address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

DKBA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေနှင့် တွေ့ဆုံခြင်း

နန်းလွင်နှင်းပွင့်

ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ၊ DKBA ၏အနာဂတ်၊ နယ်မြေအတွင်း

တရားမ၀င် ကားတင်သွင်း မှုများအပြင် လောင်းကစားကိစ္စများနှင့်ပတ်သက်၍ အဆိုပါတပ်ဖွဲ့ ဌာနချုပ်ရှိရာ ကရင်ပြည်နယ် မြ၀တီ မြို့နယ်ရှိ ဆုံဆည်းမြိုင်ကျေးရွာတွင် မဇ္ဈိမနှင့် သီးသန့် တွေ့ဆုံမေးမြန်းထားသည်များကို ထုတ်နှုတ်ဖော် ပြလိုက်ပါသည်။

အစိုးရအနေနဲ့ ဦးဆောင်ပြီးသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ DKBA အနေနဲ့ရော ဘယ်လို ပါဝင်လုပ်ဆောင်နေလဲ။
အခု ပထမအဆင့်အရကတော့ အပစ်အခတ်ရပ်စဲရေးမှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အဲ့လို တွေ သွားပြီးပြီ လာမယ့်ကာလမှာ တတိယအဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနဲ့ အ ပစ်အခတ်ရပ်စဲရေးအဆင့်ကို စသွားမယ်။ လက်ရှိအနေအထားကတော့ အပစ်အခတ်ရပ်စဲရေးအနေက နေ ရှေ့ကို မသွားနိုင်သေးဘူး။ နိုင်ငံရေးအရတော့ မဆွေးနွေးရသေးဘူး။ အဲ့အတွက်လည်း မပြင်ဆင်ရ သေးဘူး၊ လောလောဆယ် နိုင်ငံရေးမူဘောင်လည်း မညှိရသေးပါဘူး။

တပ်ပိုင်းဆိုင်ရာမှာရော အစိုးရတပ်ဘက်နဲ့ ဆက်ဆံရေး ဘယ်လိုရှိလဲ။

အခုလောလောဆယ်တော့ DKBA နဲ့ အစိုးရတပ် ဆက်ဆံရေးက အစိုးရတပ်ဘက်က တချို့နေရာတွေ မှာတော့ မလိုအပ်ဘဲ တပ်လှုပ်ရှားတာတွေရှိတယ်။ ဖလူးတပ်ဘက်မှာဆိုရင် မလိုအပ်ဘဲနဲ့ အစိုးရတပ် ဘက်က လှုပ်ရှားတာတွေ ရှိတယ်။ ဒီ ဖလူးနဲ့ ညောင်ချောင်းတပ် ကြားမှာပေါ့။ အခုကာလတွေက စစ် လည်းမရှိပါဘူး။ လိုအပ်ရင်လည်း အစိုးရဘက်ကနေပြီးတော့ လမ်းဖောက်တာပဲဖြစ်ဖြစ်  လုံခြုံမှုပေးရ မယ်ဆိုရင်တောင် ကျွန်တော်တို့ လုပ်ပေးလို့ရပါတယ်။ အခြား တပ်စခန်းတွေဘက်မှာလည်း အောက် ခြေက ပြောပြချက်အရ အဲ့လို ပုံမှန်မဟုတ်ဘဲ တပ်လှုပ်ရှားတာတွေ ရှိတတ်တယ် 

DKBA တပ်မတော်ရဲ့ အနေအထားကရော။

တပ်တွေကိုတော့ တိုးနေတာ ပြင်နေတာတွေတော့ မရှိပါဘူး။ စစ်သားရဲ့သဘာဝအရ အမြဲ အသင့်ရှိရ မယ်ဆိုတဲ့အပေါ်မှာ ကိုယ့်တပ်ကို နိုးကြားတပ်ကြွနေရမယ်ဆိုတဲ့ အနေအထားနဲ့ ပြီးတော့ အခြေအနေမ ကောင်းလာရင် ကာကွယ်နိုင်မယ့် အနေအထားကိုတော့ ရှိနေပါတယ်

