address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 29, 2014

မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်




29.1.2014

မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ သွားရောက်ငြိမ်းသတ်ခဲ့ကြသည်။

အဆိုပါ မီးလောင်မှုမှာ ဒုချီးရားတန်း အနောက် (ဘင်္ဂါလီ)ရွာနေ အဘူဖွေယာ့ (၅၀)နှစ် (ဘ) ကာဆိမ်း၏နေအိမ်မှ စတင်မီးလောင်ကျွမ်း၍ မီးငြိမ်းသတ်နေစဉ် တောင်ဘက်ကိုက် (၁၅၀)အကွာ အဏ္ဏဝါဆလာမ် (၅၀)နှစ် (ဘ) ဆီရာဇူ ၏ အိမ် ထပ်မံမီးလောင်သည့်အတွက် မီးငြိမ်းသတ်ရန် သွားစဉ် ဘင်္ဂါလီလူမျိုးများ (၅)ဦးခန့်ထွက်ပြေးသွား သည်ကို တွေ့ရှိခဲ့ရ သည်။ မီးလောင်မှု ဖြစ်စဉ်တွင် အိမ်များထူထပ်ခြင်း၊ သက်ကယ်၊ ဝါးများဖြင့် ဆောက်လုပ်ထားခြင်းကြောင့် နေအိမ် အကြီး (၄)လုံး၊ အိမ်သေး (၁၂)လုံး စုစုပေါင်း (၁၆)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး လူသေဆုံးမှု၊ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

မီးရှို့မှုဖြစ်စဉ်အား တပ်ဦးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ကာ မီးရှို့ သွားခဲ့သူများအား အမှုဖွင့် တိုင်ကြားခဲ့ သဖြင့် မောင်တောရဲစခန်းမှ (ပ) ၁၉/၂၀၁၄၊ ပုဒ်မ - ၄၃၆ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။ မီးလောင်မှု ဖြစ်စဉ်အနီးတွင် ရခိုင်ရွာများမရှိဘဲ ဘင်္ဂါလီရွာ များသာရှိပြီး မိမိ၏အိမ်များအား မီးရှို့ထွက်ပြေးသွားခဲ့ပြီး ထိုဖြစ်စဉ်အား ပုံကြီး ချဲ့ကာ သတင်းမှား ထုတ်လွှင့်ခြင်းများ မဖြစ်စေရန်အတွက် သတင်းအချက်အလက်များအား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရှိ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

moi.gov.mm

No comments:

Post a Comment