address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, December 29, 2013

စိတ်ဓာတ်မြှင့်တင်ရေး စကားစုများ

အောင်မြင်တဲ့လူတစ်ယောက်ဆိုတာ သူ့ကို ပစ်ပေါက်လိုက်တဲ့ ကျောက်တုံးကျောက်ခဲတွေနဲ့ အခိုင်အမာအုတ်မြစ်တစ်ခုတည်ဆောက်နိုင်တဲ့သူမျိုး...
David Brinkley


ရှုံးနိမ့်မှုဆိုတာ အဆိုးရွားဆုံး ကျဆုံးမှုမဟုတ်ပါဘူး.... မကြိုးစားတာကသာ တကယ့်ကျဆုံးမှုဖြစ်ပါတယ်....
George Edward Woodberry

တစ်ခုခုကို မကြိုက်ဘူးဆိုရင် အဲ့ဒီအရာကို ပြောင်းလဲပစ်လိုက်ပါ... အဲ့ဒီအရာကိုမပြောင်းလဲနိုင်ရင် သင့်ရဲ့သဘောထားကို ပြောင်းလဲပစ်လိုက်ပါ....
Maya Angelou

သင့်ရဲ့ နာမည်ဂုဏ်သတင်းကျော်စောမှုထက် သင့်ရဲ့ကိုယ်ကျင့်သိက္ခာကောင်းမွန်မှုအပေါ် ပိုအလေးအနက်ထားပါ... ဘာကြောင့်လဲဆိုတော့ သင့်ကိုယ်ကျင့်သိက္ခာဆိုတာ သင်ဘယ်လိုလူလဲဆိုတာကို ပြဆိုနေတာဖြစ်ပြီး သင့်နာမည်ဂုဏ်သတင်းကတော့ တခြားသူတွေသင်ကိုဘယ်လိုထင်နေလဲဆိုတဲ့အချက်မျှသာဖြစ်ပါတယ်...
John Wooden

သင့်ကိုယ်သင် ပထမဆုံးအကြိမ်အဖြစ် ရယ်မောခဲ့ရတဲ့နေ့ဟာ သင်အရွယ်ရောက်တဲ့နေ့ပဲ...
Ethel Barrymore

ကျွန်တော်လုပ်မယ့်အလုပ်ကို ယုံကြည်မှုရှိနေရမယ်... ပြီးရင် လုပ်မယ်...
Ednita Nazario

သင်လုပ်ချင်တဲ့အလုပ်မှာ ဆုံးရှုံးနေရတာက သင်မလုပ်ချင်တဲ့အလုပ်မှာ အောင်မြင်နေရတာထက်ပိုကောင်းမယ်လို့ ထင်တယ်...
George Burns

ဘဝရဲ့ ရည်မှန်းချက်ဟာ ရည်မှန်းချက်နဲ့ဘဝတစ်ခုပဲ...
Robert Byrne

ကိုယ့်ဘဝကိုယ် မွေ့လျော်နေတဲ့သူတွေဟာ ဘယ်တော့မှ မကျရှုံးဘူး...
William Feather

ရည်မှန်းချက်ကို မြင့်မြင့်ထားပါ... ပြီးရင် အဲ့ဒီရည်မှန်းချက်ကိုမရောက်မချင်း မရပ်မနားကြိုးစား....
Bo Jackson

 နှိုင်းရင့်နွေ

No comments:

Post a Comment