address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 24, 2014

နိုင်ငံရေးအကျပ်အတည်းကို ၀င်ရောက်ဖြေရှင်းရန် ထိုင်းစစ်တပ်ပြင်ဆင်နေ ဟု ကာချုပ်ပြော


24.1.2014

နိုင်ငံရေးအခြေအနေမှတစ်ဆင့် အကြမ်းဖက်မှုများဆီသို့ ဦးတည်သွားပါက ထိုင်းစစ်တပ်အနေဖြင့် အရေး ယူ ဆောင်ရွက်မှုများပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီ ဟု ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ကြီး Prayuth Chan-ocha က ပြောကြားလိုက်ကြောင်း ဇန်န၀ါရီ ၂၃ ရက် က ဘန်ကောက်ပို့စ် သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

“ပဋိပက္ခတွေကနေ အကြမ်းဖက်မှုတွေ ဖြေရှင်းလို့မရတာတွေ ရှိလာတဲ့ အချိန်တွေမှာ တပ်မတော်အနေနဲ့ ဒါတွေကို ကိုင်တွယ်ဖြေရှင်းရပါလိမ့်မယ်။ တိုင်းပြည်ကို ကယ်တင်ဖို့နဲ့ မှန်ကန်တဲ့နည်းလမ်းတွေကို အသုံး ပြုဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံး ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

မငြိမ်မသက်မှုများ မြင့်မားလာစေရန်အတွက် အချို့သောအဖွဲ့များမှာ တရားမ၀င်သော အကြမ်းဖက်နည်း လမ်းများကို အသုံးပြုကာ ဆောင် ရွက်နေသော်လည်း မအောင်မြင်ခဲ့ဟု ၎င်းက သတိပေး ပြောကြားသွား ခဲ့သည်။

“ကျွန်တော် ဒီလူတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ သူတို့ ဘယ်သူတွေလဲဆိုတဲ့ သတင်းအချက် အလက် အချို့လည်း ကျွန်တော့်မှာ ရှိပါတယ်။ သူတို့အနေနဲ့ ဒီလို အကြမ်းဖက်မှုမျိုးတွေကို ထပ်မံကျူး လွန်ခြင်းမပြုဖို့ကိုလည်း ထပ်မံ သတိပေး လိုပါတယ်။ သက်သေ အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းနေပါတယ်။ ဒါမှသာ ရဲတွေအနေနဲ့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင် မှာပါ” ဟု ဗိုလ်ချုပ် Prayuth က ဆိုသည်။

ထို့အပြင် ဆန္ဒပြသည့် အဖွဲ့ငယ်တစ်ဖွဲ့မှ အာဏာပိုင်များကို ဖိအားပေးရန် အတွက် ဆောင်ရွက်မှုများရှိ သော်လည်း ၎င်းတို့ အနေဖြင့် အကြမ်းဖက် သည့် နည်းလမ်းများကို အသုံးပြုခြင်းမရှိသည်ကို သတိပြုမိ သည်ဟုလည်း ၎င်းကဆိုသည်။

ထို့အတူ လူတော်တော်များများ အနေဖြင့် အသံလွှင့်ရုံများမှတစ်ဆင့် ကြမ်းတမ်းစွာ ပြောဆိုနေခြင်း၊ အစိုးရအရာရှိများကို ခြိမ်းခြောက်ခြင်းနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ပေါ်ပေါက်လာရန်အတွက် ၎င်းတို့၏ နောက်လိုက် များကို လှုံ့ဆော်နေကြောင်းတို့ကိုလည်း ဗိုလ်ချုပ် Prayuth က ဆို သည်။ ယင်းသို့သော ဆောင်ရွက်မှုများမှာ တရားမ၀င်ဟု မိမိအနေဖြင့် ယူဆကြောင်း နှင့် ၎င်းတို့ကို အစိုးရမှအရေးယူပေးရန် တောင်းဆိုကြောင်း လည်း ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်သားများအနေဖြင့် အကြမ်းဖက်မှုများကာကွယ်ရန် နည်းလမ်း တိုင်း ကို ကြိုးစားနေသည်ဟု လည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

သို့သော် ဆန္ဒပြသမားကို ကိုင်တွယ်ရန်အတွက် ဘန်ကောက်မြို့နှင့် အနီးနားရှိ ပြည်နယ်များတွင် အရေး ပေါ် အခြေအနေတစ်ရပ် ကြေညာ ခဲ့သည့် အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် မှတ်ချက်ပေးရန်ကို ငြင်းဆန်ခဲ့ သည်။

အစိုးရအနေဖြင့် ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်ကြောင်း၊ ဆန္ဒပြသမားများကို တုံ့ပြန် ရန်အတွက် အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲမှ ဆက်လက် ဦးဆောင်နေကြောင်း၊ တပ်မတော်အနေဖြင့် အထောက်အကူပေးသည့် အခန်းကဏ္ဍတွင်သာ ရှိကြောင်းတို့ကိုလည်း ၎င်းက ဆိုသည်။

Mizzima

No comments:

Post a Comment