address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 24, 2014

အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ဖို့ NCCT မူကြမ်းကို မူအရ သဘောတူဖွယ်ရှိဟု ဗိုလ်ချုပ်ဂွန်မော်ပြော




24.1.2014

ကရင့်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇နယ်မြေ လော်ခီးလာမှာ ၃ရက်မြောက် ကျင်းပနေတဲ့ ညီလာခံမှာ NCCT ရဲ့မူကြမ်းကို တက်ရောက်လာတဲ့ အဖွဲ့ပေါင်း ၁၇ဖွဲ့က လိုင်ဇာမူ အပြောင်းအလဲဖြစ်ခဲ့ရတဲ့အကြောင်း ရှင်းလင်းခဲ့ပါတယ်။

လော်ခီးလာညီလာခံကနေ NCCT မူကြမ်းနဲ့ပတ်သက်ပြီး မူအရ သဘောတူနိုင်ကြမယ်လို့ သုံးသပ်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆုံးဖြတ်မှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွန်မော်က ဇန်နဝါရီ ၂၂ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲ စတင်ရမှာဖြစ်ပြီး နိုင်ငံရေးမဆွေးနွေးရင် ဒါဟာ တိုင်းရင်းသားတွေ တာဝန်မဟုတ်ဘဲ အစိုးရမှာသာ တာဝန်ရှိတယ်လို့ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီက ဆိုပါတယ်။

တိုင်းရင်းသားအားလုံး လိုလားတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု၊ အမျိုးသားသရုပ်သကန်ကို အခြေခံတဲ့ ပြည်ထောင်စုဖြစ်လာဖို့ မြန်မာလူမျိုးတွေကိုယ်တိုင် ထောက်ခံဖို့လိုတယ်လို့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုပါတယ်။

လက်ရှိ အုပ်ချုပ်သူအစိုးရဟာ အင်မတန်ဉာဏ်များတာကြောင့် တိုင်းရင်းသားတွေရဲ့ စုစည်းညီညွတ်မှုကို ပြည်သူကိုသုံးပြီး တိုက်ဖျက်နိုင်တာကြောင့် တိုင်းရင်းသားတွေအနေနဲ့ စုစည်းညီညွတ်ပြီး လိုချင်တာတွေကို ခိုင်ခိုင်မာမာတောင်းဆိုဖို့လိုတယ်လို့ လော်ခီးလာညီလာခံ စတုတ္ထမြောက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

Kamayut

No comments:

Post a Comment