address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, December 26, 2013

ဖွဲ့စည်းပုံတွင် နောက်ကြောင်းပြန်ခလုတ်ပါသည့်အတွက် ပြင်ရေးထက် ပြည်တွင်းငြိမ်းချမ်းရေးကို အရင်လုပ်သင့်

26.12.2013

၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တိုင်းပြည်နောက် ကြောင်းပြန်နိုင်သော ခလုတ်များ ပါနေသည့်အ တွက် ဖွဲ့စည်းပုံကို အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲ ရေးထက် ပြည်တွင်းငြိမ်းချမ်းရေး ကို အရင်လုပ် သင့်ကြောင်း နိုင်ငံ ရေးလေ့ လာသူ များက ပြောသည်။ ''ဖျက်ပြီးအသစ်ရေးဆွဲမယ် ဆိုတဲ့အသံတွေ ကြားနေရပါတယ်။ မကြိုက်ဘူး။ နားတော့လည်ပါ တယ်။ သို့သော် မထောက်ခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံ ထဲမှာ ခလုတ်တွေ ပါနေတယ်။ ပြောင်းကြည့် မယ်။ မဟန်ရင် နောက် ကြောင်းပြန်ဖို့ အဆင်သင့် ပါ တယ်''ဟု မြန်မာ့နိုင်ငံရေးလေ့လာ သူစာရေးဆရာ ဦးကျော်ဝင်းက ပြောသည်။


စစ်အစိုးရလက်ထက်ရေး ဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူများက ဒီမိုကရေစီကျင့် စဉ်နှင့် ဥပဒေ ရှုထောင့်များဖြင့် ဝေဖန်နေသော်လည်း ယင်းဥပ ဒေကိုပြင်ဆင်ခြင်း၊ အသစ်ရေး ဆွဲခြင်းများပြုလုပ် မည့်အရေးမှာ မလွယ်ကူနိုင်ကြောင်း၊ လေးပွင့် ဆိုင်တွေ့ဆုံခြင်းဖြင့်လည်း အခြေ ခံဥပဒေကို ဒီမို ကရေစီစံချိန်စံ ညွှန်းနှင့်အညီဖြစ်အောင် ပြင်ဆင် နိုင်လိမ့်မည်ဟု မထင်ကြောင်း၊ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင် ရေးအတွက် ပြည်တွင်းငြိမ်းချမ်း ရေးကိုရအောင် အရင်ဆုံးဖြေ ရှင်းသင့် ကြောင်း မြန် မာငြိမ်း ချမ်း ရေးစင်တာမှ ဒေါက်တာမင်း ဇော်ဦးက ပြောသည်။

လက်ရှိအခြေခံဥပဒေသည် နည်းမျိုးစုံနှင့် ပြည်သူလူထုကို ခြိမ်းခြောက်ပြီး အတည်ပြုသော ဥပဒြေ ဖစ်ကြောင်း၊ ဥပဒေဟုမဆို သာပဲ ဖွဲ့စည်းပုံ အခြေခံစာတမ်း တစ်ခုအဆင့်သာရှိကြောင်း တ ရား လွှတ်တော်ရှေ့နေ ဦးဌေးဦး ကဆိုသည်။ ဒီဇင်ဘာ ၂၄ရက် သမိုင်း မြို့မ ကျောင်းတိုက်၌ ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက် လူထုဆွေးနွေးပွဲ တွင် ယင်းပုဂ္ဂိုလ်များက အထက် ပါအတိုင်းပြောခဲ့ခြင်းဖြစ်သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပ ဒေကပေးသောအခွင့်အရေးများ သည် ရှေ့နောက်မညီဘဲ ပြည်သူ အတွက် တရားမျှတခြင်း၊ ညီမျှ ခြင်းမရှိသော ပြဋ္ဌာန်းထားသည့် အချက်များ များစွာပါနေကြောင်း၊ ၁၉၃၅ခုနှစ်တုန်း က ၉၁ဌာနအုပ် ချုပ်ရေးကဲ့သို့ အရေးကြီး ဌာန များကို တပ်မတော်က ယူထား ကြောင်းကိုတွေ့ရကြောင်း စာရေး ဆရာဖေမြင့်က သုံးသပ်ဝေဖန် ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာကြသော ပြည် သူများသည် ဖွဲ့စည်းပုံထဲက တပ် မတော်ကြီးစိုးနြေ ခင်းကို ပြင်ဆင်သင့်ကြောင်းကိုအများစု ဝေဖန်ထောက်ပြခဲ့ပြီးပုဒ်မ၅၉(စ)ပါအချက်အလက်များကိုလည်း ပြင် ဆင် သင့်ကြောင်းနှင့် ပြည် နယ် များနှင့် တိုင်းဒေသကြီးများ တွင် လုပ်ပိုင်ခွင့်အာဏာမရှိဘဲ ဗဟိုချုပ်ကိုင် ထား သည့်အချက် များကို ပြင်ဆင်သင့်ကြောင်း တက် ရောက်သူများက ဝေဖန်ထောက် ပြခဲ့သည်။

The Yangon Times

No comments:

Post a Comment