address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, December 25, 2013

ထိုင်းနိုင်ငံရေး အကြပ်အတည်း ထွက်ပေါက်ပိတ်နေဆဲ

25.12.2013

လနှင့်ချီသော ထိုင်းအတိုက် အခံများ၏ ကန့်ကွက် ဆန္ဒပြမှု ကြောင့် ယဉ်လတ် ခေါင်းဆောင်သော ထိုင်းအစိုးရ သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၉)ရက်နေ့တွင် လွှတ်တော် ဖျက်သိမ်းပြီး ကြားဖြတ် အစိုးရ အနေဖြင့် ယဉ်လတ် အစိုးရသည် လာမည့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။

သို့သော် အတိုက်အခံ ဆန္ဒပြသူများ သည် ဆက်လက် ဆန္ဒပြလာကြရာ ယမာန်နေ့ တွင် ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲ အတွက် လွှတ်တော် အမတ်လောင်းများ မှတ်ပုံ တင်ကြမည့် ဒင်းဒဲန်အား ကစားကွင်း နေရာကို သွားရောက် ပိတ်ဆို့ခဲ့ ရာ နောက်ကျမှ ရောက်သွား ခဲ့သည့်အတွက် မအောင်မမြင် ဖြစ်ခဲ့ရသည်ဟု ထိုင်းမီဒီယာ များက ဆိုနေကြ ပါသည်။

အချိန်မှီ မှတ်ပုံတင်နိုင် သည့် အမတ်လောင်းများ ရှိခဲ့သလို နောက်ကျမှ လာ ရောက်စရင်း တင်သွင်းသူ များအဖို့ အ နီးစပ်ဆုံး ရဲစခန်း၏ ထောက်ခံစာ ရယူထားကြရန် ထုတ်ပြန်ထားပါသည်။ ယဉ်လတ်အစိုးရ၏ ဖုရာထိုင်း ပါတီကမူ ည ကတည်းက မှတ်ပုံတင် နိုင်ခဲ့ ပြီး၊ နောက်ထပ် ပါတီ(၂၃) ပါတီကမူ မှတ်ပုံတင်ရန် အခက်အခဲ ရှိသည့်အတွက် ရဲ ထောက်ခံစာ ရယူခြင်း ဖြစ်ပါသည်။

အဓိက အတိုက် အခံပါတီ ဒီမိုကရက် တစ်ပါတီကမူ ၄င်းရွေး ကောက်ပွဲကို သပိတ် မှောက်ထား ခဲ့ပြီး ကန့်ကွက် ဆန္ဒပြသူ များနှင့် ပူးပေါင်း နေခဲ့ ပါသည်။ ၄င်းတို့ တောင်းဆိုထား သည်မှာ လက်ရှိ နိုင်ငံရေး ပြသနာကို ဖြေရှင်ပြီးမှ ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုထားပါသည်။

ယဉ်လတ် အစိုးရကမူ ရွေးကောက် ပွဲနှင့်အတူ ဖြေရှင်းသွား မည်ဟု ပြောဆိုနေ ပါသည်။ ရွေးကောက်ပွဲ အောင်မြင် သည့် အစိုးရသည် လက်ရှိ နိုင်ငံရေး ပြသနာကို ဖြေရှင်းသော သက်တမ်း နှစ်နှစ်သာ ထားရှိမည့် ကော်မီရှင်အဖွဲ့ ဖွဲ့ စည်းပြီး ဖြေ ရှင်းပြီးပါက ယင်း လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ် ပြန်လည် ကျင်းပ မည်ဟု ပြောဆိုခဲ့ပါ သည်။

ထိုင်း တပ်မတော် ကမူ အာဏာ သိမ်းခြင်း သည် နိုင်ငံရေး ပြသနာ များကို ဖြေရှင်းသော နည်းနာ မဟုတ် ကြောင်း၊ လက် ရှိနိုင်ငံရေး တင်းမာသူ များ အာလုံး တွေ့ဆုံဆွေး နွေးပြီး အဖြေရှာ မှသာ အကောင်းဆုံး နည်းလမ်းဟု ပြီးခဲ့ သည့် ရက်ပိုင်းတွင် ထုတ် ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။

