address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 31, 2013

သွားရောက်လည်ပတ်စရာ New Year နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ

    New Year နေ့တွင် shopping center များမှာကျင်းပမယ့် ဈေးရောင်းပွဲတော်များ၊ အထူးအစီအစဉ်များ၊ ပန်းခြံများ၊ ခန်းမများတွင်ကျင်းပမည့် ဖျော်ဖြေပွဲနှင့် နှစ်သစ်အတွက်

အာဆီယံနိုင်ငံများတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးမည်


အာဆီယံအသိုင်းအ၀ိုင်းတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလုပ်သားများ

ဒေါ်အောင်ဆန်းစုကြည်၏ ကော်မတီနှင့် UNDP ပူးပေါင်း၍ ဥပဒေစိုးမိုးရေးစင်တာများ ဖွင့်မည်


ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ပူးပေါင်း၍

မူးယစ်ဆေးဝါး အပြီးသတ်ချေမှုန်းရေးအချိန်ကို နောက်ဆုတ်လိုက်သောကြောင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုနှင့် သုံးစွဲမှု ပိုမိုမြင့်တက်လာသည့်အပေါ် စိုးရိမ်မိကြောင်း NLD တောင်ကြီးမြို့နယ်ဥက္ကဋ္ဌ ပြောကြား

မူးယစ်ဆေးဝါး အပြီးသတ်ချေမှုန်းရေးအချိန်ကို နောက်ဆုတ်လိုက်ခြင်းကြောင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုနှင့်သုံးစွဲမှု ပိုမိုမြင့်တက်လာသည့်အပေါ် စိုးရိမ်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်ကြီးမြို့နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

တာချီလိတ်နယ်စပ်မှ ကိုးလအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားပြီး သွင်းကုန်အတွက် ဒေါ်လာ ၂၈ သန်းကျော် ပိုမိုအသုံးပြုခဲ့ရ


တာချီလိတ်နယ်စပ်မှ ကိုးလအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားပြီး သွင်းကုန်အတွက် ဒေါ်လာ ၂၈ သန်းကျော် ပိုမိုအသုံးပြုခဲ့ရကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မန္တလေးဆေးရုံးကြီးတွင် ကုတင် ၅၀၀ ဆံ့ဆေးရုံ လာမည့်နှစ်အတွင်း အပြီးဆောက်မည်


မန္တလေးတိုင်းအတွင်းမှ အထက်မြန်မာပြည်မှလူနာများ ကျန်းမာရေးစောင့်ရှောက်နိုင်ရန်အတွက် ကုတင် ၅၀၀ဆံ့ ကိုးထပ်ဆေးရုံကြီးတစ်ခု မန္တလေးဆေးရုံကြီးဝင်းအတွင်းတွင် တည်ဆောက်မှု ၂၀၁၄ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဆေးနှင့် လူမှုဆက်ဆံရေးဌာနအရာရှိ ဦးမင်းလွင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လေးပွင့်ဆိုင်တွေ့ဆုံခြင်းဖြင့်ပြည်သူလူထု၏ စိုးရိမ်မှုများအား ဖြေဖျောက်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့ တောင်းဆို



ပြည်သူလူထုအများစု ယုံကြည်အားထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိနေသည့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊

လူမဲ့ လေယာဉ်ကို အရပ်သား သုံးခွင့် ပေးတော့မယ်



အမေ ရိကန် ပြည်ထောင်စု လေကြောင်း ဥပဒေပြု အဖွဲ့က အမေ ရိကန် ပြည်နယ် ၆ ခု ရဲ့ သတ်မှတ် နယ်မြေ အချို့မှာ လူမဲ့ လေယာဉ်ငယ် တွေကို စီးပွားရေး လုပ်ငန်းသုံး အဖြစ် သာမန် အများ ပြည်သူ တွေကို စမ်းသပ် အသုံး ပြုခွင့် ပေးမယ်လို့ ကြေ

ငြိမ်းချမ်းရေးဖော်ဆောင်စဉ်ကာလ ပဋိပက္ခဒေသများတွင် စီမံကိန်းကြီးများ မလုပ်ဆောင်ရန် သုံးသပ်မှုများရှိနေ


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေသော ကာလအတွင်း ပဋိပက္ခဖြစ်ထားသော ဒေသများတွင် နိုင်ငံရေးအမြတ်ထုတ်သကဲ့သို့ ဖြစ်နိုင်သော ဖွံ့ဖြိုးရေးနှင့်ဆိုင်သော စီမံကိန်းလုပ်ငန်းကြီးများကို

ရပ်ကျေးမှူးနှင့် မြေစာရင်းဦးစီးဝန်ထမ်းများ လယ်ယာမြေမှတ်ပုံတင်ချပေးမှု မသမာမှုရှိဟုဆို


ဧရာဝတီတိုင်းရှိ ကျေးရွာအချို့တွင် လက်ရှိ လယ်ယာမြေမှတ်ပုံတင် ထုတ်ပေးထားသည့် လယ်သမား များကို မူလလယ်ပိုင်ရှင်များက ကန့်ကွက်ထားပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦး

ပြင်ဦးလွင် သိမ်းဆည်းခံယာမြေဧက ၁,၁၀၀ မူလပိုင်ရှင်များ ပြန်မရသေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် လေးပင်ကျေးရွာ သပြေကျေးရွာနှင့် သပြုကျေးရွာရှိ ကွင်းအမှတ် ၂၂ နှင့် ကွင်းအမှတ် ၃၃ ရှိ ယာမြေဧက ၁,၁၀၀ အား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိမ်းယူခဲ့မူအား

Monday, December 30, 2013

လပွတ္တာမြို့နယ် မီးလောင်မှုအိမ်ခြေ ၂၀၀ ကျော် ဆုံးရှုံး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကန်ဘဲ့ကျေးရွာမှာ ဒီနေ့ မနက်အစောပိုင်းက မီးလောင်ခဲ့ရာမှာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ တစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနက အာအက်ဖ်အေကို ပြောပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်

ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၁၃ ခုနှစ်

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊

ကင်းထောက်ဥပဒေ လာမည့် ဇူလိုင်အမီ အသက်ဝင်ရန် ကြိုးပမ်းမည်ဟုဆို

နှစ်ပေါင်း ၅၀ အကြာ၌ ပြန်လည် အသက်ဝင်လာသော မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့သည် ၎င်းတို့ ရေးဆွဲထားသော ဥပဒေကြမ်းကို လွှတ်တော်က ၂၀၁၄ ခုနှစ် ဇူလိုင်လအမီ

နေပြည်တော် ပျဉ်းမနားမြို့ ပန်းပု အလုပ်ရုံများတွင် ငြိမ်းချမ်းရေး သင်္ကေတ လောကနတ် ပန်းပုရုပ်များ ထုဆစ်နေရ

နေပြည်တော် ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ် ပန်းပု အလုပ်ရုံများတွင် လတ်တလော လောကနတ် ပန်းပုရုပ်များနှင့် ဘုရားရုပ်ပွား ဆင်းတုတော်များ ထုဆစ် ထုတ်လုပ်နေရလျက်

မြန်မာ့ဟိုတယ် လုပ်ငန်းကဏ္ဍ မယုံကြည်နိုင်ဖွယ် တိုးတက်လာသည်ဟု အမေရိကန် ဟိုတယ်အုပ်စုဆို

