address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 24, 2014

မန္တလေး NLDရုံး မီးလောင် ကျပ်၈၂ သိန်း ၅ သောင်းဆုံးရှုံး



24.1.2014

မန္တလေးမြို့ စိတ္တရမဟီရပ်ကွက်၊ ၇၅လမ်း၊ ၂၈ လမ်းနှင့် ၂၉လမ်းကြားရှိ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး(NLD)ရှိရာ ပျဉ်ထောင်အိမ်မှ စတင်ကာ ဇန်န၀ါရီ ၂၃ရက် နေ့လည် ၃နာရီခန့်က မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ရှစ်ဆယ့်နှစ်သိန်း ငါးသောင်းဖြစ်ကြောင်း အမှတ် ၁ ပြည်နယ်နှင့် တိုင်းဒေသကြီး မီးသတ်ရုံးများ ကွပ်ကဲမှုဦးစီးဌာနခွဲက သိရသည်။

ယင်းကဲ့သို့ မီးလောင်ကျွမ်းခြင်းသည် မီးကြွင်းမီးကျန်ကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်သည်ဟု ဆိုသည်။ မီးစတင်လောင်ကျွမ်းမှုကြောင့် ပေ ၂၀×၃၀ ထရံကာသွပ်မိုး၊ မြေစိုက်အိမ် ၂လုံး၊ ပေ ၂၀× ပေ၆၀ နံကပ် ၂ထပ်တိုက်၏ အပေါ်ထပ်နှင့် အာစီလေးထပ်တိုက်၏ မှန်များကွဲကြေပျက်စီး ဆုံရှုံးခဲ့သည်။

မီးစတင်လောင်ကျွမ်းသည့် ပျဉ်ထောင်အိမ် ပြိုကျပြီးနောက် ဘေးဘက် အိမ်များကို ကူးစက် လောင်ကျွမ်းခဲ့သည်။

မီးလောင်ချိန်မှာ နေ့လယ် ၃ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ပြီး ၁၅မိနစ်ခန့် ကြာမြင့်ပြီး မီးသတ်ယာဉ် ၅၄စီးဖြင့် ငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်ကျွမ်းခြင်းနှင့် ပတ်သတ်၍ အိမ်ရှင်ကို နယ်မြေခံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဌာန တို့မှ စစ်ဆေးနေပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

Mizzima

No comments:

Post a Comment