address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 31, 2013

မန္တလေးဆေးရုံးကြီးတွင် ကုတင် ၅၀၀ ဆံ့ဆေးရုံ လာမည့်နှစ်အတွင်း အပြီးဆောက်မည်


မန္တလေးတိုင်းအတွင်းမှ အထက်မြန်မာပြည်မှလူနာများ ကျန်းမာရေးစောင့်ရှောက်နိုင်ရန်အတွက် ကုတင် ၅၀၀ဆံ့ ကိုးထပ်ဆေးရုံကြီးတစ်ခု မန္တလေးဆေးရုံကြီးဝင်းအတွင်းတွင် တည်ဆောက်မှု ၂၀၁၄ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဆေးနှင့် လူမှုဆက်ဆံရေးဌာနအရာရှိ ဦးမင်းလွင်က ပြောသည်။


“တည်ဆောက်ခြင်းလုပ်ငန်း အကြမ်းထည်တော့ ပြီးစီးနေပါပြီး၊ တစ်ခုလုံးပြီးစီးဖို့ကတော့ ၂၀၁၄ခုနှစ် အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးမင်းလွင်က ပြောသည်။ အဆိုပါဆေးရုံတွင် ခွဲစိတ်ကုသဆောင်၊ နှလုံးကုသဆောင်၊ ဦးနှောက်နှင့်အာရုံကြောကုသဆောင်၊ ဖျားနာဆောင်၊ သွေးလှူဘဏ်နှင့် သီးခြားဌာန များ စသည်တို့ပါဝင်ပြီး အထက်မြန်မာပြည်ရှိ လူနာများအတွက် ကျန်မာရေးစောင့်ရှောက်မှုများကို ပေး အပ်လျက်ရှိရာမှ ပိုမိုကုသမှုပေးနိုင်ရန်အတွက် ဆေးရုံသစ်တစ်ခုကို ထပ်မံ တည်ဆောက်ခြင်း ဖြစ်သည်။

အဆိုပါ ကုတင် ၅၀၀ ဆံ့ဆေးရုံမှာ ကိုးထပ်အဆောက်အအုံဖြစ်ပြီး ကျပ်သိန်းပေါင်းသုံးသောင်းကျော် ကုန် ကျမည်ဖြစ်သည်။ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ခြင်းဖြစ်သည်။ကိုးထပ်အဆောက် အအုံတွင် ပထမထပ်တွင် ရောဂါရှာဖွေရေးဌာန၊ ဒုတိယထပ်တွင် အစာအိမ်နှင့် အူလမ်းကြောင်းဌာနတို့ကို ယာယီသဘောဖြင့် ရွေးချယ်ထားရှိကြောင်း၊ ကျန်ရှိသောနေရာများကို အစည်းအဝေးများ လုပ်ဆောင်ကာ ရွေးချယ်မှုများ ပြုလုပ်လျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment