address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 23, 2014

ဖက်ထရယ်ပြည်ထောင်စုအတွက် ဗမာလူမျိုးများ ထောက်ခံမှုလိုဟုဆို


23.1.2014

တစ်နိုင်လုံးအပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် တော်လှန်ရေးဖွဲ့များ၏ ညီလာခံတွင် စစ်မှန်သော ဖက်ထရယ်ပြည်ထောင်စု တစ်ခုပေါ်ပေါက်လာရန် ဗမာလူမျိုးများထောက်ခံမှု လိုအပ်ကြောင်း UNFC ဥက္ကဌ အင်ဘန်လက ညီလာခံ စတုတ္ထနေ့တွင် ပြောကြားသည်။

" ဗမာလူမျိုးတွေ ပါဝင်ဖို့လိုတယ်။ ပါဝင်အောင် စည်းရုံးရမယ်။ တိုင်းရင်းသားများတောင်းဆိုမှုတွေဟာ နှစ်ပေါင်း ၆၀ကျော်ရှိပြီ။ ပြည်သူထောက်ခံမှု အားနည်းနေတယ်။ အစိုးရ အားသာနေတယ်။ အားသာဖို့ ဗမာလူမျိုးတွေ ထောက်ခံဖို့ လိုတယ်" ဟု ၎င်းက ဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်တိုင်းရင်း တော်လှန်ရေးအဖွဲ့များ ရေးဆွဲနေသော မူကြမ်းတွင် တိုင်းရင်းသားအဖွဲ့များ လိုချင်သော အချက်များကို စုစုစည်းစည်းနဲ့ တောင်းဆိုသွားရန် လိုအပ်ကြောင်း။ ယင်း လိုအပ်ချက်များကို ပြတ်ပြတ်သားသား တောင်းဆိုရန် လိုအပ်ကြောင်း အင်ဘန်လက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

'တစ်ချက်မှားတာနဲ့ ကိုယ်လူမျိုးတွေ တစ်သတ် နစ်နာမှာ။ အစစအရာရာ ဆင်ခြင်သင့်တယ်။ အစိုးရ အဆက်ဆက် တိုင်းရင်းသားတွေအပေါ် စိတ်တစ်ခုပဲရှိတယ်။ လက်နက်ကိုင်တာ ဆူပူသောင်းကျန်းဖို့ လို့ သဘောနဲ့ ဆက်ဆံလာတာ ယနေ့ထိ ဆက်ဆံနေတာ'ဟု ၎င်းက ဆိုသည်။

လက်ရှိအစိုးရသည် နိုင်ငံရေးဆွေးနွေးဖို့ စဉ်းစားမှုမရှိသည့်အတွက် နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်နိုင်ရန် တွန်းအားပေးရမည်ဖြစ်ကြောင်း UNFCဥက္ကဌက ပြောကြားသည်။

အဆိုပါ တိုင်းရင်းသားပေါင်းစုံ ညီလာခံတွင် တစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး နိုင်ရန် ရေးဆွဲမည့် မူကြမ်းအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ဖွဲ့ ဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီး အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးထားသော အမြင်များကို NCCTက စုစည်းကာ မူကြမ်းရေးဆွဲမညဖြစ်သည်။

People power

No comments:

Post a Comment