address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 29, 2014

ကချင်စစ်ပြေး ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့်မရသော ရှမ်းနီစစ်ဘေးဒုက္ခသည်များ ဆောင်းရာသီ အအေးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရ


29.1.2014

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်များအတွက် စစ်ရှောင်စခန်း များဖွင့်ကာ ပြည်တွင်း၊ ပြည်ပမှ အထောက်ပံ့များ၊ လှူဒါန်းမှုများပြုလုပ်ခဲ့ပါသည်။ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှူများကြောင့် ယခုနှစ်ဆောင်းရာသီ၏ အအေးဒဏ်ကို ကချင်စစ်ပြေးဒုက္ခသည်များ အတော်အသင့် အံတုနိုင်ခဲ့သော်လည်း ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့်မရသော ရှမ်းနီစစ်ပြေးဒုက္ခသည် များမှာ အအေးဒဏ်ကို အပြင်အထန်ခံစားခဲ့ကြရသည်။

“သူတို့တွေက ကျွန်မတို့ ရှမ်းနီတွေအနေနဲ့ ကချင်ဒုက္ခသည်စခန်းမှာနေရင် အဆင်မပြေနိုင်ဘူး . . . နင်တို့အဆင်ပြေတဲ့နေရာမှာနေ . . . လိုအပ်တဲ့အကူညီရှိရင်ပြောဆိုပြီး ဒုက္ခသည်စခန်းကလူကြီးလို့ပြောတဲ့သူတစ်ယောက်ကလာပြောတယ်။ တကယ်တမ်း ထောက်ပံ့တဲ့အဖွဲ့တွေလာတော့ ကျွန်မတို့ ဘာအထောက်ပံ့မှလဲ မရဘူး . . . အ၀တ်အစားတွေ စားစရာတွေလိုလို့သွားတောင်းရင်လည်း KIA အဖွဲ့ကို ပြန်တိုင်တယ်။ အဲ့ဒါနဲ့ ကျွန်မတို့လည်းကြောက်တာနဲ့ ဘုန်းကြီးကျောင်းနဲ့ တောထဲမှာပဲ တဲဆောက်ပြီးနေကြရတယ်။ ဒီနှစ်ဆောင်းဒဏ်က တအားအေးတော့ ညဆိုအနွေးထည်မရှိလို့ မိးဖိုပြီးပဲ အိပ်ရတယ် . . ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတယ်လို့တော့ကြားတယ်။ ငြိမ်းချမ်းသွားရင်တော့ ကျွန်မတို့ရွာကို ပြန်နေချင်ပြီ” ဟု မန်စီဒေသ စစ်ရှောင် ရှမ်းနီစစ်ပြေးဒုက္ခသည်တစ်ဦးမှ ပြောကြားခဲ့သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများကြောင့်တိုက်ပွဲဖြစ်ပွားရာ ဒေသတွင်းနေထိုင်လျက်ရှိသည့် ဒေသခံများသည် ၄င်းတို့၏ကျေးရွာများကို စွန့်ခွာထွက်ပြေး၍ ဒုက္ခသည်စခန်းများတွင် နေထိုင်နိုင်ရေးကြိုးပမ်းရလျက်ရှိသည်။

ရှမ်းနီအမျိုးသားမြှင့်တင်ရေးသတင်းဌာန

အောင်ခမ်းဇော်
Kachin Daily News

No comments:

Post a Comment