မြန်မာ့ဟိုတယ်ကဏ္ဍ မယုံကြည်နိုင် လောက်အောင် အံ့အားသင့်ဖွယ် တိုးတက်လာသည်ဟု ကမ္ဘာကျော် အမေရိကန် ဟိုတယ်အုပ်စု Best Western Inter-national မှ အာရှနှင့် အရှေ့အလယ်ပိုင်း စီမံခန့်ခွဲရေးဌာနမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr.Glenn de Souza က ပြောကြားသည်။

ဘရစ်တနီကို အကြိတ်အနယ် အားပေးခဲ့သည့် ဆယ်လီနာဂိုနှင့် မိုင်လီ

ဆယ်လီနာနှင့် မိုင်လီတို့သည် ဘရစ်တနီ၏ ဂီတမှော်ကို လွန်ဆန်နိုင်ခြင်း မရှိဘဲ အခြားသော ပရိသတ်များနှင့်အတူ တစ်သားတည်း စည်းမျောရင်း သီချင်းများကို လိုက်ဆိုကာ ကခုန်နေခဲ့ကြ

ကမ္ဘာကျော် နက္ခတ်ဗေဒပညာရှင် Jonathan Cainer ၏ ၂၀၁၄ ခုနှစ်အတွက် ဟောစာတမ်း

AQUARIUS ကုမ်ရာသီဖွား (ဇန်န၀ါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ရက်အတွင်း မွေးဖွားသူ)
=================
ကုမ်ရာသီဖွားအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ထိ ကံကောင်းစေသော နှစ်တွေပဲဖြစ်ပါတယ်။

ကိုင်ရိုမြို့ ရဲနှင့်ကျောင်းသားများ ပဋိပက္ခ ဆက်လက်ဖြစ်ပွား


အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ Al-Azhar တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ ရဲတွေရဲ့ ပဋိပက္ခတွေဟာ ဒီဇင်ဘာ ၂၉ ရက်နေမှာလည်း ၃ ရက်မြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပြီး ကျောင်းသားတွေ အထိအခိုက်ရှိခဲ့တယ်လို့ သိရပါတယ်။

Volgograd ဗုံးပေါက်ကွဲမှုအား အမေရိကန်မှ အကူအညီပေးသွားမည်

ရုရှားနိုင်ငံ Volgograd မြို့တွင် ထရော်လီ ဘတ်စကား တစ်စင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူပေါင်း အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ပေါက်ကွဲမှုကြောင့် အနီးအနားရှိ ဈေးဆိုင်နှင့်

အရက်၊ ဘီယာနှင့် ဆေးလိပ်ဖမ်းဆီးရရှိမှု ယခင်နှစ်ထက်လျော့နည်း


ဘဏ္ဍာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြည်တွင်းရှိ တရားမဝင် အရက်၊ ဘီယာနှင့် ဆေးလိပ် ယခုနှစ်သိမ်းဆည်း ရရှိမှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် (၂၀၁၂-၂၀၁၃) ထက် လျော့နည်းကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။

အကယ်ဒမီ ထူးချွန်ဆု ရရှိသူများ၏ ရင်တွင်း စကားသံများ

၂ဝ၁၂ ခုနှစ်အတွက် အသံဆုရှင် အကယ်ဒမီ တိုနီ(လင်း)

''ကျွန်တော်အရမ်း ဝမ်းသာပါတယ်။ ဒါရိုက်တာ အောင်ကိုလတ်ကိုလည်း ကျေးဇူးတင်ပါတယ်''ဟု ပြောကြားသည်။ ၂ဝ၁၂ ခုနှစ်အတွက် တေးဂီတဆုရှင် အကယ်ဒမီ ဝင်းကို(ဂီတမှူး) ''ဆုရတဲ့အတွက်

ထင်ရှားကျော်ကြား ၂၀၁၃ (ပညာရေးနယ်ပယ်မှ ထင်ရှားမှုအချို့)

၂။ နှစ်ပေါင်း၂၀ ကျော်ကြာ ပျောက်ကွယ်ရာမှ ပြန်လည်အသက်ဝင်လာသည့် လူရည်ချွန် ရွေးချယ်မှု အစီအစဉ်များ

အထီး၊ အမ လိုသလိုပြောင်းလဲနိုင်သော ငါး- clownfish


clownfish ခေါ်တဲ့ သန္တာကျောက်တန်းနေ ရွှေငါးမျိုး Amphiprioninae ဟာ မွေးကတည်းက အထီးပဲ ဖြစ်ပါတယ်။ အားလုံ အထီးချည်းပါပဲ။ ဒါဆို သူတို့ကို မွေးတာ ဘယ်သူလည်းလို့ မေးခွန်းထုတ်စရာ

ဆင်းရဲမှု နက်ရှိုင်းခြင်းနှင့် လူမှုရေးမငြိမ်မသက် ဖြစ်စဉ်များကြောင့် အကူးအပြောင်းကာလတည်ဆောက်မှု ပြိုကျသွားနိုင်ဟုဆို

ကွဲပြား ခြားနား ဆက်ဆံခံရမှုများ အပါ အဝင် ဆင်းရဲမှုနက်ရှိုင်းခြင်းနှင့် လူမှုရေး မငြိမ်မ သက်ဖြစ်မှုဖြစ် စဉ်များက အကူးအပြောင်း ကာလ တည်ဆောက်မှုကို ပြို ကျသွားနိုင်ကြောင်း ၈၈မျိုးဆက်

ညောင်လေးပင်မြို့နယ် ကျောင်းချိန်ပြင်ပ ကရင်စာပေသင်ကြားရေး ခက်ခဲမှုရှိနေသေး

(ညောင်လေးပင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စောလင်းအောင်)

(ညောင်လေးပင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စောလင်းအောင်)

နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင်

ပဲခူးတိုင်းကိုယ်စားပြု ကရင်နှစ်သစ်ကူးပွဲတော် သာယာဝတီတွင် ကျင်းပမည်



ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ ကရင်တိုင်းရင်းသားများ(ဓာတ်ပုံ-ကေအိုင်စီ)
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ ကရင်တိုင်းရင်းသားများ(ဓာတ်ပုံ-ကေအိုင်စီ)

ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း

ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပထမဦးဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲတော်ကို ပဲခူးတိုင်းအနောက်ခြမ်းရှိ သာယာဝတီမြို့၊ လိပ်အင်းကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး၏

လုပ်ငန်းခွင်တွင် ဒဏ်ရာရသူ မြန်မာအလုပ်သမားတစ်ဦး နေ့စားခ လိုလား

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဂျာကွာစတီးလ်စက်ရုံ၌ အလုပ်လုပ်နေသူ မြန်မာအလုပ်သမားတစ်ဦးမှာ ဒီဇင်ဘာ ၁၁ရက် နေ့က လုပ်ငန်းခွင်တွင်

ကရင်နှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ ကရင်ရိုးရာ ဒုံးအက ဗီဒီယိုဖိုင်ကို တင်ပေးလိုက်ပါတယ်..




ကရင်ရိုးရာ ဒုံးအက

ကရင်နှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ မနှစ်က ဗီဒီယိုဖိုင်တွေကို ပြန်တင်ပေးလိုက်ပါတယ်..

