16.1.2014
ဒါက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ကျနော်တို့ အစိုးရရော ပြည်သူတွေက လက်မခံဘူးဆိုတာရှင်းလင်းပြီးသားပါ ပြီးတော့ ဒီဘင်္ဂလီအရေးဟာ ကျနော်တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့ကျန်တဲ့နိုင်ငံတွေက တောင်းဆိုလာရင်လည်း ကျနော်တို့ အာဆီယံဥက္ကဌ တာဝန်ယူချိန်မှာအာဆီယံအစည်းအဝေးတွေမှာ လက်ခံဆွေးနွေးသွားမှာ မဟုတ်ပါဘူး။အကြံပေးတာဆိုရင်တော့ ကျနော်တို့နိုငိငံနဲ့ ကိုက်ညီတာကို လက်ခံသွားမှာပါဟု၎င်းကပြောသည်။
မြန်မာမှအာဆီယံဥက္ကဌတာဝန်စတင်ရယူချိန်တွင်ပထမဆုံးအနေဖြင့်ကျင်းပသည့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့်နှင့်ဆက်စပ်အစည်းအဝေးများကို ဇန်န၀ါရီ၁၆ရက်မှစတင်ကာ ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင် စတင်ကျင်းပသည်။
ဇန်န၀ါရီလ(၁၅)ရက်နေ့တွင် အစည်းအဝေးသို့တက်ရောက်လာမည့် အဆင့်မြင့် အရာရှိများနှင့် ညစာစားပွဲပြုလုပ်မည်ဖြစ်ကာ
ဇန်န၀ါရီလ (၁၆)ရက်နေ့နံနက်ပိုင်းမှ စတင်၍ အစည်းအဝေးအဖွင့်နှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ အစည်းအဝေးတို့ကို စတင်ကျင်းပသည်။
ထို့ပြင်ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသီးသန့်အစည်း အဝေးကို ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးပွဲအစီစဉ်အချိန်ဇယားထုတ်ပြန်ချက်အရသိရသည်။
Popular Myanmar News Journal
No comments:
Post a Comment