address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 27, 2014

တစ်နိုင်ငံလုံးအပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် “၀”အဖွဲ့ပါဝင်နိုင်မည်ဟုဆို


27.1.2014

“၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP သည် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်မြေ တပ်မဟာ(၇) လော်ခီးလာတပ်စခန်းတွင် ဇန်န၀ါရီ ၂၀ ရက်မှ ၂၅ ရက်ထိ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များညီလာခံသို့တက်ရောက်ခြင်းမရှိသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးမှုများတွင်မူ ပါဝင်နိုင်မည်ဟု လော်ခီးလာညီလာခံပြောရေးဆိုခွင့်ရှိသူ ဖဒိုကွယ်ထူး ၀င်းက ပြောသည်။

“သူတို့အမြင်က တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို သူတို့လက်ခံတယ်၊ တစ်ကယ့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုအဆင့်ကို သွားမယ်ဆိုရင်တော့ သူတို့လည်း ပါလာနိုင်မယ်”ဟု ပြောသည်။ လော်ခီးလာ ညီ လာခံသို့ တက်ရောက်ရန် “၀” အဖွဲ့ကို ကိုယ်တိုင်သွားရောက် ဖိတ်ကြားခဲ့သူ ဖဒိုကွယ်ထူးဝင်းက “၀” အဖွဲ့နှင့် အလွတ်သဘော ဆွေးနွေးစဉ် “၀”ခေါင်းဆောင်များက ဆိုသည်ဟုလည်း ဖဒိုကွယ်ထူးဝင်းက ပြေသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ၏ ဒု-အဖွဲ့ ခေါင်းဆောင်(၁)လည်း ဖြစ်သူ ဖဒိုကွယ်ထူး င်း၏ သွားရောက် ညှိနှိုင်းမှုကို “၀” အဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင်များဖြစ်ကြသည့် ပါတီအထွေထွေအတွင်းရေးမှူးချုပ် လျှောက်မီလျှံ၊ “၀” ပါတီ ပေါက်ယူချန်း၏ အစ်ကိုအရင်းတော်စပ်သူ တောင်ပိုင်း (၁၇၁) စစ်ဒေသ နိုင်ငံရေးမှူး ပေါက်ယူအိတို့က လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

လော်ခီးလာစခန်း၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညီလာခံသို့ “၀” အဖွဲ့ မတက်ရောက်နိုင်ခဲ့ခြင်းမှာလည်း ဘာသာစကားအခက်အခဲ၊ ထိပ်သီးခေါင်းဆောင်များ၏ကျန်း မာရေးအခြေအနေ၊ သွားရေးလာရေးအခက်အခဲများကြောင့် တက်ရောက်နိုင်ရန် ပျက်ကွက်ခဲ့ခြင်းဟု“၀” ခေါင်းဆောင်တို့က ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသား နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်ပြီး စစ်ရေးအရ အဖြေရှာရန်မှာ နောက်ဆုံးအဆင့် ရွေးချယ်ရမည့် လမ်းကြောင်းဖြစ်သည်ဟု “၀” အဖွဲ့က သဘောထားရှိသည်ဟုလည်း ဖဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။ “စစ်ရေးအရ ဖြေရှင်းမယ့်နည်း ကိုတော့ နောက်ဆုံးမှ ရွေးချယ်ရမယ့် လမ်းစဉ်ဖြစ်တယ်လို့ သူတို့ပြောတယ်”ဟု ၎င်းက ဆိုသည်။

“၀” အဖွဲ့၏ ဖွဲ့စည်းပုံတွင် ပါတီ၊ စစ်တပ်၊ အစိုးရအဖွဲ့ဟူ၍ ဖွဲ့စည်းထားရာ ပေါက်ယူချန်းမှာ ပါတီနှင့် အစိုးရအဖွဲ့၏ ဥက္ကဋ္ဌနှင့် စစ်တပ်၏ စစ်သေနာပတိချုပ် ဖြစ်သည်။ လျှောက်မီလျှံမှာ ပါတီ၌ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ကာ အစိုးရအဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဖြစ်သည်။ ပေါက်ယူအိမှာ ပါတီ၏ ဒုတိယအထွေထွေ အတွင်းရေးမှူး ဖြစ်သည်။

“၀” တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်တပ်များအနက် အင်အားအကြီးမားဆုံး တပ်ဖြစ်ကာ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တွင် အမြဲတမ်းတပ်ဖွဲ့ဝင်ပေါင်း ၃၀,၀၀၀ ၀န်းကျင် နှင့် အရန်နှင့် ပြည်သူ့စစ် ၂၀,၀၀၀ ၀န်းကျင် စုစုပေါင်းအင်အား ၅၀၀,၀၀၀ ၀န်းကျင်ရှိသည်ဟု “၀” အဖွဲ့ နှင့်နီးစပ်သူ တရုတ်နယ်စပ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက မဇ္ဈိမအား ပြောဆိုထား ဖူးသည်။

Mizzima

No comments:

Post a Comment