ကရင်နှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ မနှစ်က ဗီဒီယိုဖိုင်တွေကို ပြန်တင်ပေးလိုက်ပါတယ်..


ကရင်နှစ်သစ်ကူး စပါးလှေ့ရိုးရာအက 

ကရင်နှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ မနှစ်က ဗီဒီယိုဖိုင်တွေကို ပြန်တင်ပေးလိုက်ပါတယ်..

ကရင်နှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ မနှစ်က ဗီဒီယိုဖိုင်တွေကို ပြန်တင်ပေးလိုက်ပါတယ်...

ကရင်နှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ မနှစ်က ဗီဒီယိုဖိုင်တွေကို ပြန်တင်ပေးလိုက်ပါတယ်...

DKBA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေနှင့် တွေ့ဆုံခြင်း

နန်းလွင်နှင်းပွင့်

ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ၊ DKBA ၏အနာဂတ်၊ နယ်မြေအတွင်း

“အိမ်ထောင်ဖက်သည် ပါရမီဖြည့်ဖက်ဖြစ်ရမည်”

ကာမဂုဏ်ချမ်းသာကို မစွန့်နိုင်သူတွေအနေနဲ့
ကာမဂုဏ် ချမ်းသာရဲ့ တန်ဖိုးဖြတ်မရတဲ့အရာ
မဟုတ်ပုံတွေကိုတွေးပြီး စိတ်ညစ်စရာ မလိုဘူး။

Google Glass နဲ့ မင်္ဂလာဆောင်ခြင်း

အချို့သော အရာတွေဟာ ဟောင်းနွမ်းနေတတ်ပါတယ်။ အချို့သော အရာတွေမှာတော့ အသစ်အတိုင်းပါပဲ။

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ အနီးပေါက်ကွဲမှု ဖြစ်ပွား ကိုရင်တပါးပျံလွန်တော်မူ၊တပါးဒဏ်ရာရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ၏ အရှေ့မြောက် ဘက် ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းခေါင်ကျေးရွာသွား လမ်းခွဲ အနီးတွင် ဒီဇင်ဘာ ၂၈ရက် မွန်းလွဲ ၂ နာရီ ၅၅

တေးသီချင်း အမြတ်ငွေ အားလုံးကို လူမှုရေး အဖွဲ့အစည်းသို့ လှူဒါန်းမည့် ဆမ်ဘေလေး

X Factor သီချင်းဆိုပြိုင်ပွဲမှ ဂီတလောကသို့ ရောက်ရှိလာခဲ့သူ ဆမ်ဘေလေး၏ Skyscraper တေးသီချင်းသည် ခရစ္စမတ်ပွဲတော် ကာလ၌ ရောင်းအား အကောင်းဆုံး တစ်ကိုယ်တော်တေးသီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

၈၈ မျိုးဆက် ခေါင်းဆောင်များ ဆန္ဒပြမည့်ရက် တစ်ရက်နောက်ဆုတ်

အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီး တရားစွဲဆိုသော ပုဒ်မ ၁၈ နှင့်ပုဒ်မ ၅၀၅ (ခ) တို့ကို ရုပ်သိမ်းပေးရန်အတွက် ၈၈ မျိုးဆက် ကျောင်းသား

တိုးတက်အောင်မြင်တဲ့ဘဝ

(၁) သင့်ကိုယ်သင် မကောင်းတွေးတာမျိုး... မကောင်းပြောတာမျိုးကို ဘယ်တော့မှမလုပ်နဲ့...

(၂) ဘာသာတရားကိုင်းရှိုင်းပါ... သင့်အတွက် ဘယ်သူကမှမပေးနိုင်တဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းအင်သတ္တိတွေကို

NLD အခြေခံဥပဒေ ပြင်ဆင်ချက်တွင် ဗဟိုအစိုးရ လုပ်ပိုင်ခွင့်များ လျှော့ချ ထားဟုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြင်ဆင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များတွင် ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်နှင့် ချုပ်ကိုင်မှုများ လျှော့ချနိုင်မည့် ပုဒ်မများကို အများဆုံး

သင့်အသည်းကျန်းမာလာစေရန် နည်း (၇) သွယ်

၁။ ရေများများသောက်ပါ

တစ်ရက်လျှင် ရေသန့် ၈-၁၀ ဖန်ခွက်ခန့်သောက်ပါ။ ၎င်းကသင့်ရဲ့ အသည်းထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်အပြင်ရောက်အောင် ထုတ်ပေးပါလိမ့်မယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရဖွဲ့နိုင်ရေး ပြင်ဆင်ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အစိုးရဖွဲ့နိုင်ရန်အတွက် မဲဆန္ဒနယ်အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရရေး ရည်ရွယ်ကာ

နိုင်ငံရေးဦးဆောင်ပါဝင်သူများကြား နိုင်ငံရေး သဘောတူညီမှု ရှိ၊ မရှိ ပြည်သူများသို့ ထုတ်ပြန်သင့်ဟု ဦးကိုကိုကြီး ဆို

မြန်မာ့နိုင်ငံရေးဦးဆောင်သူ (stake holders)များကြား နိုင်ငံရေးအရ သဘောတူညီမှု ရှိ၊ မရှိအား ပြည် သူများအား ထုတ်ပြန်သင့်သည်ဟု ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ

LG L စီးရီးဖုန်းများတွင်လည်း လက်တောက် ဖွင့်ပိတ်စနစ် ထည့်မည်

LG L Series II စမတ်ဖုန်းတိုင်းမှာ လက်နဲ့ ခေါက်ပြီး ဖွင့်ပိတ်လုပ်တဲ့ စနစ်ကို ထည့်သွင်းတော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။ ယင်း Knock Function ကို ပထမဆုံး LG G2 မှာ စတင်ထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

ဗုဒ္ဓရုပ်ပွားတော် တစ်ထောင် - အကောက်တောင်သို့

ပြည်တွင်းဘုရားဖူးဧည့်သည်များနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပြည်မြို့ အနီးရှိ အကောက်တောင်ကို အထူးစိတ်ဝင်စား လျက်ရှိပြီး

စက်လှေနစ်မြုပ်၍ အမျိုးသမီး ၁၇ ဦး သေဆုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ဆင်ဘုတ်ချောင်း အတွင်း၌ ဒီဇင် ဘာ ၂၇ ရက် ညနေ ၆ နာရီက စက်လှေ နစ်မြုပ်မှု ဖြစ်ပွား၍ စက်လှေပေါ်တွင် ပါလာသူများအနက် အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့

သမ္မတအရည်အချင်းသတ်မှတ်ချက် ပြင်ရန် သင့်၊မသင့် ပြည်ခိုင်ဖြိုး မဲခွဲမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပြဋ္ဌာန်းချက် (ပုဒ်မ ၅၉) ကို ပြင်ရန် သင့်၊မသင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေး၌ ဒီဇင်ဘာ

DKBA နယ်မြေအတွင်း ဧရာဝတီတိုင်းမှ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ရှိနေ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ အနီးတစ်ဝိုက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA ပိုင် တောင်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင်

၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ကိုးဆုပေးအပ်၊ နှစ် ၆၀ အတွင်း ဟာသဇာတ်ကားဖြင့် ဆုအများဆုံး ဆွတ်ခူး

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ ရုပ်ရှင်လုပ်ငန်းက နောက်ဆုံး တာဝန်ယူ ချီးမြှင့်ပေးခဲ့သော ၂၀၁၂ ခုနှစ် မြန်မာရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဆုကိုးဆုချီးမြှင့် ပေးခဲ့ရာ

္ဒဓမ္မမိတ်ဆွေအားလုံး မင်္ဂလာနံနက်ခင်းပါ။ မြတ်စွာဘုရားပုံတော်ကို ဖူးမြော်ရင်း မေတ္တာသုတ်လာ မေတ္တာပို့နည်းကို တစ်ခေါက်လောက် ရွတ်ဖတ် ပူဇော်ကျဖို့ တိုက်တွန်းပါရစေ။

၁။ လုံးစုံများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

ချဉ်သော သကြားလုံးက သွားကျန်းမာရေးကို ထိခိုက်စေနိုင်

အချဉ် အရသာရှိတဲ့ သကြားလုံး တွေဟာ သွားတွေရဲ့ ကာကွယ်နိုင်တဲ့ အပေါ်ယံ အလွှာကို ခွာချ ပစ်နိုင်ပါတယ်။ အချဉ် အရသာ ရှိတဲ့ သကြားလုံး တွေကို ပါးစပ်ထဲ

တစ်ဦးကိုတစ်ဦး ပွေ့ဖက်ခြင်းသည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေကာ လူကိုပါ ပိုကျန်းမာစေနိုင်

တစ်ဦးကို တစ်ဦး ပွေ့ဖက်ခြင်း၊ နှစ်သိမ့်ခြင်းနှင့် အားပေးခြင်းများ သည်စိတ်အား ကိုဖြစ်စေကာ အကျိုး ဆက်အဖြစ် စိတ်ဖိစီးမှုများ၊ စိတ်အားငယ်မှုများ လျော့နည်းပြီး ကိုယ် ခံစွမ်းအား

မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့


မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လာမယ့်နှစ် ဇန်န၀ါရီ (၄) ရက်နေ့က စပြီး၊

အမှောင်ထဲမှာလင်းတဲ့ ၀က်တွေ တရုတ်ဖန်တီး

ဝက်သားပေါက်တွေကို ဂျယ်လီငါး DNA ထိုးထည်းပြီးတဲ့နောက် အမှောင်ထဲမှာ လင်းတဲ့ ၀က်တွေအဖြစ် သိပ္ပံပညာရှင်တွေက ပြောင်းလဲပေးလိုက်ပါတယ်။

အတက်ဘက် ဦးတည်နေသည့် ဒေါ်လာဈေး ဆက်မတက်နိုင်တော့



၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းကတည်းက အမြင့်ဘက်သို့ ဆက်တိုက်ဦးတည်နေခဲ့သည့် အမေရိကန်၏ မြန်မာကျပ်ငွေနှင့်လဲလှယ်နှုန်းသည် လက်ရှိအနေအထားမှ

Sunday, December 29, 2013

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် NCCT အဖွဲ့ချင်းမိုင်မြို့မှာ ထပ်မံ ဆွေးနွေး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား

အန်စီစီတီနဲ့ အမ်ပီစီ ဆွေးနွေးပွဲ ငြိမ်းချမ်းရေးမူဘောင် ၈၀ ရာခိုင်နှုန်း သဘောတူ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့

မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက် သမ္မတ ပြင်ဆင်မည်မဟုတ်ဟုဆို


ရန်ကုန်- သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ၎င်း၏ သမ္မတ သက်တမ်းအတွင်း ဆိုင်းငံ့ထားမည့် ဆုံးဖြတ်ချက်ကို ပြင်ဆင်မည်မဟုတ်ဘဲ တစ်ဖက်ကုမ္ပဏီက

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုစာရင်း

အကောင်းဆုံးရုပ်ရှင်အသံဆု - တိုနီလင်း (ကယန်းအလှ)
အကောင်းဆုံး ဒါရိုက်တာဆု - ကိုဇော် (အရုဏ်ဦး) (ဥ)

၂၀၁၂ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမြင်ကွင်းများ

 ၂၀၁၂ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမြင်ကွင်းများ

ကမ္ဘာကျော် ပုဂ္ဂိုလ်များ

ဘီလ်ဂိတ်စ်
-------------
ဘီလ်ဂိတ်စ်ဟာ အထက်တန်း ကျောင်းသားဘဝမှာ ကတည်းက ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို ဖန်တီးရေးဆွဲခဲ့ပြီး မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ၁၉၇၇ ခုနှစ်မှာပူးတွဲ ထူထောင်ခဲ့ပါတယ်။

၂ဝ၁၂ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲ

၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနားအတွက် ဆုဗန်းကိုင်သူများ၏ အရည်အချင်းစစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်တို့က အပြီးသတ်ရွေးချယ်ခဲ့ရာ ယခုနှစ် အတွက်

Eleven Media သတင်းထောက် ထောင်ဒဏ် ချမှတ်ခံရမှု မန္တလေး သတင်းသမားများ ဆန္ဒထုတ်ဖော်မည်

Eleven Media ၏ နယ်သတင်းထောက်ဖြစ်သူ မခိုင်ကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် တရားရုံး က ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းအပေါ် မန္တလေးမြို့တော်ရှိ

ဘ၀အတွက် အာဟာရစကားများ

(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။

(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။

မျှော်ကြလေပြီ အကယ်ဒမီ

အနုပညာရှင်များက အောင်မြင်မှု မှတ်တိုင်တစ်ခုအဖြစ် မျှော်လင့်ကြသော အကယ်ဒမီ၊ ပရိသတ်များက ကိုယ်ချစ်ခင် အားပေးသော အနုပညာရှင်များကို အားပေးဖို့နှင့်

ညောင်လေးပင်မြို့၌၂၀၁၄ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေကြီးဒေသကြီး ညောင်လေးပင်မြို့၌ ၂၀၁၄ ခုနှစ် လူဦးရေနှင့်လူအကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၂၇)ရက် နံနက်(၁၀)

မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းမှု အမေရိကန်ပညာရှင် ဟောပြောမည်

ပါမောက္ခလာရီဒိုင်းမွန်းက မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် “နိုင်ငံရေး ပဋိညာဉ်မရှိခြင်း၏ အန္တရာယ်” ဟူသောခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ

ထိုင်းနိုင်ငံရှိ ငါးဖမ်းစက်လှေပေါ်မှ ကယ်တင်ထားသည့် မြန်မာနှစ်ဦး အား မြ၀တီနယ် စပ်ဆက်ဆံရေးရုံးသို့ လာရောက်လွှဲပြောင်းပေး

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးကျော်ကျော်လွင်၏ အကြောင်း ကြားချက်အရထိုင်းနိုင်ငံ ချွန်ပူလီခရိုင် အချောင်ဆိပ်ကမ်းငါးဖမ်းစက်လှေပေါ်မှာ ကယ်တင်ပေးထားသည့် ပဲခူးတိုင်ဒေသကြီးမှ အမျိုးသားနှစ်ဦးအား ဒီဇင်ဘာ၂၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ မဲဆောက်နယ်စပ်ဆက်ဆံရေးရုံးမှ မြ၀တီနယ်စပ်ဆက်ဆံရေးရုံးသို့ လာရောက်လွှဲပြောင်းပေးခဲ့သည်။

