address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

Google Glass နဲ့ မင်္ဂလာဆောင်ခြင်း

အချို့သော အရာတွေဟာ ဟောင်းနွမ်းနေတတ်ပါတယ်။ အချို့သော အရာတွေမှာတော့ အသစ်အတိုင်းပါပဲ။


အချို့သော အရာတွေကတော့ ချိုမြိန်နေတတ်ပါတယ်။

အချိန်ကာလ ကြာလှတာနဲ့ အတိတ်ရဲ့ ပျော်ရွင်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေဟာ တဖြေးဖြေးမှေးမှိတ်သွားတတ်ပါတယ်။ ဒီလိုမှေးမှိတ်သွားတတ်တာကို ကျတော့တို့
ကမစွမ်းဆောင်နိင်ပေမဲ့ နည်းပညာတိုးတက်လာမူ ရဲ့ ပြယုဂ်တစ်ခု ဖြစ်တဲ့ Google Glass က စွမ်းဆောင်နိင်ပါတယ်။


ပုံမှာတွေ့ရတာက Google Glass ကိုအသုံးပြုပြီး အမျိုးသမီးတစ်ယောက်က သူရဲ့ တစ်သက်တာ မှ အမျှော်လင့်ဆုံး အတောင့်တဆုံးဖြစ်တဲ့
ပျော်ရွင်စရာ မင်္ဂလာပွဲ ပုံရပ်တွေကို အမြဲတမ်း ပြန်လည် အမှတ်ရနေစေဖို့ တပ်ဆင်ထားပုံပါ.

ဒီလို တပ်ဆင်ထားခြင်း ဖြစ် တစ်ချိန်က ဒီလို ပျော်ရွင်စရာကောင်း ခဲ့တယ်ဆိုတဲ့ အမှတ်ရစရာတွေကို အမြဲတမ်းအမှတ်ရစေပြီး ပျော်ရွင်ကြည်နှုးစေမှာ ဖြစ်ပါတယ်။

ကိုယ်ဘေးနားက ချစ်ရသူနဲ့ ရွှေလက်တွဲကာ ဘုရားကျောင်းဆီသို့ လျှောက်တဲ့ လမ်းမှာ ကိုယ်နေထိုင်မူ ဘ၀ရဲ့ အရင်းနှီးဆုံး အချိန်တွေကို

Google Glass က မိမိကိုယ်စား မိမိတွေ့နေမြင်နေရသလို နောက်မှာ ပြန်လည်ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )
Smart Pro Journal

No comments:

Post a Comment