address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 28, 2014

ရွေးကောက်ပွဲ ရက်ရွေ့ဆိုင်းသင့်ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင်ပြော




28.1.2014

ထိုင်းနိုင်ငံက ဆန္ဒပြမှုတွေနဲ့ နိုင်ငံရေး အခြေအနေ တင်းမာမှုတွေကြောင့် လာမယ့်အပတ်အတွင်း ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို အနည်းဆုံး တစ်လလောက် ရွေ့ဆိုင်းထား သင့်တယ်လို့ ထိုင်းရွေးကောက်ပွဲကျင်း
ပရေးကော်မရှင်အဖွဲ့ကပြောပါတယ်။

ရက်သတ္တပါတ်အကုန်က ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အကြမ်းဖက်မှုတွေနဲ့ သွေးထွက်သံယို ဖြစ်မှုတွေ ပိုမိုများပြားလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ရွေးကောက်ပွဲနောက်နှေးကြံ့ကြာဖို့ လမ်းဖွင့်ပေးလိုက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့ ဒီကနေ့ တွေ့ဆုံ စကားပြောကြမယ်လို့ သိရပါတယ်။

Puea ထိုင်းပါတီခေါင်းဆောင်လဲဖြစ် ပြည်ထဲရေးဝန်ကြီးလဲဖြစ်တဲ့ Jarupong Ruansuwan ကတော့ အစိုးရအနေနဲ့ ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ချမှတ်ထားတဲ့ ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့တုန်းက ကြိုတင်မဲပေးနိုင်တဲ့ မဲရုံတွေနားမှာ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့အတွက် ဆန္ဒပြခေါင်းဆောင်တစ်ဦး သေဆုံးခဲ့သလို လူ ၁၂ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။

ABC

No comments:

Post a Comment