address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 22, 2014

အနုပညာရှင်များစွာ ပါဝင်မည့် ပရဟိတ ဈေးရောင်းပွဲတော် ကျင်းပမည်


22.1.2014

ထောက်ပံ့မှုများစွာ လိုအပ်နေသည့် မိဘမဲ့ ကလေးများနှင့် နာရေးကူညီမှု အသင်းတို့ကို လှူဒါန်းနိုင်ရန်အတွက် အနုပညာရှင်များစွာ ပါဝင်မည့် ပရဟိတ ဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် ဥယျာဉ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း The Action Foundation မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဈေးရောင်းပွဲတော် ပြုလုပ်နိုင်ရန်အတွက် လှူဒါန်းမည့် ငွေများကို ကြိုတင် စုဆောင်းခြင်းများ ပြုလုပ်ခဲ့ပြီး အမှန်တကယ် လိုအပ်သည့် နေရာများကို သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း၊ ပွဲတော်နေ့ တစ်နေ့လုံး အနုပညာရှင်များစွာက ဖျော်ဖြေမှု များ ပြုလုပ်ပေးမည် ဖြစ်ပြီး ရောင်း၍ရသည့် ငွေများအားလုံးကို လှူဒါန်းမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အခုလို ပရဟိတ ဈေးရောင်းပွဲလေးမှာ ကိုယ်တတ်နိုင်တဲ့ နေရာကနေ ကုသိုလ်ပြုခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ ကျွန်မက ကချင် စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေ ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်” ဟု တေးသံရှင် Mဆိုင်းလာက ပြောကြားသည်။

ယင်းပွဲတော်တွင် တေးသံရှင် စည်သူလွင်၊ ဆောင်းဦးလှိုင်၊ ဖြိုးကြီး၊ ဒီဥက္ကာ၊ ရိန်မိုး၊ အစိုင်း၊Black Hole၊ လင်းနစ်၊ ဂျက်ဆန်ထွန်း၊ သားစိုး၊ ရိုတ၊ စောဖိုးခွား၊ ohn Skid၊ Sparrow၊ လွင်ထူး၊ နီတာ၊ ဟဲလေး၊ ထွန်းအိန္ဒြာဗို၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ မီးမီးခဲ၊ ဂျေညီမလေး၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့်၊ ကာကာ၊ Mဆိုင်းလာ၊ ဝတီ၊ ကတ်သရင်းမီးမီး၊ DDမဈာန်၊ ဇင်မာမိုးစက်နှင့် ဗန်းသော့ကျင်းတို့က ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်မည်ဖြစ်ပြီး အခြားသော ပြဇာတ်များ၊ ၂၀၁၄ သင်္ကြန်အမြည်းများ စသည့် အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း The Action Foundation မှ DD မဈာန်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment