address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 28, 2014

ပထမဦးဆုံးအကြိမ် စင်ကာပူအလုပ်အကိုင်ပြပွဲ မတ်လတွင် ပြုလုပ်မည်


28.1.2014

မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့ချုပ်မှ ပထမဦးဆုံးအကြိမ် စင်ကာပူအလုပ်အကိုင်ပြပွဲကို လာ မည့် မတ်လ ၁ ရက်နှင့် ၂ ရက်များတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိMICT Park တွင်ပြုလုပ်သွားမည်ဟု မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးကျော်ထင်ကျော်ကမဇ္ဈိမကို ပြော သည်။

“ကျွန်တော်တို့နဲ့ စင်ကာပူကအဖွဲ့တွေ လာမည့် ၂၈ ရက်မှာ တွေ့ပြီး ဆွေးနွေးဖို့ရှိတယ်။ အဲ့ဒီတော့မှ အ သေးစိတ်ကို ပိုတိတိကျကျသိနိုင်မယ်”ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်ကလည်း “အေ ဂျင်စီ ၃၀ လာဖို့ရှိပါတယ်။ ဒီမှာရှိတဲ့ အေဂျင်စီတွေနဲ့ မြန်မာအလုပ်သမားတွေခေါ်ဖို့ ကမ်းလှမ်းလာတာရှိပါ တယ်။ ကျွန်တော်တို့က အိုကေဆိုမီးစိမ်းပြရင် လာဖို့ရှိတယ်။ ထို့အတူပဲ ထိုင်ဝမ်၊ မကာအို၊ ဟောင်ကောင် လာဖို့ အဆင်သင့်ဖြစ်နေပါတယ်”ဟု ပြောသည်။

စင်ကာပူမှ လာရောက်မည့် အလုပ်သမားရှာဖွေရေးအေဂျင်စီ ၃၀ နှင့် မြန်မာနိုင်ငံမှ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီချင်း တိုက်ရိုက်တွေ့ဆုံကာ မြန်မာလုပ်သား၂,၀၀၀ ကျော် ခေါ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Mizzima

No comments:

Post a Comment