ကျွန်တော်တို့ တပ်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီး နယ်မြေအရတွေရော ဆွေးနွေးတာ တစ်ခါမှ မရှိသေး ဘူး။ ဆွေးနွေးရမယ့် အနေအထား မဟုတ်သေးတော့ နိုင်ငံရေးဆွေးနွေးပွဲမှာမှ ဆွေးနွေးမယ်လို့ စီစဉ် ထားတယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်သဘောတူညီချက် မူကြမ်းရေးဖို့ကိစ္စမှာ DKBA ရဲ့ အခန်းကဏ္ဍက။

တပ်ပေါင်းစုအနေနဲ့ ပါဝင်ချီတက်မယ်လို့ ဆုံးဖြတ်ထားတယ်။ တပ်ပေါင်းစုရဲ့ သဘောထားမူအတိုင်း သွားမယ်၊ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး စုစည်းထားတဲ့ NCCT က လုပ်ဆောင်ချက်တွေရဲ့ သ ဘောထားတွေအတိုင်း သွားမယ်၊ ဒေသဆိုင်ရာအလိုက် ကျွန်တော်တို့ အဖွဲ့အစည်းရဲ့လိုအပ်ချက် အဲ့လို တွေတော့ ခွဲပြီး လုပ်ဆောင်နေတာမျိုးတွေ အခုချိန်မှာ မရှိသေးဘူး။ အခုက တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးမှာတော့ အားလုံးရဲ့ ဘုံသဘောတူညီချက်တွေနဲ့ သွားမယ်၊ နောက် ပိုင်းတော့ ဒေသအလိုက် အခက်အခဲတွေ အဖွဲ့အစည်းအလိုက်ကိုတော့  နိုင်ငံရေးဆွေးနွေးပွဲမှာမှ ဖြေ ရှင်းကြမယ်။

ဒုတိယအကြိမ် တိုင်းရင်းသားစုဖွဲ့မှုနဲ့ အစိုးရနဲ့ ပြန်တွေ့တဲ့အချိန်မှာ ဆွေးနွေးဖို့ အပစ်ရပ်ရေးအတွက် ကြိုတင်ဆွေးနွေးမှုတွေလုပ်ဖို့ ကျွန်တော်တို့အနေနဲ့တော့ အခုတော့ မပြောနိုင်သေးဘူး။ လောလော ဆယ်သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားတော့ မရဘူး။ 

ငြိမ်းချမ်းရေရပြီဆိုပါစို့၊ အဲဒီကာလမှာ DKBA အင်အားစုတွေရဲ့ အနေအထားကို ဘယ်လို စီစဉ် ထားလဲ။

တပ်အနေနဲ့ DKBA အနေနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး လုပ်ဆောင်ပြီး နောက်ပိုင်းတွေမှာ ဘယ်လိုပုံစံနဲ့   ပြောင်းလဲပြီး နေသွားမယ်ဆိုတာတွေကိုတော့ မစီစဉ်ထားသေးဘူး။ ကျွန်တော်တို့ တပ်တွေကတော့ သူ တစ်တပ် ကိုယ်တစ်တပ်နဲ့တော့ ရှိနေတယ်။ နယ်မြေတွေမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုလည်း ကျွန် တော်တို့ တိုင်းရင်းသားတွေ တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးခွင့်မရဘူး။ နယ်မြေရေးရာ တပ်ပိုင်းဆိုင်ရာ တွေကို ကျွန်တော်တို့တစ်ဖွဲ့ချင်းစီ အစိုးရနဲ့ မဆွေးနွေးရသေးဘူး။ အစိုးရဘက်ကလည်း နိုင်ငံရေးဆွေး နွေးပွဲကျမှ ပြောပါဆိုလို့ မပြောဖြစ်သေးဘူး။

