address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 23, 2014

အရေးပေါ်အခြေအနေ ကြေညာသော်လည်း ဆက်တိုက်ပွဲဝင်မည်ဟု ထိုင်းဆန္ဒပြခေါင်းဆောင်ပြော


23.1.2014

ထိုင်းဆန္ဒပြခေါင်းဆောင် ဆူတက်က ထိုင်းအစိုးရအနေဖြင့် အရေးပေါ် အခြေအနေ ကြေညာသော်လည်း ၎င်းတို့က ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ဆန္ဒပြသူများသည် ကြောက်လန့်မနေဘဲ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း ဆူတက် က ဆိုသည်။

“ကျွန်တော်တို့ ဆန္ဒပြလာတာ သုံးလ ရှိနေပြီ။ အခုမှ ဘာလို့ အရေးပေါ် အခြေအနေ ကြေညာရတာလဲ” ဟု ဆူတက်က ပြောသည်။

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်နှင့် အနီးအနားရှိ ခရိုင်ခြောက်ခုတွင် အရေးပေါ်အခြေအနေ ထုတ်ပြန် ကြေညာခဲ့သည်။ ၀န်ကြီးချုပ်ယင်လပ်ကို ရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းနေကြသော ဆန္ဒပြသူများက လာ မည့်လတွင် ကျင်းပရန်ရှိသော ရွေးကောက်ပွဲများကို နှောင့်ယှက်မည်ဟု ခြိမ်းခြောက် နေသောကြောင့် လုံခြုံရေးကို မြှင့်တင်သည့်အနေဖြင့် အစိုးရက ထိုသို့ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆူတက်က အစိုးရ ပိတ်ဆို့ထားသောလမ်းများကိုလည်း ချီတက် ဆန်္ဒပြသွားမည်ဖြစ်ပြီး၊ လော်စပီကာများ အသုံးပြု ခြင်းကို တားဆီးထားသော်လည်း လော်စပီကာများ အသုံးပြုသွားမည်ဟု ပြောကြားလိုက်သည်။

ဘန်ကောက်မြို့တော်သည် ပုံမှန်အတိုင်း တည်ငြိမ်စွာရှိနေခဲ့ပြီး အလုပ်သမားများလည်း ပုံမှန် အလုပ် ဆင်းလျက် ရှိသည်။ လမ်းမများပေါ်တွင် လုံခြုံရေးတပ်ဖွဲဝင်များကို မတွေ့ရသကဲ့သို့ နိုဝင်ဘာလတွင် စတင်ခဲ့သော နိုင်ငံရေးအကျပ်အတည်း တစ်လျှောက်လုံး ရဲတပ်ဖွဲ့ဝင်များ အင်အားချ ထားခြင်းကိုလည်း အနည်းငယ်သာ တွေ့ရသည်။ ညမထွက်ရအမိန့်လည်း ထုတ်ပြန်ခြင်း မရှိသေးပေ။

အင်္ဂါနေ့ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော အရေးပေါ်အခြေအနေကာလမှာ ရက်ပါင်း ခြောက်ဆယ်ကြာမြင့် မည် ဖြစ်သော်လည်း မြို့တော်၏ အချက်အချာကျသော လမ်းဆုံ လမ်းခွများတွင် တည်ဆောက်ထား သော ဆန္ဒပြသူများ၏ သပိတ်စခန်းများကို ရှင်းလင်းပစ်ရန် အစီအစဉ်မရှိဟု ၀န်ကြီးများက ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ် ကုန်ရက်များအတွင်း ဆန္ဒပြသူများအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြသဖြင့် သေဆုံး ဒဏ်ရာရမှုများအပြီး နောက်ထပ် ဖြစ်ပေါ်လာမည့် အကြမ်းဖက်မှုများမှ ပြည်သူလူထုကို ကာ ကွယ်ရန်ရည်ရွယ်ပြီး ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဘန်ကောက်မြို့နှင့်ပတ်ဝန်းကျင် ခြောက်ခရိုင်တွင် အကျုံးဝင်သော အရေးပေါ် အခြေအနေတွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ခွင့်၊ မသင်္ကာသူများကို စွဲချက်မတင်ဘဲ ဖမ်းဆီး ထိန်းသိမ်းပိုင်ခွင့်၊ နိုင်ငံရေးအကြောင်းပြချက်ဖြင့် လူငါးယောက်ထက်ပိုပြီး စုရုံးခြင်းကို တားဆီးပိတ်ပင် ပိုင်ခွင့်နှင့် အချို့နေရာများကို မဖြတ်သန်းရနယ်မြေအဖြစ် သတ်မှတ်ပိုင်ခွင့်များရရှိမည် ဖြစ်သည်။

ဆန္ဒပြခေါင်းဆောင် ဆူတက်ကမူ ရွေးကောက်ပွဲကို ကနဦးကတည်းက ကန့်ကွက်ခဲ့ပါသည်။ ၎င်းက သက်ဆင်ကို အကျင့်ပျက်ခြစားမှုများ၊ ဆွေမျိုးကောင်းစားရေး လုပ်ဆောင်မှုများဖြင့် စွပ်စွဲလိုထားပြီး ရွေး ကောက်ပွဲစနစ်များကို ပြန်လည်ပြုပြင်ခြင်းလိုသူ ဖြစ်သည်။

Mizzima

No comments:

Post a Comment