address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, December 29, 2013

ညောင်လေးပင်မြို့၌၂၀၁၄ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေကြီးဒေသကြီး ညောင်လေးပင်မြို့၌ ၂၀၁၄ ခုနှစ် လူဦးရေနှင့်လူအကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၂၇)ရက် နံနက်(၁၀)
နာရီအချိန်တွင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခမ်းမ၌ကျင်းပ သည်။ အခမ်းအနားတွင်မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသီဟံစိုး မှ အဖွင့်အမှာစကား ပြောကြားကာ၊ ခရိုင်သန်း ခေါင်စာရင်း ကော်မတီအတွင်းရေးမှူး၊
ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား
မှတ်ပုံတင်ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းမှ သန်းခေါင်စာရင်း လုပ်ငန်းစဉ်များကို မြို့နယ်/ ရပ်ကျေး သန်းခေါင် စာရင်းကော်မတီ ဝင်များအားရှင်းလင်းပြောကြာသည်။

အဆိုပါအခမ်းအနားသို့ မြို့မ(၂) ရပ်ကွက် မြို့မ(၅) ရပ်ကွက် နှင့်ရေဖြူကန်ကျေးရွာ အုပ်စုများမှ သန်းခေါင် စာရင်း ကော်မတီဝင်များ၊ အုပ်ချုပ်ရေး မှူးများ၊ နှင့်လုပ်သားပြည်သူ (၁၅၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

MOI

No comments:

Post a Comment