ခုချိန်မှာ အစိုးရနဲ့ တစ်ဖွဲ့ချင်း ဆွေးနွေးချင်တာမျိုးရှိလား။

အခုချိန်မှာ တစ်ဖွဲ့ချင်းတွေ့ဖို့လည်း ဆန္ဒမရှိသေးဘူး။ တိုင်းရင်းသားအားလုံး ပူးပေါင်းပြီးသွားတဲ့ တပ် ပေါင်းစုအနေအထားနဲ့ပဲ သွားချင်တယ်။ တစ်ဖွဲ့တည်း သီးသန့်အနေအထားလိုမျိုးလည်း မသွားချင် မ ဆွေးနွေးချင်ပါဘူး။ တိုင်းရင်းသားတွေရဲ့ ရေမြေပထ၀ီအနေအထား လူမျိုးတွေ ဓလေ့တွေပေါ်မှာ မူ တည်ပြီး နောက်ပိုင်း အခြေအနေတွေမှာတော့ ဆွေးနွေးမှာပါ၊

ကရင်ပြည်နယ်မှာ ထိုင်းကတစ်ဆင့် တရားမ၀င် ကားတင်သွင်းမှုတွေကို တိုင်းရင်းသားလက်နက် ကိုင်တွေ လုပ်နေတယ်ဆိုပြီး ပြောတဲ့အပေါ်မှာရော ဘယ်လိုပြောချင်လဲ။

ဒီလို တရားမ၀င် ကားတွေသွင်းနေတာတွေကတော့ အခု နယ်စပ်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နားလည်မှုနဲ့ လုပ်ကိုင်နေတယ်။ ငြိမ်းချမ်းရေးလုပ်နေတဲ့ အဖွဲ့တွေရယ်လို့ မဆိုင်ဘူးထင်တယ်။ ဒီနယ် မြေမှာက ပုဂ္ဂလိကအရလည်း လုပ်နေတဲ့သူတွေလည်း သူတို့လမ်းကြောင်းမှာ သူတို့အဆင်ပြေရင် လုပ် လို့ရမယ်ထင်တယ်။ လုပ်နေကြတာပဲ၊ ဒီမှာ တရားမ၀င်တာတွေက ရှိနေတာပဲ၊ ငြိမ်းချမ်းရေးမဖော် ဆောင်ထားတဲ့နေရာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးလုပ်နေတဲ့နေရာပဲ ဖြစ်ဖြစ် တရားမ၀င်မှုဆိုတာတွေက အဖွဲ့ အစည်းတွေထဲမှာလည်း တချို့လုပ်တာတွေရှိသလို  လူထုထဲမှာလည်း လုပ်နေတာတွေရှိပါတယ်။ အဖွဲ့ ကနေပဲ လုပ်နေတယ်ဆိုတာမျိုးတွေ မရှိပါဘူး။ အားလုံး ညှိနှိုင်းဆောင်ရွက်နေတာမျိုးတွေပဲ ရှိပါမယ်။

အဖွဲ့အစည်းအနေနဲ့ ဂိမ်းတို့ လောင်းကစားဝိုင်း လုပ်ကိုင်တာတွေ ရှိတယ်လို့ ကြားရတာတွေက ရော ဘယ်လိုရှိပါသလဲ။

