address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, December 29, 2013

အကယ်ဒမီပြေးလမ်းပေါ်က တစ်ကြိုပြေးနေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ

အကယ်ဒမီမေသန်းနု ''မဆင့်ကအကယ်ဒမီဆုနဲ့အလှမ်းကွာနေတာ ဆယ်နှစ်တောင်ေ ကျာ်နေပါပြီ။ အမုန်းမီးတောက် မှာ မဆင့်က ကိုယ်လုပ်ခဲ့တဲ့နေရာကိုတော့ အား ရတယ်။
အကယ်ဒမီကတော့ ကံပေါ်မူတည်တာ ပေါ့။ဒါရိုက်တာက လည်း အသစ်ဆိုပေမယ့် သေ သေချာချာရိုက်ထားတာလေ။ အဲဒီကားမှာ ခန့် စည်သူကဂုဏ်ချင်းပြိုင်လို့ပြောတဲ့အခန်း၊မဆင့်က နာကျည်းမှုတွေ၊ ဒေါ သတွေ၊ မာန်မာနတွေ လျှော့ လိုက်တဲ့အခန်းတွေကို ကြိုက်တယ်။ ဒီဇာတ်ကားမှာ အားလုံးက သူ့နေရာနဲ့သူ ကောင်းကြတယ်။ လုပ်ကွက် ရကြပါတယ်။အတော်ဆုံးကတော့ ဒါရိုက်တာပေါ့'' လို့ အကယ်ဒမီရင်ခုန်သံ ကို ပြော ကြားလာသူကတော့ မေသန်းနုပဲ ဖြစ်ပါတယ်။ အကယ်ဒမီမေသန်းနုအနေနဲ့ ၁၉၉၂ ခုနှစ်အတွက် 'မူပိုင်ချစ်သူ' ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၅ ခုနှစ်အတွက် 'ပုဂံမှာသာတဲ့လ' ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၆ ခုနှစ်အတွက် 'အလင်းဖျော့ကောင်းကင်' ရုပ်ရှင်ဇာတ်ကား၊ ၂ဝဝ၁ ခုနှစ်အတွက် 'ချစ်ခြင်း၏ အခြားမဲ့၌' ရုပ်ရှင်ဇာတ်ကားတို့ဖြင့် အမျိုး သမီးဇာတ်ဆောင်ဆုတို့ရရှိခဲ့ပြီး ၂ဝဝ၂ခုနှစ်အတွက် 'ငါသူတစ်ပါးယောက်ျား မိန်းမ'ရုပ်ရှင် ဇာတ် ကားတွေနဲ့ အမျိုးသမီးဇာတ်ပို့ဆုရရှိခဲ့ပါတယ်။ အခုကျင်းပမယ့် ၂ဝ၁၂ ခုနှစ်အတွက် အကယ် ဒမီထူးချွန်ဆုတွင် အကယ်ဒမီဆန်ခါတင်စာရင်းဝင် 'အမုန်းမီးတောက်'ရုပ်ရှင်ဇာတ်ကားနဲ့ အကယ် ဒမီတစ်ကြိုပြေးနေသူဖြစ်သလို အမျိုးသမီးဇာတ်ပို့ဆု ထပ်မံရရှိပါက သူ့ရဲ့ဒုတိယမြောက် အမျိုးသမီး ဇာတ်ပို့ဆုဖြစ်လာမှာဖြစ်ပြီး စုစုပေါင်း အကယ်ဒမီ ၆ဆုရှင်အဖြစ် မြန်မာ့ရုပ်ရှင်သမိုင်းတွင် မှတ်တမ်းဝင်မှာ ဖြစ် ပါတယ်။

Popular Academy

No comments:

Post a Comment