address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

တေးသီချင်း အမြတ်ငွေ အားလုံးကို လူမှုရေး အဖွဲ့အစည်းသို့ လှူဒါန်းမည့် ဆမ်ဘေလေး

X Factor သီချင်းဆိုပြိုင်ပွဲမှ ဂီတလောကသို့ ရောက်ရှိလာခဲ့သူ ဆမ်ဘေလေး၏ Skyscraper တေးသီချင်းသည် ခရစ္စမတ်ပွဲတော် ကာလ၌ ရောင်းအား အကောင်းဆုံး တစ်ကိုယ်တော်တေးသီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။



ဆမ်ဘေလေး၏ Skyscraper တေးသီချင်းသည် ဖာရယ်၏ Happy တေးသီချင်းကို ဖြတ်ကျော်၍ ရောင်းအား အကောင်းဆုံး တေးသီချင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဆမ်ဘေလေး၏ Skyscraper တေးသီချင်းသည် ယခု သီတင်းပတ် အတွင်း အချပ်ရေ ၁၄၉ဝဝဝ ရောင်းချခဲ့ရကြောင်း Official Chart ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆမ်ဘေလေးက သူမ၏ တေးသီချင်းရောင်းချခြင်းမှ ရရှိသော အမြတ်ငွေအားလုံးကို Great Ormond Street Children အဖွဲ့အစည်းနှင့်Together Fox Short lives အဖွဲ့အစည်း တို့သို့ လှူဒါန်း သွားမည်ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

(အင်တာနက်)

No comments:

Post a Comment