျော်က ‘‘ထင်တယ်’’ ဟု ဖြေဆိုထားသည်။

ယင်းစစ်တမ်းကို ထိုင်းရဲတပ်ဖွဲ့ နှင့် သဘောထားချင်းမတူညီသည့် ထိုင်း ပြည်သူများ တည်ထောင်ထားသော ‘‘CSI LA’’ အဖွဲ့က ကောက်ယူနေခြင်း ဖြစ်သည်။

Thursday, October 2, 2014

တကျော့ပြန် စိုးရိမ်မှုတွေ မြင့်တက်နေတဲ့ မြ၀တီ




2.10.2014 

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တာမို့ ပုံမှန်အားဖြင့် ကုန်စည်စီးဆင်းမှု များပြားပြီး လူဝင်လူထွက် ရှုပ်ထွေးလှတဲ့ မြ၀တီမြို့ လေးက စက်တင်ဘာလနှောင်းပိုင်းမှာတော့ တိတ်ဆိတ်ခြောက်ကပ်သွားပြီး လူဝင်လူထွက်လည်း ရုတ်ချည်းဆိုသလို လျော့ကျ သွားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ် နဘူးလမ်းပိုင်းတွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဆက်လက်ဖြစ်ပေါ်


2.10.2014

ကရင်ပြည်နယ် ကော့ကရိတ် နဘူးလမ်းပိုင်းတွင် အောက်တိုဘာ ၁ ရက်က ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ပြောကြားချက်အရ သိရသည်။