address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 23, 2014

တိုင်းရင်းသားအားလုံး သဘောတူညီမှ ဘားအံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မည်


23.1.2014

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင် ရေးအဖွဲ့တို့ ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် တွေ့ဆုံဆွေးနွေးမည့် ဘားအံဆွေးနွေးပွဲသို့ လေ့လာသူအ ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားအားလုံး၏ သဘော တူညီချက်ရရှိမှသာ ဖိတ်ကြားသွားမည်ဖြစ်သည်ဟု NCCT ခေါင်းဆောင် မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

ဘားအံတွင်ပြုလုပ်မည့် ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို လေ့လာသူအဖြစ် ဖိတ်ကြားသွားရန် NCCT အတွင်း သဘောတူညီထားမှုရှိသော်လည်း ဖိတ်ကြားရေးအတွက် တိုင်းရင်းသားအားလုံး၏ ဆန္ဒ ကိုလည်း ရယူသွားမည်ဟု ၎င်းက ဆိုသည်။

“အခု ဒီညီလာခံ နှစ်ရက်အတွင်းမှာတော့ ကန့်ကွက်တာ မကြားရသေးဘူး။ အားလုံးရဲ့ သဘောထားကို တော့ရယူသွားမှာပါ။ တစ်ကယ်လို့ သဘောမတူတာရှိရင်လည်း ဆွေးနွေးသင့်တာ ဆွေးနွေးမယ်။အများ စုလက်ခံမှ ဖိတ်ကြားသွားမှာပါ”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲများကို တိုင်းနှင့် ပြည်နယ်အနှံ့တွင် ၂၀၁၃ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်းတွင်လည်း ဆက်လက် ပြုလုပ်သွားမည်ဟု အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များက ပြောထားသည်။

ဒေါ်အောင်ဆန်းစုကြည်က “တိုင်းရင်းသားတွေကြားမှာ တန်းတူညီမျှရေး မရရှိသေးသရွေ့ ပြည်တွင်း ငြိမ်းချမ်းရေးကို လုံးဝမဖော်ဆောင်နိုင်သလို တန်းတူညီမျှရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း ဆောင်ရွက်ရမယ်”ဟု ဇန်န၀ါရီ ၂၂ ရက်က ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် အားကစားကွင်း အတွင်း ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ဆိုခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွင်းတွင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တိုင်း ရင်းသားညီလာခံများမှ ထွက်ရှိလာမည့် ဘုံသဘောတူညီချက်များကို အနာဂတ်ဖွဲ့စည်းပုံပြင်ဆင်ရေး တွင် ထည့်သွင်းသွားရန် ရည်မှန်းထားကြပြီး တိုင်းရင်းသားများနှင့် အစိုးရတို့ကြား သဘောတူညီချက် များ ရရှိသည့်အချိန်တွင် ယင်းသဘောတူညီချက်များကို ဖွဲ့စည်းပုံအတွင်း ထည့်သွင်းပြင်ဆင်သွားရန် တိုင်းရင်းသားများဘက်မှ ပြင်ဆင်ထားခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment