address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 29, 2014

UNA နှင့် UNFC တို့ အသစ်ရေးဆွဲထားသော အခြေခံဥပဒေမူကြမ်း မြန်မာဘာသာပြန်ဆိုပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် တင်ပြရန်ရှိ


29.1.2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ(UNFC)နှင့် ပြည်ပရှိဥပဒေပညာရှင်များနှင့် ပူးပေါင်းရေးဆွဲထားသော ဖက်ဒရယ်မူ အခြေ ခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းမှာ အပြီးသတ်ရေးဆွဲပြီးဖြစ်သောကြောင့် မြန်မာဘာသာပြန်ဆို ပြီးနိုင်ငံရေးဆွေးနွေးပွဲတွင် တင်ပြသွားရန်ရှိသည်ဟု UNA အဖွဲ့ဝင်၊ အခြေခံဥပဒေရေးဆွဲရေး အကြံပေး ကော်မတီဝင် ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

ယခုနှစ် ဇန်န၀ါရီလလယ်ခန့်တွင် အဆိုပါအခြေခံဥပဒေမူကြမ်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲပြီးဖြစ် ကာ မြန်မာဘာသာသို့ ဆက်လက်ပြန်ဆိုသွားမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် ချပြနိုင်ရန် ရည်ရွယ် ထားခြင်းဖြစ်သည်။

ဦးအေးသာအောင်က “UNFC က အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ဆက်တိုက်ဖြစ်နေလို့ မြန်မာဘာ သာပြန်ဖို့အပိုင်းကို ရပ်ထားရတယ်။ မူကြမ်းက မရောက်လာသေးဘူး။ မဟာမိတ်အဖွဲ့တွေကို ချပြဖို့အစီ အစဉ်ရှိတယ်”ဟု ပြောသည်။

အဆိုပါဖက်ဒရယ်မူ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွင် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရန်အ တွက် ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံထားသည့် အချက်များဖြင့် ထည့်သွင်းရေးဆွဲထားပြီး အဆိုပါ မူကြမ်းကို မြန်မာဘာသာသို့ ပြန်ဆိုခြင်း အပြီးသတ်သွားပါက UNA တွင်ပါဝင်သည့် မဟာမိတ်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို ထပ်မံရယူမည်ဖြစ်သည်။

ဦးအေးသာအောင်က “ဖက်ဒရယ်ဖွဲ့စည်းပုံကို အစိုးရဘက်က သဘောတူလက်ခံရမယ်လို့ တစ်ဖက် သတ်မပြောဘူး၊ နိုင်ငံရေးဆွေးနွေးပွဲမှာ မူကြမ်းတစ်ခုအနေနဲ့ လေ့လာဖို့၊ သုံးသပ်ဖို့ တင်ပြဖို့ပဲ ရည်ရွယ် ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ လွှတ်တော်တွင်းက မပြင်တဲ့ပုဒ်မတွေကို လွှတ်တော်ပြင်ပကနေ ပြင်ဆင် လို့ရအောင် ရေးဆွဲထားတာပါ”ဟု ပြောသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲအမီ ဖက်ဒရယ်ဖွဲ့စည်း ပုံမူကြမ်းကို အချောသတ်ရေးဆွဲမည်ဖြစ်သည်ဟု UNA အတွင်ရေးမှုး၊ ဖက်ဒရယ်ဖွဲ့စည်းပုံ မူကြမ်းရေး ဆွဲရေးကော်မတီ ဒုတိယခေါင်းဆောင် ဦးစိုင်းညွန့်လွင်ကလည်း ဆိုသည်။

“နိုင်ငံရေးဆွေးနွေးပွဲမစခင် ရဖို့လိုတာလေ။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်ဖွဲ့စည်းပုံမူကြမ်းကိုကိုင်ပြီး အစိုးရနဲ့ ဆွေးနွေးဖို့ရှိတယ်”ဟု ပြောသည်။

ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)တို့ ပူးပေါင်း၍ ကော်မတီဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဘုံလုပ်ငန်းစဉ်များအဖြစ် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးလုပ်ငန်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ငန်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်းက စတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

လက်ရှိလွှတ်တော်အတွင်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို ဖွဲ့စည်းထားက ယင်းကော်မတီသို့ အဖွဲ့အစည်းအသီးသီးမှ အကြံပြုချက်များကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံး ထား၍ ပေးပို့ရမည်ဖြစ်သည်။

Mizzima

No comments:

Post a Comment