လွှဲပြောင်းရောက်ရှိလာသူ အမျိုးသားနှစ်ဦးသည် လွန်ခဲ့သော တစ်နှစ်ခန့်က မြ၀တီမြို့သို့ ရောက်ရှိစဉ် အမျိုးသားတစ်ဦး (အမည်၊ နေရပ်လိပ်စာမသိသူ) က ထိုင်းနိုင်ငံ၊ ဗန်ကောက်ရှိ နာနတ်သီးစက်ရုံတွင် တစ်နေ့ ဘတ် ၂၀၀ ဖြင့် အလုပ်ရရှိမည် ဟု ပြောဆိုစည်းရုံး၍ တရားမ၀င် လမ်းကြောင်းမှတစ်ဆင့် ခေါ်ဆောင်သွားပြီး အချောင်ဆိပ်ကမ်းတွင် ရပ်နားထားသည့် ငါးဖမ်းစက်လှေနံပါတ် ၂၂ ပေါ်သို့ ပို့ဆောင် ခံခဲ့ရကြောင်း၊ ပို့ဆောင်ခ ဘတ် ၁၃၀၀၀ ကို ခုနစ်လ အလုပ်လုပ်၍ ဆပ်ခဲ့ရကြောင်း၊ အကြွေးကျေပြီး တစ်လ ဘတ် ၅၀၀၀ ရရှိကြောင်း၊ လေးလဆက်လုပ်ခဲ့ပြီး ငါးဖမ်းစက် လှေတွင် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် အစ်မဖြစ်သူမှတစ်ဆင့် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးကျော်ကျော်လွင်ထံအကူအညီတောင်းခံ ၍ ကယ်တင်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။ ပြန်လည်ရောက်ရှိလာသူ ပဲခူးတိုင်းဒေသ ကြီးမှ အမျိုးသားနှစ်ဦးအား ယင်းနေ့၌ပင် တာဝန်ရှိသူများမှ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့သည်။

၂၀၀၉ခုနှစ် ဧပြီ ၂၄ရက်တွင် နေပြည်တော်၌ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကိုနှစ်နိုင်ငံဝန်ကြီးအဆင့် လက်မှတ်ရေးထိုးခဲ့ပြီး တာချီလိတ်-မယ်ဆိုင်

ဂျပန်မြှုပ်ခဲ့သည့် ရတနာများ စမ်းသပ်တူးဖော်နေ

အုတ်ဖို ၊ ဒီဇင်ဘာ ၂၇ ။ ။ ပဲခူး တိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ရှမ်းကုန်း အုပ်စု အောင်လံစု ကျေးရွာအပိုင် ဥက္ကံရိုးချောင်း အဟောင်းအနီး တွင် ဂျပန်များ

နှစ်သစ်ကူးနေ့ညတွင် အင်းလျားကန်ပေါင်ကို ည ၁၁ နာရီအထိ ဖွင့်မည်ဖြစ်ပြီး ကန်ပေါင်ပေါ်ရှိ ပစ္စည်းများ ဖျက်ဆီးပါက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူမည်

နှစ်သစ်ကူးနေ့ညတွင် ပြည်လမ်းနှင့် ကမ္ဘာအေး စေတီလမ်းတို့ရှိ အင်းလျားကန်ပေါင် နှစ်ခုစလုံးကို ည ၁၁ နာရီအထိ ဖွင့်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်

ဘိန်းအစားထိုးသီးနှံ စိုက်ပျိုး အောင်မြင်ရန် အစိုးရ၏ အကူအညီ လိုဟုဆို



ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်ရေး စီမံချက် ရေးဆွဲထားသော မြန်မာနိုင်ငံ တွင် ကယားပြည်နယ်၏ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရန်အတွက် အစိုးရ၏ အကူအညီများ

ထိုင်းတွင် ပြည်ဝင်ဗီဇာသက်တမ်းလေးနှစ်ပြည့်ပြီး တရားဝင်ဆက်လက်လုပ်ကိုင်လိုသူများအတွက် အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်

 (ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ နေရာအား တွေ့ရစဉ်)

ထိုင်းနိုင်ငံတွင် ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး ဆက်လက်အလုပ်လုပ်ကိုင်လိုသူများအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး လူထုဟစ်တိုင်နယ်မြေ သတ်မှတ်ပေးမည်

မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒများကို လွပ်လပ်စွာ ဖော်ထုတ်နိုင်မည့် ပထမဦးဆုံးသော လူထုဟစ်တိုင် နယ်မြေတစ်ခုကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် ၆၂ လမ်းရှိ မနော်ရမံ ဥယျာဉ်နှင့် လမ်း

"သေတမ်းစာ"

မစ္စတာ ဖရဒ် ဆေးရုံတင်ထားရတာ အခြေအနေ မကောင်းတော့တာနဲ့ သူ့မိသားစုက တရားဟောဆရာကို ခေါ်လိုက်တယ်။

စိတ်ဓာတ်မြှင့်တင်ရေး စကားစုများ

အောင်မြင်တဲ့လူတစ်ယောက်ဆိုတာ သူ့ကို ပစ်ပေါက်လိုက်တဲ့ ကျောက်တုံးကျောက်ခဲတွေနဲ့ အခိုင်အမာအုတ်မြစ်တစ်ခုတည်ဆောက်နိုင်တဲ့သူမျိုး...
David Brinkley

အကယ်ဒမီပြေးလမ်းပေါ်က တစ်ကြိုပြေးနေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ

အကယ်ဒမီမေသန်းနု ''မဆင့်ကအကယ်ဒမီဆုနဲ့အလှမ်းကွာနေတာ ဆယ်နှစ်တောင်ေ ကျာ်နေပါပြီ။ အမုန်းမီးတောက် မှာ မဆင့်က ကိုယ်လုပ်ခဲ့တဲ့နေရာကိုတော့ အား ရတယ်။

မြန်မာပြည်သူ့ ဖိုရမ်ရလဒ် နိုင်ငံတော်သမ္မတထံ ပေးပို့မည်

ပထမဦးဆုံးအကြိမ် မြန်မာပြည်သူ့ ဖိုရမ် (Myanar People Forum/ Myanmar Civil Society Forum) ကို ဒီဇင်ဘာလ ၂၈၊ ၂၉၊ ၃၀ ရက်တို့တွင် ရန်ကုန်မြို့တော် မြန်မာ ကွန်ဗင်းရှင်းစင်တာ MCC ၌

Saturday, December 28, 2013

တနင်္သာရီတိုင်းတွင် မွန်လူဦးရေစာရင်း ကောက်မည်

တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ဆယ်မြို့နယ်လုံးတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်း၏ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦး ရရှိစေရန်အတွက် မွန်လူဦးရေ စာရင်းကို
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးကောက်ခံသွားမည် ဖြစ်ကြောင်း မွန်စေတနာ

တနင်္သာရီတိုင်းတွင် မွန်လူဦးရေစာရင်း ကောက်မည်

တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ဆယ်မြို့နယ်လုံးတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်း၏ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦး ရရှိစေရန်အတွက် မွန်လူဦးရေ စာရင်းကို

ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ကရင်ဒုက္ခသည်တွေ အများစုနေထိုင်ရာ မယ်လဒုက္ခသည်စခန်းမှာ မနေ့နေလည် ၂ နာရီလောက်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက်

ထိုင်းနိုင်ငံရေးအခြေအနေ စစ်တပ်က စတင်သတိပေးပြီ

ဘန်ကောက် ၊ ဒီဇင်ဘာ ၂၇ ။ ။ ထိုင်း နိုင်ငံ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ် ပရာယုသ်ချန်အိုချာ က တိုင်းပြည်အတွင်း အစိုးရ နှင့်ဆန့်ကျင်သူ များ တည်ငြိမ်

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ကရင်နှစ်သစ်ကူး ပွဲတော် ကရင်လက်နက်ကိုင်များပူးပေါင်းစစ်ရေးပြအစီအစဉ် အစမ်းလေ့ကျင့်မှုများ 27.DEC.2013


ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ကရင်နှစ်သစ်ကူး ပွဲတော် ကရင်လက်နက်ကိုင်များပူးပေါင်းစစ်ရေးပြအစီအစဉ် အစမ်းလေ့ကျင့်မှုများ 27.DEC.2013

မြ၀တီမြိ့နယ်တွင်ပြုလုပ်မည့် ကရင်နှစ်သစ်ကူးနေ့ စစ်ရေးပြပွဲအတွက် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ယနေ့တွင်ပူးတွဲစစ်ရေးပြလေ့ကျင့်မှုကို နှစ်သစ်ကူးနေ့ကျင်းပမည့်ကွင်းတွင်
ပြုလုပ်ခဲ့ကြသည်။

ကရင်အမျိုးသားညီအစ်ကိုမောင်နှမများအားလုံးသို့

ဆူ/

ပဝဲဒီပုr်ဝဲကညီိဖိကိးဂzဒဲး ခဲအံzန့၃်ယအဲ၃်ဒီဟ့၃်ဂံr်ဟ့၃်ဘါ လ7ပကလိ၃်ဘ၃်စ့r်ကီးတr်ဃူတr်ဖိးန့၃်လီr်..
ပကဂုာ်ကျဲးစ7းသကိးပဝဲပှz

ကရင်အမျိုးသားညီအစ်ကိုမောင်နှမများအားလုံး အခုအချိန်မှာကျွန်တော်အားပေးချင်တာကတော့ ကျွန်တော်တို့ကရင်အချင်းချင်းခွဲခြားမှုမရှိဘဲ စည်းစည်းလုံးလုံးဖြင့် ကျွန်တော်တို့ကရင်တိုးတက်ဖို့ရန်အတွက်အတူတကွလက်တွဲပြီးလုပ်ဆောင်သင့်ကြောင်းကိုတိုက်တွန်းအပ်ပါတယ်။။။

ကရင်တိုးတက်ဖို့ရန်သည် ကျွန်တော်တို့ကရင်တိုင်းမှာတာဝန်ရှိပါကြောင်းနှင့်

ကရင်အချင်းချင်းကိုစည်းလုံးညီညွှတ်မှုကိုရှေ့ရှုလျက်...

စီzကညီဝါ(KUHN)

Please share more for your Karen brothers and sisters will know that.

ဝံသးစူz ဆှzအါထီ၃်လ7 နဒီပုr်ဝဲကညီဖိကိးဂzဒဲးကသ့၃်ညါအဂီr်န့၃်တက့r်...
ကညီဖိသ့၃်တဖ၃်တr်လဲzထီ၃်လဲzထီအဂီr်န့၃်တက့r်...

ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ် - ကရင်နှစ်သစ်ကူးနေ့တွင် ပေးပို့သော ကရင်အမျိုးသားအစည်းအရုံး၏ သ၀ဏ်လွှာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး
ဗဟိုဌာနချုပ်
ကော်သူးလေ

ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ် - ကရင်နှစ်သစ်ကူးနေ့တွင် ပေးပို့သော ကရင်အမျိုးသားအစည်းအရုံး၏ သ၀ဏ်လွှာ

ကရင်ပြည်နယ် ဘားအံသို့ အလည်အပတ်လာရောက်လိုသူများအတွက် (၁) သွားရောက်လည်ပတ်သင့်သော နေရာများ

လမ်းကြောင်းသင့်သည့်အတိုင်း သွားမယ်ဆိုရင် ကော့ကသောင်ဂူသို့ အရင်သွားသင့်ပါသည်။ ကော့ကသောင်ဂူ မရောက်ခင် ဇွဲကပင်သို့ အရင် ရောက်မည်ဖြစ်ပြီး တောင်ခြေသို့ သွားရောက်လည်ပတ်နိုင်ပါသည်။

ံ္ဘုံးလာခုဂ်~ဆိင့်ဖါန်

ံ္ဘုံးလာခုဂ်~ဆိင့်ဖါန်

ကရင် နှစ်သစ်ကူး သီချင်း

ငါတို့ ကရင် နှစ်သစ်ကူးမျာ စည်းစည်းလုံးလုံးနဲ့ ပျော်ကြမယ်

မရီးဖြစ်သူအား အရှင်လတ်လတ် ရိုက်နှက်၊ မီးရှို့၊ လူသတ်ခဲ့သည့် ဖြစ်စဉ်အား ဇန်န၀ါရီ ၆ ရက်တွင် စတင်စစ်ဆေးမည်

အရှင်လတ်လတ် ရိုက်နှက်၊ မီးရှို့၊ လူသတ်မှု ဖြစ်စဉ်နှင့် ဆက်စပ်၍ တရားလိုနှင့် တရားလိုပြ သက်သေများအား ဟင်္သာတခရိုင် တရားရုံး၌ ဇန်န၀ါရီ ၆ ရက်တွင်

သေနတ်ကိုင်ဆောင်ကာ လုယက်၊ ခြိမ်းခြောက်မှုများ မကြာခဏ ဖြစ်ပွားလာခြင်းကြောင့် ခွင့်ပြုချက်ဖြင့် ကိုင်ဆောင်နေသူများနှင့် တရားမ၀င် ကိုင်ဆောင်နေသူများကို စစ်ဆေးသွားမည်

သေနတ်ကိုင်ဆောင်ကာ လုယက်၊ ခြိမ်းခြောက်မှုများ မကြာခဏ ဖြစ်ပွားလာမှုကြောင့် ပါမစ်ဖြင့် ကိုင်ဆောင် နေသူများနှင့် တရားမ၀င် ကိုင်ဆောင်နေသူများကို

ဘားအံ ဆွေးနွေးပွဲ ရက် သတ်မှတ်ရန် အစိုးရနှင့် KNU မဲဆောက်တွင် တွေ့မည်

ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်မည့် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲရက် သတ်မှတ်ရန်အတွက် အစိုးရနှင့် KNU တို့

Friday, December 27, 2013

နိုင်ငံရေးပုဒ်မများနှင့် ရာဇ၀တ်မှု ပုဒ်မများ ပူးတွဲကျခံ နေရသူများကို နိုင်ငံရေးပုဒ်မပြစ်ဒဏ် ဖြေလျှော့ပေးမည့် လွတ်ငြိမ်းသက်သာခွင့်ဆိုင်ရာ အမိန့်တစ်ရပ် အစိုးရက ယခုနှစ်ကုန်တွင် ထုတ်ပြန်ဖွယ်ရှိ