အရင်က မြ၀တီမှာရှိခဲ့တယ်။ အခုတော့ ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ကာလမှာ ကျွန်တော်တို့ DKBA အဖွဲ့နာမည်ခံတဲ့ ဆိုင်တွေ မရှိတော့ဘူး။ အကုန်လုံး ပိတ်ပစ်လိုက်ပြီ။ အစိုးရဘက်ကလည်း ဥပဒေနဲ့ ကြည့်ရင်လည်း မလွတ်ကင်းဘူးပေါ့။ ပြီးတော့ ကျွန်တော်တို့အဖွဲ့ကလည်း သာသနာရေးဘက်ကို ဦး ထိပ်ထားတယ်လို့ပဲ ခံယူထားတော့ ဒီလို လောင်းကစားဝိုင်းတွေ ဂိမ်းတွေကို မလုပ်တော့ဘူးဆိုပြီး အ ကုန်ပိတ်ပစ်လိုက်တာပါ။ အရင်ကတော့ ရှိခဲ့ပါတယ်။ လောင်းကစားကတော့ ဘယ်ဘက်ကကြည့်ကြည့် မကောင်းဘူး။ အဖွဲ့အစည်းအနေနဲ့ ဒီလိုတွေလုပ်နေတာတွေက လူထုထောက်ခံမှုကိုလည်း အပြည့်အ၀ မရနိုင်ဘူး။ အဲ့တော့ မထူးတော့ဘူး။ ကျွန်တော်တို့က ဒီဝိုင်းတွေမရှိလည်း ဘာမှ မဖြစ်ပါဘူး။ ပြီးတော့ အစိုးရဘက်ကလည်း ပိတ်စေချင်တာလည်း ပါပါတယ်။ အဲ့တာတွေကြောင့်ပါ။

အခြားလုပ်ငန်းလုပ်ကိုင်နေတာတွေရော ဘာတွေရှိမလဲ။

တပ်အနေနဲ့ ပုံမှန်လုပ်ကိုင်နေတာကတော့ တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းတွေ ပြောင်း၊ ပဲ၊ စပါး စိုက်တာတွေ အဲ့တာတွေကတော့ အဓိကအနေနဲ့ လုပ်ကိုင်နေပါတယ်။ တပ်ဖွဲ့က တစ်နိုင်တစ်ပိုင်ပေါ့၊ တပ်မိသားစု စားရေးသောက်ရေးအတွက်ပေါ့၊ ကုန်စည်ကူးသန်းမှုအဖြစ် မြ၀တီ-ရန်ကုန် လုပ်နေတာ တွေ၊ တောင်ယာ လယ်ယာနဲ့ ဆက်စပ်တဲ့ ကုန်စည်တွေကို အစိုးရဆီမှာ အခွန်ဆောင်ပြီး လုပ်ကိုင်နေ တာတွေလည်း ရှိတယ်။ စီးပွားရေး အကြီးကြီးရယ်တော့ လုပ်နေတာ မဟုတ်ဘူး။ တပ်မိသားစု စားရေး သောက်ရေးအတွက်လောက်ပါပဲ။

“စစ်ပွဲကို အနိုင်တိုက်နိုင်တဲ့ ဗိုလ်ချုပ် အလိုမရှိ၊ ငြိမ်းချမ်းရေးကို အရယူနိုင်တဲ့ ဗိုလ်ချုပ်သာ  အလို ရှိတယ်”ဆိုတဲ့ ဆောင်ပုဒ်တွေ ကပ်ထားတာတွေ တွေ့ရတယ်၊ ရှင်းပြပါဦး 

ကျွန်တော်တို့တပ်အနေနဲ့ ထူးထူးခြားခြား အပြောင်းအလဲတော့ မရှိပါဘူး။ ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်။ စစ်တိုက်နေရင် အနုတ်လက္ခဏာပဲရှိတယ်။ အရင်အချိန်တွေကတော့ စစ်ရေးမှာ တကယ်ကို ထက်မြက် ပြီး တိုက်ပွဲတွေကို အနိုင်ယူနိုင်မယ့် ဗိုလ်ချုပ်တွေကို လိုခဲ့တယ်။ အခုတော့ ငြိမ်းချမ်းရေးကိုပဲလိုချင်တယ် အဲ့တာကြောင့် ဆောင်ပုဒ်တွေ လုပ်ထားတာပါ။

လက်ရှိအချိန်မှာ လူထုနဲ့ဆက်ဆံရေးကရော ဘယ်လိုအနေအထားရှိပါသလဲ။

ကျွန်တော်တို့အနေနဲ့ အပစ်အခတ်ရပ်စဲရေး မယူခင်ကတည်း ပြည်သူတွေလူထုနဲ့ တွေ့ပြီး ဆွေးနွေးတာ တွေရှိတယ်။ ကျွန်တော်တို့ တွေ့ခဲ့တယ်။ ရှေ့ဆက်ပြီး ဘာလုပ်ရင် ကောင်းမလဲ၊ နိုင်ငံတော်သမ္မတက တော့ ငြိမ်းချမ်းရေးဖော်ဆောင်နေပြီ၊ အရင်ကကာလတွေကတော့ မပွင့်လင်းခဲ့ဘူး။ ဒါပေမဲ့ အရင်ကကာ လနဲ့ အခုက မတူဘူးလို့ ယူဆတယ်။ အဲ့တာတွေကြောင့် ပြည်သူတွေက ပြောဆိုတာတွေလည်း ပါပါ တယ်။ အဲ့တာကြောင့်လည်း ၂၀၁၀ တိုက်ပွဲ နောက်ပိုင်းမှာ ပြည်သူတွေကြောင့်လည်း အပစ်ရပ်လိုက် တာတွေ ပါတယ်။ နောက်ပိုင်းမှာလည်း ကျွန်တော်တို့ရဲ့ လူထုနဲ့ တိုက်ဆိုင်ပြီး သွားမှာပါ။ အစိုးရနဲ့တစ်ခု သဘောတူပြီးတိုင်း ကျေးရွာလူကြီးတွေနဲ့ တွေ့ပြီး ပြောပြတယ်။ အကြံဥာဏ်တောင်းတယ်။ အဲ့လိုတွေ အမြဲရှိပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးလမ်းစဉ်မှာ ကရင်လူထုကို အကြံပေးခွင့်ကို ပေးထားတယ်ဆို တော့ ပြည်မဘက်က လူထုအတွက်ရော ဗိုလ်ချုပ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ပြည်မဘက်မှာရှိတဲ့ ပြည်သူတွေအတွက် လိုအပ်ချက်တွေ၊ လုပ်ဆောင်ရမယ့် ကိစ္စတွေကတော့ လွှတ် တော်ကနေ ဖြေရှင်းနေတာတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အခု လွှတ်တော်မှာ ပြည်သူဘက်ကနေတိုက်ရိုက် တတ်လာတဲ့သူက နည်းတယ်။ ပြည်ခိုင်ဖြိုးနွယ်တဲ့သူတွေ တပ်မတော်သားတွေများတာတွေကတော့ လူ ထုဘက်က အင်အားနည်းတယ်။ အဲ့တော့ လူထုဆန္ဒက အသာစီးရမှာမဟုတ်ဘူးလို့တော့ မြင်တယ်။ ကျန်တာတော့ အများကြီး မသုံးသပ်ပေးနိုင်ပါဘူး။

DKBA ရဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကနေ နိုင်ငံရေးဆွေးနွေးပွဲကိုသွားဖို့ အစီအစဉ်တွေ ရော ပြောပြပေးပါဦး။

အပစ်ရပ်ရေးလုပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတတ်မယ် အဲ့လို ပုံသေမဟုတ်ဘူး။ နိုင်ငံရေးမူဘောင်ကို အ ရင်ရေးမယ်၊ နှစ်ဦးနှစ်ဖက်က လက်ခံနိုင်ပြီဆိုမှ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်မယ့် အပစ်ရပ်ရေးကို သွားမယ်။ ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲကျရင်တော့ ကရင်တစ်မျိုးသားလုံးပါဝင်မယ့် လိုအပ်ချက်တွေ ကို ပြောဖို့ဆွေးနွေးဖို့ ညီလာခံခေါ်သွားမယ်။ အဲ့ကနေ ပြည်သူတွေပေးတဲ့ အကြံကိုယူပြီး ကျွန်တော်တို့ တွေ နိုင်ငံရေးဆွေးနွေးပွဲကို ပြန်သွားမယ်။ 

မဇ္ဈိမ

No comments:

Post a Comment