address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 28, 2014

တိုင်းရင်းသားများ သဘောတူက ဒေါ်စုကို ဘားအံဆွေးနွေးပွဲ ဖိတ်မည်


28.1.2014

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မကြာမီ ပြုလုပ်ရန်ရှိသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲသို့ အားလုံး၏ သဘောတူညီချက်ဖြင့် ဒေါ် အောင်ဆန်းစုကြည်ကို ဖိတ်ကြားရန် စီစဉ်နေသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဇန်န၀ါရီ ၂၇ ရက်တွင် မီဒီယာများကို ပြောသည်။

“NCCT (တိုင်းရင်းသားတို့၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရေးအဖွဲ့) နဲ့ညှိ မယ်၊ သူတို့ဘက်ကလဲ သဘောတူတယ်ဆိုရင် ဖိတ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အရင် ပ လောင်ပွဲကို ဖိတ်ထားပြီးပါပြီ၊ လိုက်ခဲ့ပေးပါလို့ပြောထားတယ်၊ အခုလည်း ဘားအံပွဲလည်းဖိတ်မယ်၊ ဖိတ် ဖို့များတယ်”ဟု နေပြည်တော်ရှိ MICC တွင်ပြုလုပ်သော မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင် ရွက်မှုဖိုရမ်အပြီးတွင် ၎င်းက ပြောခြင်းဖြစ်သည်။

NCCT ပါ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အနေဖြင့်မူ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင် စေလိုသည်ဟု မီဒီယာများသို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော်၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌတစ်ဦး လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခွင့် သည် အစိုးရအပေါ်၌သာ မူတည်သည်ဟု ပြောဆိုထားသူဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း အစိုးရ၏ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကို လွှတ်တော်တာဝန်ရှိသူများထံ ရှင်းလင်းတင်ပြရာ၌လည်း ကော်မတီဥက္ကဋ္ဌ တစ်ဦးအဖြစ် ဖိတ်ကြားခဲ့ရဖူးသည်။

Mizzima

No comments:

Post a Comment