10.10.2014
‘‘ဒီကေဘီအေက ဗိုလ်ချုပ် ကြီးစောလားပွယ်အဖွဲ့ကနေဖမ်း ပြီး စစ်တပ်ကို အပ်တယ်။ စစ် တပ်ကမှတစ်ဆင့် ကျွန်တော်တို့ ဆီကို လာအပ်တာပါ။ အခုစခန်း မှာ ထိန်းသိမ်းထားပါတယ်’’ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲ အရာရှိတစ်ဦးက ပြောသည်။
ဝေါလေမြို့နယ်ခွဲမှ တိ-မွေး-ကုဌာန အရာရှိတစ်ဦးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးပါဝင်ပြီး အမျိုး သမီးတစ်ဦး၊ (၃)နှစ်အရွယ်ကလေး ငယ်တစ်ဦးတို့ကို ကလိုထူးဘော အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့က အောက် တိုဘာ ၆ ရက်တွင်ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၇ ရက်၌ ပြန် လွှတ်ပေးခဲ့ကြောင်း မြဝတီမြို့မရဲ စခန်းမှ သတင်းရရှိသည်။
လွတ်မြောက်လာသူ တိ- မွေး-ကုဌာန အရာရှိအမျိုးသား က တရားလိုလုပ်ကာ မြဝတီရဲ စခန်းတွင် အောက်တိုဘာ ၇ ရက် က အမှုဖွင့်ခဲ့ပြီး ထိုနေ့တွင်ပင် ပြစ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ ရသူများကို ဒီကေဘီအေဌာနချုပ် က ထိန်းသိမ်း၍ အစိုးရတပ်ထံ အပ်ခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသားတပ်မတော် (DKBA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စော လားပွယ်၏ အစီအစဉ်ဖြင့် အစိုး ရတပ်ခြေလျင်တပ်ရင်း ခလရ (၂၇၅)ထံအပ်နှံခဲ့ပြီး ကလို့ထူး ဘောအဖွဲ့ (ယခင်ဒီကေဘီအေ ရခိုင်တပ်)မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးနှင့် တပ်ဖွဲ့ဝင်နှစ်ဦးကို လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိက ပြောသည်။
7 Day Daily
No comments:
Post a Comment