ကန့်ကွက် ဆန္ဒပြသူ များသည် ဝန်ကြီးချုပ်ယင့်လတ် ရှင်နာဝပ် ရာထူးမှ ဆင်းပေးရန် တောင်းဆို ခဲ့ကြခြင်း ဖြစ်ပြီး ဝန် ကြီးချုပ်သည် ရွေးကောက်ပွဲ သစ်စီစဉ် လိုက်သည့် အတွက် အငြင်းပွားမှုများလေးနက်လာခဲ့ပါသည်။

အတိုက်အခံ များသည် လူထု ကောင်စီ အဖွဲ့ မျိုး ဖွဲ့ပြီး တိုင်းပြည်ကို ယာယီတာဝန်ယူစေသည့် နည်းဖြင့် တိုင်းပြည် ၏ နိုင်ငံရေး ပုံစံ အပြောင်း အလဲ ကို ဆောင်ရွက်စေချင် နေကြခြင်း ဖြစ်ပါသည်။

ထိုင်းကြည်းတပ် အကြီး အကဲ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha ကလည်း လက်ရှိနိုင်ငံရေး အကျပ် အတည်း အနေ အထား မျိုး၌ အစိုးရစီစဉ် ထားသည့် အတိုင်းဖေဖေါ်ဝါရီလ ရွေးကောက်ပွဲ ကျင်းပမည် ဆိုပါက တိုင်းပြည်တွင် ပြည် တွင်းစစ်ဖြစ်လာ နိုင်ဖွယ် ရှိသည်ဟု သတိပေး ပြောကြား ခဲ့ပါသည်။

ထိုင်းစစ်တပ်သည် နိုင်ငံရေးတွင် ကြားဝင် ဆောင်ရွက် မှုရှိခဲ့ သော်လည်း ဝန်ကြီးချုပ် ယင့်လတ်နှင့် ဆန္ဒပြသူ များ ကြားယနေ့အထိ ဝင်ရောက် စွက်ဖက်ခြင်း မရှိသေးပေ။

ဒီမိုကရက်တစ် ပါတီခေါင်းဆောင်၊ ၀န်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိချာချီဝ (Abhisit Vejjajiva) သည်ပြီးခဲ့သည့် ဒီ ဇင်ဘာ (၂၁)ရက်နေ့ စနေနေ့ တွင်ရွေးကောက်ပွဲကိုသပိတ်မှောက်ကြောင်းကြေညာလိုက်ပြီး ဖြစ်ပါသည်။နိုင်ငံ ရေးပြုပြင် ပြောင်းလဲမှု များကို အကောင်အထည်ဖော် လုပ်ဆောင်နိုင် ရေးသေချာစေရန် ကြိုးစားသည့် အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။

ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲ အတွက် ဝန်ကြီးချုပ်ယင်းလတ် ၏ ဖုယာထိုင်းပါတီ နှင့် နိုင်ငံရေးပါတီ (၃၀)ခန့်သည် မှတ်ပုံတင် ခဲ့ကြပါသည်။ ရည်ရွယ်ချက်မှာ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြမှုများ အဆုံးသတ် သွားစေရန် နှင့် ထိုင်းနိုင်ငံရေး စနစ်ပြုပြင် ပြောင်းလဲရေးသည် မည်သို့ ဖြစ်လာ မည်ကို စောင့်ကြည့်ရင်း အနာဂတ် အလားလာ ကောင်းမွန်ရေး နှင့် ထိုင်းပြည်သူများ စိတ်ဝမ်း ကွဲနေမှုမှ ကင်းဝေးရေး ဖြစ်လာစေရန် လိုအပ်နေကြောင်း ဖြစ်ပါသည်။

ရွှေဟင်္သာ

No comments:

Post a Comment