27.12.2013

ယခုနှစ်ကုန်လျှင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမည်ဟု နိုင်ငံတော် သမ္မတက ပြောကြားထားသော်လည်း ယခုအချိန်အထိ နိုင်ငံရေး အကျဉ်းသားများနှင့် ငြိမ်းစုစီ ဥပဒေများအရ တရားစွဲဆို ခံထားရသူများ ရှိနေသေးရာ ၎င်းတို့အား ယခုနှစ်ကုန်တွင် ပြစ်ဒဏ်မှ ဖြေလျှော့ပေးရန်အတွက် အမိန့်ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ပေးဖွယ် ရှိကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။

မလေးရောက် အတိုက်ခိုက်ခံ မြန်မာလုပ်သားများအရေး အစိုးရနှင့် ပို့ဆောင်ခဲ့သည့် အေဂျင်စီ သွားရောက်ဖြေရှင်းမည်


27.12.2013

မလေးရှားနိုင်ငံ ဆာရာဝတ်ပြည်နယ်ရှိ သင်္ဘောတည်ဆောက်ရေးနှင့် ပြင်ဆင်ရေးကုမ္ပဏီတွင် အင်ဒိုနီး ရှားလုပ်သားများ၏ တိုက်ခိုက်ခြင်းကိုခံရသည့် မြန်မာအလုပ်သမားများအတွက် လုံခြုံရေး အပြည့်အ၀ တာဝန်ယူဆောင်ရွက်ထားပြီး အစိုးရတာဝန်ရှိသူများလည်း ယနေ့ သွားရောက်ဖြေရှင်းမည်ဖြစ်ကြောင်း အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုး ဒေါ်ခင်နွေဦးက မဇ္ဈိမကို ဒီဇင်ဘာ၂၆ ရက် တွင် ပြောသည်။

တိုင်းရင်းသားပါတီတို့ စိတ်ဝင်စားသည်မှာ ပြည်ထောင်စုစနစ်သာဖြစ်ဟုဆို


27.12.2013

အခြေခံဥပဒေပြင်ဆင်ရေးအတွက် အများက စိတ်ဝင်စားနေကြပြီး နိုင်ငံအကြီးအကဲဆိုင်ရာ၊ တပ်မတော် ပါဝင်မှုဆိုင်ရာ၊ သမ္မတအရည်အချင်းဆိုင်ရာ စသည့် ပုဒ်မများအပေါ် အာရုံစိုက်နေကြချိန်တွင် တိုင်းရင်း သားပါတီတို့၏ စိတ်ဝင်စားမှုကမူ ပြည်ထောင်စုစနစ် အမှန်တကယ် ကျင့်သုံးခွင့်ရရေးသာ ဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌက မဇ္ဈိမသို့ ပြောသည်။

မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာများ အကူုမရရှိသေး



27.12.2013

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမား ၉၇ ယောက်ကို ကူညီဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က မလေးရှားအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှု အဓိက ဦးဆောင်သူကို မြ၀တီမြို့၌ ဖမ်းဆီးရမိ




27.12.2013

ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် နိုဝင်ဘာအတွင်းက လင်မယားနှစ်ဦးအား ငွေကျပ် သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှုတွင် အဓိကကျူးလွန်သူ ကထီး (ခ) သူရဇော်ဦး ဆိုသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ပြန်ပေးဆွဲမှုတွင် အဓိကဦးဆောင်သူ ဖြစ်သည့် ကထီး (ခ) သူရဇော်ဦးကို မြ၀တီမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယခင်ဦးစွာ ဖမ်းမိထားသူ သုံးဦးဖြစ်သည့် စိုးမင်းဦး (ခ) သံပါးစပ်၊ သက်ကိုနှင့် ကျော်မြင့်တို့ကို ဒီဇင်ဘာ ၂၆ ရက်တွင် သန်လျင်မြို့နယ် တရားရုံးသို့ ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုင်းဆန္ဒပြပွဲ သေကြေ ထိခိုက်မှုရှိ




27.12.2013

ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ပန်ကြားချက်ကို ထိုင်းအစိုးရက ပယ်ချ လိုက်ပါတယ်။

Thursday, December 26, 2013

ပညာရေးဝန်ကြီးဌာန မူကြိုဆရာများ နိုင်ငံဝန်ထမ်း ခန့်ထားရန် မူဝါဒရေးဆွဲ


26.12.2013

ဝေးလံသော ဒေသများက အခြေခံပညာ မူလတန်းကျောင်းများတွင် ဖွင့်လှစ်ထားသော ရပ်ရွာအခြေပြု ရှေး ဦး ကလေးသူငယ် ပြုစုရေး ကျောင်းများက မူကြိုဆရာများ အစိုးရ ထောက်ပံ့စရိတ် ရရှိရေး မူဝါဒတစ် ရပ် ရေးဆွဲထားကြောင်း ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ ပညာရေး မြှင့်တင်မှု အကောင်အ ထည်ဖော်ေ ရး ကော်မတီဝင် များထံမှ စုံစမ်းသိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ ကျင်းပမည့်ရက် အစိုးရနှင့် ညှိနှိုင်းထုတ်ပြန်မည်

26.12.2013

ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် တည်ရှိရာ လေးဝါးစခန်းတွင် ပြုလုပ်မည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ကျင်းပမည့် နေ့ရက်ကို အစိုးရနှင့် ညှိနှိုင်းပြီးမှသာ ထုတ်ပြန် ကြေ ညာမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံတွင် နောက်ကြောင်းပြန်ခလုတ်ပါသည့်အတွက် ပြင်ရေးထက် ပြည်တွင်းငြိမ်းချမ်းရေးကို အရင်လုပ်သင့်

26.12.2013

၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တိုင်းပြည်နောက် ကြောင်းပြန်နိုင်သော ခလုတ်များ ပါနေသည့်အ တွက် ဖွဲ့စည်းပုံကို အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲ ရေးထက် ပြည်တွင်းငြိမ်းချမ်းရေး ကို အရင်လုပ် သင့်ကြောင်း နိုင်ငံ ရေးလေ့ လာသူ များက ပြောသည်။ ''ဖျက်ပြီးအသစ်ရေးဆွဲမယ် ဆိုတဲ့အသံတွေ ကြားနေရပါတယ်။ မကြိုက်ဘူး။ နားတော့လည်ပါ တယ်။ သို့သော် မထောက်ခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံ ထဲမှာ ခလုတ်တွေ ပါနေတယ်။ ပြောင်းကြည့် မယ်။ မဟန်ရင် နောက် ကြောင်းပြန်ဖို့ အဆင်သင့် ပါ တယ်''ဟု မြန်မာ့နိုင်ငံရေးလေ့လာ သူစာရေးဆရာ ဦးကျော်ဝင်းက ပြောသည်။

ဆန္ဒပြသူများကို ထိုင်းရဲဖြိုခွင်း၊ ထိခိုက်ဒဏ်ရာရမှုများ ရှိ


26.12.2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရွေးကောက်ပွဲကို ကန့်ကွက် ဆန္ဒပြနေသူတွေကို ရဲအဖွဲ့က မျက်ရည်ယို ဗုံးတွေ၊ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့လို့ တော်တော်များများ ဒဏ်ရာရ သွားပါတယ်။

ခရစ္စမတ်နေ့ တောင်ငူ ပြည်သူ့ဆေးရုံအနီး ဗုံးတွေ့


26.12.2013

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့ မွန်းလွဲ ၁၂ နာရီခန့်က အမှတ် (၁၉) ရပ်ကွက်၊ ကန်လမ်းရှိ မြို့နယ် ပြည်သူ့ဆေးရုံ မျက်နှာချင်းဆိုင် ဆေးရုံ ဝန်ထမ်းလိုင်းခန်း ရှေ့ရေမြောင်း တစ်ခုအတွင်း အသံဗုံး တစ်လုံးအား တွေ့ရှိပြီး မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတစ်ခုက ဖောက်ခွဲ ဖျက်ဆီးခဲ့ ရကြောင်း တောင် ငူမြို့ခံများက ပြောကြားသည်။

မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၃၃ နိုင်ငံက မိုဘိုင်းဖုန်း သုံးနိုင်မည်


26.12.2013

မြန်မာ့ဆက်သွယ်ရေးဟာ နိုင်ငံပေါင်း ၃၃ နိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေ မြန်မာနိုင်ငံမှာ လာပြီး အ သုံးပြုနိုင်ဖို့ ပြင်သစ်နိုင်ငံ Orange ကုမ္ပဏီနဲ့ International Roaming Service Agreement စာချုပ်ချုပ် ဆိုခဲ့ပြီလို့ ထုတ်ပြန်ကြေငြာပါတယ်။

တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ ခွင့်ပြုချက်ရရှိ


26.12.2013

တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ကို  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကမှတ်ပုံတင်ချပေးလိုက်ပြီ ဖြစ်တာကြောင့်၂၀၁၅ ရွေးကောက် ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတော့မယ်လို့ FUP ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

ဆန္ဒပြသမားများ ထိုင်း ရွေးကောက်ပွဲမှတ်ပုံတင်ရုံးကို ၀င်စီးရန် ကြိုးစား


26.12.2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက် ဖြစ်နေပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ ရွေးကောက်ပွဲမှတ်ပုံတင်ရုံးကို ၀င်စီးဖို့ ကြိုးစားနေ ကြပါတယ်။

မလေးရှားနိုင်ငံ ဆာရာဝပ် ပြည်နယ်ရှိ သဘောင်္ကျင်း စက်ရုံတစ်ခုတွင် မြန်မာ ၉၇ ဦး အသက် အန္တရာယ်စိုးရိမ် ရင်ဆိုင်နေရ (နောက်ဆုံးရ မလေးရှား သတင်း)

26.12.2013

မလေးရှားနိုင်ငံ SABAH,SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်ရှိ(ဘရူးနိုင်းနယ်စပ် ဆာရာဝပ်ပြည်နယ် ၊ မီရီမြို့ ရှိ အာဆီယံတံတား အနီးShin Yang Shipyard SDN. BHD သဘောင်္ကျင်း စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော
မြန်မာ အလုပ်သမား ၂ ဦးသည် အင်ဒိုနီးရှား ၂ ဦးနှင့် ရန်စကားများရာကနေပြသာနာ စတင်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက်ကုသ


26.12.2013

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကင်ဆာရောဂါ ဆေးကုသမှု ခံယူနေကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ ဦးလှမောင်ရွှေ က ပြောကြားသည်။

ထိုင်းသွားမည့် အလုပ်သမား ၆ဝဝဝ မြဝတီတွင် သောင်တင်နေ

26.12.2013

နယ်စပ်ထွက်ပေါက်တစ်ခု ဖြစ် သော မြဝတီမြို့တွင် ထိုင်းသို့သွား မည့် မြန်မာအလုပ်သမား ၆ဝဝဝ သောင် တင် နေကြောင်း မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှား မှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က ပြော သည်။

မောင်ကိန်းရွှေဆိုင် ဓားပြမှုတွင် ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ဟု ကျူးလွန်သူထွက်ဆို


26.12.2013

မောင်ကိန်းရွှေဆိုင်ဓားပြမှုဖြစ်စဉ်အနုကြမ်းစီးရာတွင်ကျူးလွန်သူကိုင်ဆောင်အသုံးပြုသည့် သေနတ်မှာ   လောက် ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလေးဖြစ်သူ၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း ကျူးလွန်သူက ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

အာရှလမ်းမကြီး ၂၀၁၄ မတ်လတွင် အပြီးသတ်ဖောက်လုပ်ရန် စီမံချက်ချလုပ်ဆောင်နေ

26.12.2013

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့သို့ ဆက်စပ်လျက်ရှိသည့် သံဖြူဇရပ် ဘုရားသုံးဆူ လမ်းဟောင်းအား နိုင်ငံတော်ဘတ်ဂျတ်ဖြင့် အာရှလမ်းမကြီးအဖြစ် ပြန်တည်ဆောက်လျက်ရှိရာ ၂၀၁၄ခုနှစ် မတ်လတွင် အပြီးတည်ဆောက်နိုင်ရန် စီမံကိန်း ချမှတ်ပေးထားသည်ဟု တာဝန်ယူဆောက်လုပ်နေသည့် ရွှေချောင်းဆုံကုမ္ပဏီ မှ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကေအိုင်အေ ဖမ်းသည်ဆိုသော ရှမ်းများအရေး ဆွေးနွေးရန် စီစဉ်

26.12.2013

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းရှိ ရွာများမှ ရှမ်းနီနှင့် ကချင်လူမျိုး ၇၀ ခန့်ကို ဖမ်းဆီးထားသည် ဟူ သောကိစ္စနှင့်စပ်လျဉ်း၍ ကေအိုင်အေနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု ရှမ်းရေးရာအဖွဲ့ (ကချင် ပြည်နယ်) ခေါင်းဆောင် ဦးစိုင်းထိန်လင်းက ဒီဇင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

တရားဝင် ပညာရေးဝန်ထမ်းများ ခန့်ထားရေး အစိုးရနှင့် DKBA ညှိနှိုင်းမှု အဖြေမရသေး

26.12.2013

အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရှိပြီးသားဖြစ်သည့်DKBAထိန်းချုပ်နယ်မြေအတွင်း ကျောင်းပညာ ရေး အတွက် တရားဝင် ပညာရေးဝန်ထမ်းများခန့်ထားနိုင်ရေး အစိုးရဘက်နှင့် ညှိနှိုင်းရာတွင် အခက်အခဲ ရှိနေသေးသည်ဟု DKBA ကလို့ထူးဘော စစ်ဌာနချုပ်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေက မဇ္ဈိမ သို့ ပြောသည်။

Wednesday, December 25, 2013

ထိုင်းနိုင်ငံရေး အကြပ်အတည်း ထွက်ပေါက်ပိတ်နေဆဲ

25.12.2013

လနှင့်ချီသော ထိုင်းအတိုက် အခံများ၏ ကန့်ကွက် ဆန္ဒပြမှု ကြောင့် ယဉ်လတ် ခေါင်းဆောင်သော ထိုင်းအစိုးရ သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၉)ရက်နေ့တွင် လွှတ်တော် ဖျက်သိမ်းပြီး ကြားဖြတ် အစိုးရ အနေဖြင့် ယဉ်လတ် အစိုးရသည် လာမည့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။