address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 27, 2014

ထိုင်းအတိုက်အခံ ခေါင်းဆောင်တဦး ပစ်သတ်ခံလိုက်ရ




27.1.2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်နားအရပ် သီရိ အီအမ် (Sri Iam ) ဘုန်းကြီးကျောင်းမှာ မဲရုံကို ကန့်ကွက် ဆန္ဒပြကြတဲ့ People Democratic Force ( ရှပ်ဝါ ) ခေါင်းဆောင်တဦး ဖြစ်သူ မစ္စတာ ဆူထင်း ထားရထင်း ( Suthin Tharathin) ဟာ ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ခွဲကျော်က သေနတ်နဲ့ ပစ်သတ်ခံ လိုက်ရပါတယ်။

ထိုင်းနိုင်ငံတဝှမ်း ဖေဖော်ဝါရီလ ၂ ရက်နေ့ကျင်းပမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပွဲတွေ လုပ်နေရာမှာ ကြိုတင် မဲရုံတွေကို ဆန္ဒပြသူတွေက ကန့်ကွက်ဆန္ဒပြနေကြခဲ့ကြတာပါ။

ဆူထင်းထားရထင်းက မဲရုံတာဝန်ရှိသူတဦးနဲ့ ဆွေးနွေးညှိနှိုင်းဖို့ သွားခဲ့ပြီး သဘောတူညီမှုရလို့ မဲရုံကနေ ဆန္ဒပြသူတွေနဲ့ အတူ ဆုတ်ခွာပေးဖို့ လုပ်နေစဉ်မှာ သေနတ်တွေနဲ့ ပစ်ခတ်လို့ ဆူထင်း ထားရာထင်း
သေဆုံးတဲ့အပြင် ကန့်ကွက် ဆန္ဒ ပြသူ ၁၀ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းတခုမှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်က မဲရုံကိုကန့်ကွက်နေမှုက ဖယ်ပေးဖို့ ပြင်ဆင် နေစဉ်မှာ ဆန္ဒပြသူတွေက လက်ရှိ ဝန်ကြီးချုပ် ယင်လတ် အစိုးရကို ထောက်ခံတဲ့ ရှပ်နီ ၅၀ ဦးလောက်ကို မြင်တွေ့လို့ ရှောင်ကွင်းဖို့ ကြိုးစားစဉ်မှာ အဲဒီ ရှပ်နီလူအုပ်စုတွေဆီက သေနတ်သံတွေ ပေါ် ထွက် လာခဲ့တာဖြစ်ပြီး ဗုံးတလုံး ပေါက်ကွဲသံကိုလည်း ကြားရတယ်လို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။

အဲဒီနောက် ဆူထင်းနဲ့ အနည်းဆုံး ၃ ဦးဟာ သေနတ်ထိမှန်ခဲ့တာကြောင့် အနီးဆုံးဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆူထင်းဟာ ဦးခေါင်းနဲ့ လည်ပင်း ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အရေးပေါ် အခြေအနေ အမိန့် ကြေညာပြီးနောက်ပိုင်း နိုင်ငံရေးတင်းမာမှုတွေဖြစ်လာကာ ထိုင်းအစိုးရက ရွှေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အခုထိ ငြင်းဆန်နေဆဲဖြစ်တယ်လို့ ဆန္ဒပြအဖွဲ့ PDRCရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Akanat Promphan က ပြောပါတယ်။

လက်ရှိအစိုးရ အရာရှိတွေဟာ နယ်စပ်က ရဲအရာရှိ ၇ဝ ကျော်အား ဆန္ဒပြသူတွေကြား အနီးကပ်စောင့် ကြည့်တာဝန်ယူ ကြဖို့ ခိုင်းဆိုထားခဲ့တာဖြစ်ပြီး အရပ်ဝတ်ရဲအရာရှိ တဦးကို ပွိုင့် ၁၁ မီလီမီတာပစ္စတိုတလက်နဲ့အတူ ဖမ်းမိရခဲ့တယ်လို့ လည်း သူက ပြောထားပါတယ်။

ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခုမှာ ကြိုတင်မဲပေးပွဲတွေ လုပ်ခဲ့ကြရာမှာ မနေ့က ဘန်ကောက်မှာ အတိုက်အခံ ခေါင်းဆောင် တဦးကို သေနတ်နဲ့ ပစ်သတ်ခံရပြီး ပိုမို မတည်ငြိမ်မှု၊ တင်းမာမှုတွေကြောင့် ဘန်ကောက်နဲ့ အနီးတဝိုက် ၁၀ ခရိုင်မှာ ကြိုတင် မဲပေးပွဲ ရပ်ဆိုင်းလိုက်ရတယ်လို့လည်း ဘီဘီစီက ဆိုပါတယ်။

လွန်ခဲ့တဲ့သတင်းပတ်ထဲမှာ ရှပ်နီခေါင်းဆောင်တဦးလည်း ဘန်ကောက်မှာပဲ သေနတ်နဲ့ပစ်သတ်တာ ခံခဲ့ရပါသေးတယ်။

ထိုင်းနိုင်ငံရေးမှာ သွေးထွက် သံယိုဖြစ်ရပ်တွေ ရှိလာလိမ့်မယ်ဆိုတာ မြန်မာနိုင်ငံက အလွန်နာမည်ကြီးတဲ့ မိုင်းဖုန်းဆရာတော်နဲ့ အကြား အမြင် ဆရာမ အီးတီတို့ က မနှစ်ကတည်းက ကြိုတင်ဟောကိန်းထုတ်ထားခဲ့ပါတယ်

ဒီအကြောင်း ဧရာဝတီက လွန်ခဲ့တဲ့သတင်းပတ်ထဲမှာ ပဲ မိုင်းဖုန်းဆရာတော်၊ အီးတီတို့ရဲ့ ကြိုတင်
ဟောကိန်းနှင့် ထိုင်းနိုင်ငံရေး ဆိုတဲ့သတင်းမှာ အခုလို သွေးထွက်သံယိုဖြစ်မယ့်ကိစ္စတွေအကြောင်း
ဖော် ပြထားခဲ့ပါသေးတယ်။

ဧရာဝတီ

No comments:

Post a Comment