address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 24, 2014

တရုတ်၏ ရန်လိုမှုအန္တရာယ်ကို ရဲရဲရင်ဆိုင်ရန် ကမ္ဘာ့ခေါင်းဆောင်များကို ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း


24.1.2014


ပိုမိုအတင့်ရဲလာနေသည့် တရုတ်အစိုးရကို ရင်မဆိုင်ဘဲနေပါက ဒေသတွင်း ပဋိပက္ခများနှင့် ရင်ဆိုင်ရဖွယ် ရှိပြီး နောက်ဆက်တွဲ စီးပွားရေးကပ်ဘေး ကိုပင် ကြုံတွေ့ရနိုင်သည်ဟု ဂျပန်ဝန်ကြီးချုပ်က ကမ္ဘာ့ အစိုးရ များအား သတိပေးနှိုးဆော်လိုက်ကြောင်း ဇန်န၀ါရီ ၂၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။



ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပနေသော ကမ္ဘာ့စီးပွားရေး ညီလာခံတွင် ပြောကြားခဲ့သော ထူးခြား သည့် သူ၏မိန့်ခွန်းတစ်ရပ်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အရှေ့တရုတ်ပင်လယ်အတွင်းရှိ ကျွန်း စုနှင့်ပတ်သက်ပြီး မိမိတို့အိမ်နီးချင်း အင်အားကြီးနိုင်ငံတစ်ခုနှင့် မိမိတို့ နိုင်ငံအကြား ဖြစ်ပေါ်နေသော ပေါက်ကွဲလာနိုင်ခြေရှိသည့် အငြင်းပွားမှု များတွင် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အကူအညီကို ရယူလိုသော သဘောဖြင့် ပြောကြားလိုက်ခြင်း ဖြစ်သည်။ “အာရှဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများကို ထိန်းချုပ်ကြပ် မတ်ရမည် ဖြစ်ကြောင်းနှင့် အာရှဒေသအတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှု ပျက်ပြားသွားပါက တစ်ကမ္ဘာ လုံးကို ရိုက်ခတ်မည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ အလွန်ကြီးမား မည် ဖြစ်ကြောင်း “ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး ခေါင်းဆောင်များ တက်ရောက်နေသော ညီလာခံအတွင်း အာဘေးက ပြောကြားခဲ့သည်။

ထိုအစည်းအဝေးသို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးလည်း သောကြာနေ့တွင် တက်ရောက်ရန် ရှိသည်။အာရှဒေသ စီးပွားရေးတိုးတက်မှု ၏ အသီးအပွင့်များကို စစ်ရေးတိုးချဲ့ရာတွင် မဖြုန်းတီးသင့်ကြောင်း လည်း သူက ဆက်လက်ပြောကြားခဲ့သည်။

သူ၏မိန့်ခွန်းတွင် အာဘေးက တရုတ်နိုင်ငံဟု တိုက်ရိုက်ထည့်သွင်း မပြောကြားခဲ့သော်လည်း တရုတ်အစိုး ရ၏ အနိုင်ကျင့် စော်ကားမှု ဟုယူဆထားသော ကိစ္စနှင့် ပတ်သက်ပြီး သြဇာတက်္ကိမကြီးမားသော ကမ္ဘာ့ ခေါင်းဆောင်များကို သတိပေးလိုသောသဘောဖြင့် ပြောကြားကြောင်း ကို ဂျပန်အရာရှိများက ကြိုတင် အရိပ်အမြွက် ပြောကြားခဲ့ကြသည်။

လူနေသော်လည်း တွင်းထွက်သတ္တုများဖြင့် ကြွယ်ဝမည်ဟု ယူဆရသော ကျွန်းစုများအပေါ် တရုတ်နှင့် သူပိုင်ငါပိုင် အငြင်းပွားနေခြင်း၊ ဂျပန်နိုင်ငံ၏ ကျယ်ပြောလှသော ကမ်းခြေတစ်လျှောက် တရုတ်စစ် သင်္ဘောများ ကင်းလှည့်သွားလာနေခြင်းနှင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂျပန်နိုင်ငံ၏ လုံခြုံရေးကို တာဝန်ယူလိုစိတ် လျော့ပါးလာခြင်းတို့ကြောင့် ဂျပန်အနေဖြင့် တရုတ် အန္တရာယ်ကို စိုးရိမ်နေသည်။

ဂျပန်အမည် ရှင်ကာကုကျွန်းများဟု ခေါ်ပြီး တရုတ်က ဒီယောင်ယုကျွန်းများ ဟု ခေါ်သည့် ထိုကျွန်းစုနှင့် ပတ်သက်သည့် တင်းမာမှုကြောင့် လွန်ခဲ့သည့်နှစ်များအတွင်း လက်နက်ကိုင်ပဋိပက္ခများအထိ ပွက်လော ရိုက်လာနိုင်သော ရန်လိုသည့် အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သည်။

Mizzima

No comments:

Post a Comment