address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, January 26, 2014

ဝင်းစိန်တောရဆရာတော်ကြီး သက်တော် ၉၃ နှစ်ပြည့် မွေးနေ့ပူဇော်ပွဲ၊ မိဘကျေးဇူးဆပ် ငွေလှူဒါန်းပွဲနှင့် အခမဲ့နိဗ္ဗာန်ဈေး စတုဒိသာကျွေးမွေးပွဲ ကျင်းပ




26.1.2014

မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်း ကျေးရွာရှိ အတောင် ၄ဝဝ ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးတည်ရှိရာ ဝင်းစိန်တောရကျောင်းဆရာတော် ဘဒ္ဒ န္တကေသရ၏ သက်တော် (၉၃)နှစ်၊ ဝါတော် (၄၃)ဝါပြည့် မွေးနေ့ပူဇော်ပွဲ၊ မိဘကျေးဇူးဆပ် ငွေလှူဒါန်းပွဲနှင့် နိဗ္ဗာန်ဈေး၊ စတုဒိသာကျွေးမွေးပွဲများကို ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

“ဆရာတော်ကြီးရဲ့ မွေးနေ့ပူဇော်ပွဲအလှူအဖြစ် ကျောင်းထိုင်ဆရာတော်ကြီး အပါး ၁ဝဝ ကို ဆက်ကပ်လှူဒါန်းခြင်း၊ ပင့်သံဃာတော်အပါး ၁ဝဝဝ ကို နေ့ဆွမ်းဆက်ကပ်ခြင်း လှူဒါန်းပါတယ်။ နောက်ဆရာတော်မွေးနေ့အထိမ်းအမှတ် ဥာဏ်တော် ၂၇ ပေရှိတဲ့ စေတီတော်ကို တည်ထားပါတယ်” ဟု ကျင်းပရေးကော်မတီဥက္က ဒေါက်တာမြင့်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဆရာတော်ကြီးရဲ့ ဒုတိယအကြိမ် မိဘကျေးဇူးဆပ် ငွေလှူဒါန်းပွဲကို တိုင်းပြည်ကြီး ငွေကြေး၊ ကျောက်သံပတ္တမြားပေါကြွယ်ဝစေရန် ရည်ရွယ်ပြီး အသက် ၇၅ နှစ်မှ အသက် ၇၉ နှစ်ထိကို ကျပ် ၂ဝဝဝဝ၊ အသက် ၈ဝ မှ ၈၉ နှစ် အထိကို ကျပ် ၃ဝဝဝဝ နဲ့ အသက် ၉ဝ အထက်ကို ကျပ်တစ်သိန်းစီ လူမျိုးဘာသာမရွေး လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ မိဘကျေးဇူးဆပ်ငွေလှူဒါန်းပွဲကို ဇန်နဝါရီ ၂၄ ရက်ကနေ ၂၆ ရက်အထိ နံနက် (၈) နာရီကနေ ညနေ ၃ နာရီအထိ မည်သူမဆို မှတ်ပုံတင်နှင့်တကွ လာရောက် အလှူခံနိုင်ပါတယ်။ ပြီးခဲ့တဲ့ပထမအကြိမ်က သုံးရက်ကို ငွေ ၇၁၆ သိန်း လှူဒါန်းခဲ့ပါတယ်။ ဒီအကြိမ်ကတော့ နံနက် ၁ဝ နာရီအထိ သိန်း ၂၅ဝ ကျော်လှူဒါန်းပြီးပါပြီ။ နောက် စတုတ္ထအကြိမ် အခမဲ့နိဗ္ဗာန်ဈေး စတုဒိသာကျွေးမွေးလှူဒါန်းပွဲကို တိုင်းပြည်ကြီး စားနပ်ရိက္ခာ ထမင်းရည်ချောင်းစီး ပေါများစေရန်ရည်ရွယ်ချက်နဲ့ ကျွေးမွေးလှူဒါန်းကြခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

“ဆရာတော်ကြီးရဲ့အလှူကို မနှစ်ကလည်း လာပါတယ်။ အလှူငွေ ကျပ် ၂ဝဝဝဝ ရပါတယ်။ ဆရာတော်ကြီးကို ညတိုင်း မေတ္တာပို့ပေးတယ်။ ဆရာတော်ကြီးရဲ့ ကျေးဇူးကို တစ်ရက်မှမမေ့ဘူး” ဟု မုဒုံမြို့မှ အသက် ၈၂ နှစ်အရွယ် ဒေါ်ချစ်က ဆိုသည်။

ဆရာတော်ကြီး၏ သက်တော် ၉၃ နှစ် ပြည့်မွေးနေ့ ပျော်ပွဲရွှင်ပွဲသို့ စွမ်းဇာနည်ဇာတ်ပွဲနှင့်အတူ ဟိန်းဝေယံ၊ ကောင်းခန့်၊ ဇေယျ၊ အေသင်ချိုဆွေ၊ စိုးစန္ဒာထွန်း၊ ဝါဆိုမိုးဦးတို့ လာရောက်ဖျော်ဖြေကြပြီး၊ Mr. Top မျက်လှည့်၊ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပွဲများ ကျင်းပလျက်ရှိသည်။

ဝင်းစိန်တောရဆရာတော်ကြီး၏ မွေးနေ့ပူဇော်ပွဲအခမ်းအနားသို့ လာရောက်ကြသော ပရိသတ်များအား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment