30.1.2014
ယင်းကဲ့သို့  အခမဲ့ဖြန်ဝေသည့် အခါတွင်လည်း Simcard ထဲတွင် voice Mail အပါအဝင် SMS အစောင် ၅၀ နှင့် စမ်းသပ်ခေါ်ဆိုခ မိနစ် ၂၀၀ အား ထည့်သွင်းပေးသွားမည်ဖြစ်ပြီး အခြားသော ဝန်ဆောင်မှုများကိုလည်း ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ မှ Board of Director ဦးရှိန်းသူအောင်က ပြောသည်။
“အရေအတွက်ကတော့ အကန့်အသတ် မရှိပါဘူး Simcard တွေကိုအခမဲ့ ဖြန့်ဝေပေးမှာပါသြဂတ် မှာဖြစ်နိုင်ဖို့ များပါတယ် ဒီထက်နောက်ကျဖို့ တော့ မရှိပါဘူး” ဟု ဦးရှိန်းသူအောင်က ဆိုသည်။
အခမဲ့ဖြန့်ဝေပေးမည့် Simcrad များအတွက် လိုင်းအရေအတွက် ၁၀ သန်းအားချထားပေးပြီးဖြစ်ပြီး အဆိုပါ Simcard များ၏ နံပတ်အလုံးရေ အရေအတွက်သည် ၉ လုံးနှင့် ၁၀ ခန့်ရှိမည်ဖြစ်ကြောင်း ဦးရှိန်းသူအောင်က ဆက်လက်ပြောသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချ ထားပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေ အနေနဲ့ ကတော့ အားလုံးထက်သာအောင်ပေးမှာဖြစ်ပါတ ယ် ” ဟု ဦးရှိန်းသူအောင်က ထပ်လောင်း ပြောဆိုသည်။
ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီအနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန်အတွက် ၁.၅ ဘီလီယံအား သုံးဆွဲသွားမည်ဖြစ်ကိုလည်း သိရသည်။
ယခင်အစိုးရ လက်ထက်က ရတနာပုံတယ်လီပို့စ် ကုမ္ပဏီသည် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်းခဲ့ပြီး အဆိုပါကုမ္ပဏီသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု တစ်ဝက်ပါဝင်နေကြောင်း သိရသည်။
The Myanma Age
No comments:
Post a Comment