address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

အကယ်ဒမီ ထူးချွန်ဆု ရရှိသူများ၏ ရင်တွင်း စကားသံများ

၂ဝ၁၂ ခုနှစ်အတွက် အသံဆုရှင် အကယ်ဒမီ တိုနီ(လင်း)

''ကျွန်တော်အရမ်း ဝမ်းသာပါတယ်။ ဒါရိုက်တာ အောင်ကိုလတ်ကိုလည်း ကျေးဇူးတင်ပါတယ်''ဟု ပြောကြားသည်။ ၂ဝ၁၂ ခုနှစ်အတွက် တေးဂီတဆုရှင် အကယ်ဒမီ ဝင်းကို(ဂီတမှူး) ''ဆုရတဲ့အတွက်
ဝမ်းသာပါ တယ်၊ အသိပညာရှင်၊ အတတ် ပညာရှင်အားလုံးကိုလည်း စင်မြင့် ထက်ကနေ ကန်တော့ပါတယ်''ဟု ပြောကြားသည်။

၂ဝ၁၂ ခုနှစ်အတွက် တည်းဖြတ် ဆုရှင် အကယ်ဒမီ ဇော်မင်း (ဟံသာမြေ)

''ကျွန်တော့်အနေနဲ့ ဒီဆုပါအပါ အဝင် အကယ်ဒမီ ငါးဆုမြောက်ကို ရရှိခဲ့ရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။ ဘုရားတရားကို မမေ့တဲ့အကျိုး ကျေးဇူးတွေ ကြောင့်ပါ။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး တင်ပါတယ်''ဟု ပြောကြားသည်။

၂ဝ၁၂ ခုနှစ်အတွက် ဓာတ်ပုံဆုရှင် အကယ်ဒမီ အောင်ကိုလတ်

''ခုနစ်နှစ်ကြာမှ ရရှိခဲ့တဲ့ဆုဖြစ်ပါတယ်။ ပထမဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်''ဟု ပြောကြားသည်။

၂ဝ၁၂ ခုနှစ်အတွက် ကလေးသရုပ်ဆောင်ဆုရှင် အကယ်ဒမီ ယွန်းယွန်း''သမီးအနေနဲ့ အရမ်းကို ပျော်ပါတယ်။ သမီးထက် သမီးကို အားပေးနေတဲ့ ပရိသတ်ကြီးက ပိုပြီးပျော်နေမယ် ထင်ပါတယ်။ သမီးအနု ပညာလော ကထဲကို ဝင်ရောက်လာအောင် ကူညီပေးခဲ့တဲ့ သမီးရဲ့ ဘွားဘွားကို ကျေးဇူးတင်ပါတယ်။ သမီးအနေနဲ့ ရှေ့လျှောက် အနုပညာ လောကမှာလည်း တာဝန်ကျေတဲ့ သရုပ်ဆောင် ကောင်း တစ်ယောက်ဖြစ်အောင် ကျောင်း စာ ဘက်မှာလည်း တာဝန်ကျေတဲ့ ကျောင်းသူ တစ်ဦးဖြစ် အောင် ဆက်လက် ကြိုးစား သွားပါမယ်''ဟု ပြောကြားသည်။

၂ဝ၁၂ ခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆုရှင် အကယ်ဒမီ ပြေတီဦး''

ကျွန်တော် အရင်နှစ်တွေထက် စာရင် ပိုပြီးတော့ ရင်ခုန်ခဲ့ရပါတယ်။ လက်ပံကို ဖန်တီး ခဲ့ကြတဲ့ အဖွဲ့သားတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီအကယ်ဒမီ ဆုကြီးကို မမှန်းထားပါဘူး။ မှန်းပြီးမရမှာကို စိုးရိမ်ခဲ့ တဲ့အတွက်ကြောင့် လည်း မမှန်းခဲ့တာပါ။ အခုလိုရတဲ့ အတွက် အရမ်းလည်း ဝမ်းသာပါတယ်။ ကျေးဇူးတင်ထိုက်သူတွေ အားလုံးကိုလည်း ကျန်ခဲ့မှာ စိုးပါတယ်။ အကုန်လုံး ကို ကျေးဇူး တင်ပါတယ်။ ကျေးဇူးတင်တာ အကုန် ပါပါတယ်။ ကျွန်တော့်ရဲ့ ပါရမီဖြည့်ဖက် ဖြစ်တဲ့ အူဝဲကိုလည်း ကျေးဇူးတင်ပါတယ်'' ဟု ပြောကြားသည်။

၂ဝ၁၂ ခုနှစ်အတွက် အမျိုးသမီး ဇာတ်ပို့ဆုရှင် အကယ်ဒမီ ချောရတနာ

''ကျွန်မ ဒီဆုကို ရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံး ကိုလည်း ကျေးဇူး တင်ပါတယ်၊ ဒီဆုက ကျွန်မအတွက် တန်ဖိုးထား လွန်းတဲ့ဆု ဖြစ်သလို တန်ဖိုးမဖြတ် နိုင်တဲ့ဆု လည်းဖြစ်ပါတယ်။ ကျွန်မရဲ့ အဖေ ဒါရိုက်တာ ဦးပေါ်လျှံလည်း အခုအချိန်မှာ အရမ်းပျော်နေမယ်လို့ ထင်ပါတယ်။ ကျွန်မရဲ့ ခင်ပွန်းကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ဒီဆုကိုရတာလည်း အားလုံးရဲ့ကံ ကျွန်မ ခင်ပွန်းနဲ့ ဒီကလေးရဲ့ ကံကြောင့်ရတယ်လို့ ကျွန်မ ထင်ပါတယ်။ ကျေးဇူးတင် ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါလို့ ပြောချင်ပါတယ်''ဟု ပြောကြားသည်။

၂ဝ၁၂ ခုနှစ်အတွက် အမျိုးသမီး ဇာတ်ဆောင်ဆုရှင် အကယ်ဒမီ ဖွေးဖွေး

''ဖွေးဖွေး အခု အရမ်းစိတ်လှုပ် ရှားနေပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ ဝါနုတဲ့ အနုပညာရှင် တစ်ယောက် အနေနဲ့ ဒီလို အကယ်ဒမီဆုကြီးကို ပိုင်ဆိုင် ခွင့်ရတာ အရမ်းကို ဝမ်းသာမိပါတယ်။ အားလုံး ကို ကျေးဇူး တင်ပါတယ်'' ဟု ပြောကြားသည်။

၂ဝ၁၂ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာ ဆုရှင် အကယ်ဒမီ ကိုဇော် (အရုဏ်ဦး)

''ကျွန်တော် ဒီဆုရရှိခဲ့တဲ့ အတွက် အရမ်းကို ဝမ်းသာပါတယ်။ မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်''ဟု ပြောကြားသည်။

အေသူ၊ မိုးအောင်

MWD

No comments:

Post a Comment