address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 28, 2014

ငြိမ်းချမ်းရေး တည်တံ့ရေး အခြေခံဥပဒေ ပြင်ဆင်ရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း



28.1.2014

မြန်မာ နိုင်ငံအတွင်းတည်ဆောက် လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များရေရှည်တည်တံ့ နိုင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေးမှာ အဓိကကျ သည့် အချက်တစ်ခုဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

ဇန်န၀ါရီ ၂၅ရက်က ရှမ်း ပြည်နယ်တောင်ပိုင်းမိုးနဲနှင့် လင်းခေးမြို့ရှိ မြို့နယ်ဘောလုံး ကွင်းအတွင်းပြုလုပ်သည့် ရှမ်း တောင်ပြည်သူလူ ထုနှင့် တွေ့ဆုံ သည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေရှင်းလင်းပွဲ၌ ပြောကြား လိုက်ခြင်းဖြစ်သည်။

““ငြိမ်းချမ်းရေးရဖို့ဘယ် လိုဆွေးနွေးသဘောတူညီမှု တွေပဲရှိရှိ ဒီနိုင်ငံ ဆက်ပြီး ငြိမ်း ချမ်းဖို့ဆိုရင် ဒီနိုင်ငံရဲ့ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ အများစု လက်ခံနိုင်တဲ့ ဥပဒေတစ်ခုဖြစ် ရမယ်။ အများစုကလက်ခံနိုင် တဲ့ ဥပဒေမဟုတ်ဘူးဆိုရင် ဒီနိုင် ငံရဲ့တည်ငြိမ်အေးချမ်းမှုပေး နိုင် မှာမဟုတ်ဘူး””ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးရေရှည် တည်တံ့ ရန်အတွက် တန်းတူညီ မျှအခွင့်အရေး လိုအပ်ကြောင်း၊ ပြည်နယ်များ၏နစ် နာမှုများ ကို နိုင်ငံရေးအရဖြေရှင်း ရမည် ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမပြင်ဆင်ပါက ၂၀၁၅ ရွေးကောက်ပွဲမှာ တရား မျှတသည့် ရွေးကောက်ပွဲ မ ဖြစ်နိုင်သည့် အတွက် ၂၀၁၄ အတွင်းအခြေခံ ဥပဒေပြင်ဆင် နိုင်ရေးမှာ အရေးကြီးခြင်းဖြစ် သည်ဟု ၎င်းင်းကဆက်ပြောသည်။

““ဒေါ်စုရဲ့ရပ်တည်ချက်၊ ပြည်သူအပေါ်ထားတဲ့စေတ နာတွေကိုယုံကြည် တယ်””ဟု တောင်ကြီးမြို့နယ်မှ မလွင် က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး ဦးတည်ချက်ဖြင့် ကြားဖြတ် ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ကာ ကိုယ်စားလှယ် ၄၃နေရာဖြင့် အနိုင်ရခဲ့ပြီး ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင် ဆင် ပြုပြင်နိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် တို့နှင့် တွေ့ဆုံဆွေး နွေးနိုင်ရေးအတွက်လည်း အဆို ပါပါတီမှ ကြိုးစားလျက်ရှိသည်။

Yangon Media Group

No comments:

Post a Comment